
” အိမ်ထောင်ဦးစီးတစ်ယောက်ရဲ့ မိသားစုအပေါ် တာဝန်ရှိမှု တာဝန်ယူမှု ”
သီရိဂေဟာ အစီအစဉ် ဒီတစ်ပတ် သီရိဂေဟာ အစီအစဉ်မှာ
” အိမ်ထောင်ဦးစီးတစ်ယောက်ရဲ့ မိသားစုအပေါ် တာဝန်ရှိမှု တာဝန်ယူမှု ” အကြောင်းကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ် ။
Family Leader
ကျွန်မ ဒီနေ့ တင်ပြပေးချင်တဲ့ အကြောင်းအရာကတော့ အိမ်ထောင်ဦးစီးတစ်ယောက်ရဲ့ အခန်းကဏ္ဍမှာ မိမိ မိသားစုအပေါ် တာဝန်ရှိမှု တာဝန်ယူမှုတို့ပဲ ဖြစ်ပါတယ်။
ကျွန်မတို့ ငယ်စဉ်ဘဝတုန်းက ဖခင်ကပဲ အိမ်ထောင်ကို ဦးစီးကြတာပါ။ ဒါကြောင့်လည်း အိမ်ဦးနတ်လို့ ပြောကြလေ့ရှိခဲ့ပါတယ်။ ခေတ်ကာလတွေ ရွေ့လျောလာသလို ခုခါမှာ ဖခင်တွေက မိသားစုနဲ့ ဝေးကွာပြီး ကမ်းဝေးတဲ့ သင်္ဘောပေါ်မှာ တာဝန်သွားရောက်ထမ်းဆောင်ကြတာ။ ရေကြည်ရာ မြက်နုရာ နိုင်ငံရပ်ခြားမှာ သွားရောက်လုပ်ကိုင်ကြတာ။ မိသားစုနဲ့အတူ ရှိပေမယ့် နေ့မအား ညမအား အလုပ်တာဝန်တွေ ထမ်းဆောင်ကြတဲ့ ဖခင်တွေရှိသလို၊ ဖခင်မရှိတော့လို့ ဆုံးသွားလို့ အဲဒီလိုအကြောင်းတွေကြောင့် အိမ်မှာရှိနေတဲ့ မိခင်ကပဲ အိမ်တောင့်တာဝန်တွေကို ယူရင်း ဦးစီးတာဝန်ကို ယူရတာတွေလည်း ခုခါမှာ ရှိနေပါတယ်။ အမျိုးသားတွေအနေနဲ့ မိမိ အိမ်ထောင်ရဲ့ ခေါင်းဆောင်အဖြစ် ရပ်တည်ပြီး လုပ်ကိုင်လာရတာတွေ ရှိလာပါတယ်။
အဲဒီတော့ အိမ်ထောင်ဦးစီးဖြစ်လာပြီ။ ဖခင်ပဲဖြစ်ဖြစ် မိခင်ပဲဖြစ်ဖြစ် အိမ်ထောင်ကို ဦးဆောင် နိုင်စွမ်းရှိရတော့မယ်။ စိုးမိုးချယ်လှယ်ရတဲ့ တာဝန်တွေ ရှိလာပြီ။
မိမိသြဇာအရှိန်အဝါနဲ့ အခြေအနေအရပ်ရပ်ကို ပြုပြင်နိုင်တဲ့သူအဖြစ် ရပ်တည်ရတော့မယ်။
မိမိကိုယ်တိုင်က ကျန်းမာသန်စွမ်းတဲ့ ရုပ်လက္ခဏာရှိဖို့ လိုသလို စိတ်ခံစား ချက်ကအစ တည်ငြိမ်နေရမယ်။ မိသားစုဝင် တစ်ဦးစီရဲ့ စိတ်ခံစားချက်တွေကို အဆိုးကနေ အကောင်းဘက်ကို ရောက်အောင် စီစဉ်ပြုပြင်နိုင်စွမ်းရှိရမယ်။
ဘယ်လိုအန္တရာယ်တွေပဲ ကျရောက်ပါစေ။ မိသားစုဝင်အယောက်စီတိုင်းကို ကာကွယ်စောင့်ရှောက်နိုင်ရမယ်။ မိမိ မိသားစုတန်ဘိုးကို အခြေတကျဖြစ်အောင် တည်ဆောက်နိုင်ရမယ်။
