ယနေ့သာသနာကအမှတ်ရကျင်းပသောပွဲနေ့ရှင် ကားတိုင်တော်၏ စိန့်ဂျွန် ဒီဇင်ဘာလ (၁၄) ရက်

ယနေ့သာသနာကအမှတ်ရကျင်းပသောပွဲနေ့ရှင်

ကားတိုင်တော်၏ စိန့်ဂျွန် ဒီဇင်ဘာလ (၁၄) ရက်

မွေး – (၁၅၄၂)၊ ပျံလွန် – (၁၅၉၀)

ကားတိုင်၏စိန့်ဂျွန်အား (၁၅၄၂) ခုနှစ်၊ စပိန်နိုင်ငံ၊ အာဗီး လာမြို့ ၌မွေးဖွားခဲ့ပါသည်။ သူသည် (၁၅၆၃) ခုနှစ်တွင်၊ ကာမယ်လိုက် အ သင်းထဲသို့ဝင်ရောက်ခဲ့ပြီး၊ သူ၏ဆယ်ကျော်သက်ဘဝကိုခက်ခဲစွာကြိုးစားဖြတ်သန်းခဲ့ရပါသည်။ ရဟန်းသိက္ခာတော်ကိုခံယူရရှိပြီးနောက်များမကြာမည်တွင်အာဗီးလာမြို့မှစိန်ထရေးဇာနှင့်အတူလက်တွဲ ၍မိမိတို့၏ကာမယ် လိုက်အသင်း၏အ ခြေအနေကိုပြန် လည်မွမ်းမံထိန်း သိမ်းရန်အားထုတ် ကြိုးစားခဲ့ပါတော့ သည်။ ဤလုပ်ငန်း စဉ်သည်သူ့အားစိန် ခေါ် မူများစွာကြုံ တွေ့စေခဲ့ပါသည်။ ဝိညာဉ်ရေးအသက်တာနှင့်ဘုရားရှင်နှင့် ပေါင်းစပ်ခြင်း၏ နက်နဲချက်စာအုပ်သည်အထင်ကရဖြစ်စေသောသူ၏ စာအုပ်များဖြစ်ပါ သည်။ သူသည် (၁၅၉၁) တွင်ပျံလွန်တော်မူခဲ့ပြီး၊ (၁၇၂၆) တွင်ရဟ န္တာအဖြစ်တင်မြောက်ခြင်းကိုခံခဲ့ရပါသည်။

မှတ်ချက်။ ။မိမိအလိုကို၊ ငြင်းပယ်ခြင်းဖြင့်၊ ကိုယ်တော်နှင့်ပိုမိုနီးကပ်စွာ၊ ရှောက်လှမ်းနိုင်ရန်၊ ဆုတောင်းကြပါစို့။

rvamyanmar
rvamyanmar
Articles: 3759

Leave a Reply

Your email address will not be published. Required fields are marked *