ကိုယ့်ရိုးရာ ယဉ်ကျေးမှု မပျက်စီးအောင် ထိန်းသိမ်းပြီး မိသားစုကို တာဝန် ယူနိင်ရမယ်။
မိမိနဲ့ သက်ဆိုင်တဲ့နေရာမှာ မိမိက အမြဲရှိနေရမယ်။ ရပ်တည်နိုင်ရမယ့် သားသမီးတွေရဲ့ စံနမူနာ ယူလို့ရအောင် နေထိုင်ရမယ်။ အရာရာကို အစီအစဉ်တကျ လုပ်တတ်ရမယ်။
မိမိရည်ရွယ်ထားတာတွေကို Plan ချပြီး လုပ်ရမယ့် သားသမီးတွေအပေါ် တာဝန်ခံမှုနဲ့ တာဝန်ယူမှုတွေ ရှိရမယ်။
မိသားစုခေါင်းဆောင်ဆိုတာ သားသမီးတွေကို အပြုသဘောဆောင်တဲ့ အပြုအမူတွေရဲ့ အကျိုးတရားကောင်းတွေရအောင် ယူနိုင်ရမယ်။ ပတ်ဝန်းကျင်နဲ့လည်း ဒီအပြန်အလှန် အကျိုး သက်ရောက်မှုတွေရှိအောင် လုပ်နိုင်စွမ်း ရှိရပါမယ်။
Shape the future of children ဆိုသလို သားသမီးတွေရဲ့ အနာဂတ်ဘဝတွေကို ပုံဖော်နိုင် စွမ်းရှိရပါ့မယ်။
သားသမီးတွေရဲ့ စိတ်ခံစားချက်မှာ ဦးစီးဦးဆောင်တဲ့သူအဖြစ် ကျောက်တိုင်သဖွယ် တည်ရှိ နေရပါမယ်။ ဒါမှသာ သားသမီးတွေက ချမှတ်ထားတဲ့ စည်းကမ်းတွေကို လိုက်နာပြီး ပြုမူနေထိုင်ကြ မှာပါ။
သားသမီးတွေကို Both physical and emotion လုံခြုံအောင် ပြုလုပ်ပေးတယ်။ စီစဉ်ပေး တယ်ဆိုတာကို သူတို့က ခံစားရရှိပြီးတော့ စောင့်ကြည့်နေကြတာပါ။ ဒါကြောင့် သားသမီးတွေရဲ့ ဘဝက အိမ်ထောင်ဦးစီးပေါ်မှာ မူတည်ပြီး အရေးကြီးလှပါတယ်။
ဒါကြောင့်မို့ မိခင်ပဲဖြစ်ဖြစ် ဖခင်ပဲဖြစ်ဖြစ် အိမ်ထောင်ဦးစီးဆိုတာ
to lead
to seek
to protect
to pray and worship
လို့ ဆိုထားပါတယ်။
ကျွန်မဖတ်ဖူးတဲ့စာအုပ်တစ်အုပ်မှာ leaders are made. leaders are not born. ဆိုတဲ့ စကားအတိုင်း ခေါင်းဆောင်ဆိုတာ မွေးရာပါ ပါလာတာ မဟုတ်ပါဘူး။ ရှောင်လွှဲလို့ မရတဲ့ အခါမှာ ခေါင်းဆောင်တစ်ယောက်အဖြစ် ရပ်တည်လာရတာပါဆိုတာ တင်ပြရင်း နိဂုံးချုပ်ပါရစေ။
တင်ဆက် – ဒေါ်ဂျူလီယာ ကြူကြူခင် တည်းဖြတ် – ပေါလ် Photos Credit : Google Images #rvapastoralcare #Family #Family Leader #အိမ်ထောင်ဦးစီးတစ်ယောက်ရဲ့ မိသားစုအပေါ်တာဝန်ရှိမှုတာဝန်ယူမှု



