စိန့် ဂျူးဒ် (ခ) စိန့် ဿာဒီအူးစ် နှင့် စိန့် ဆိုင်းမွန်း (ဇေးလော့တ်)​

St. Jude or St.Thaddaeus and St. Simon the Zealot ​အောက်တိုဘာ ၂၈ ရက်

ဒီနေ့က စိန့် ဂျူးဒ် (ခ) စိန့် ဿာဒီအူးစ် နှင့် စိန့် ဆိုင်းမွန် (ဇေးလော့တ်) လို့ခေါ်တဲ့ သခင်ယေဇူးရဲ့ တပည့်တစ်ဆယ့်နှစ်ပါးထဲက နှစ်ပါးရဲ့ ပွဲနေ့ရက်ဖြစ်ပါတယ်။

​”စိန့် ဂျူးဒ်”ကို “စိန့် ဿာဒီအူးစ် (St. Thaddaeus)”လို့လဲ လူသိများပါတယ်။ သူဟာ “စိန့် ဂျိမ်းစ်(အငယ်)”ရဲ့ အစ်ကိုဖြစ်ပြီး၊ သခင်ယေဇူးနဲ့ ဝမ်းကွဲဆွေမျိုး တော်စပ်သူ‌ဖြစ်တယ်။ ရှေးခေတ်စာရေးဆရာ‌တွေက “စိန့် ဂျူးဒ်”ဟာ “ယုဒပြည်၊ ရှမာရီယားပြည်၊ အိုင်ဒူမဲယား၊ ဆီးရီးယား၊ မက်ဆိုပိုတီမီးယားနှင့် လိုင်ဗီးယားပြည်”တွေမှာ ဧဝံဂေလိတရားတော်ကို သွန်သင်ဟောကြားခဲ့တယ်လို့ မှတ်တမ်းတင် ရေးသားခဲ့ကြတယ်။

​”စိန့် ဂျူးဒ်” ဆိုသည်မှာ တပည့်တော်ကြီး “ယုဒအီးစ် ကာရုဒ်”လို့‌ခေါ်တဲ့ သခင်ခရစ်တော်ကို ဒင်္ဂါးပြားနဲ့ ရောင်းစားပြီး နောက်ဆုံးမှာ သူမှားခဲ့တဲ့ အမှားကြီးကြောင့် နောင်တကြီးစွာရ‌ခဲ့ပေမယ့်လည်း ဘုရားရှင်ရဲ့ သနားကြင်နာခြင်းနှင့် ခွင့်လွှတ်ခြင်းကိုယုံကြည်ဖို့ ကင်းမဲ့နေတဲ့ တပည့်တော်နဲ့ မတူပါဘူး။

​”စိန့် ဂျူးဒ်”ဆိုသည်မှာ နောက်ဆုံးညစာစားပွဲတော်မှာ သခင်ယေဇူးကို ရှင်ပြန်ထမြောက်ပြီး “ကိုယ်တော်သည် လောကီသားတို့အား မထင်ရှားဘဲ အကျွန်ုပ်တို့အား အဘယ်သို့ ထင်ရှားတော်မူမည်နည်း” လို့ မေးလျှောက်ခဲ့တဲ့ တပည့်တော်တစ်ပါး ဖြစ်ပါတယ်။

​သူ့ရဲ့ အကြောင်းကို အနည်းငယ်သာသိရပေမယ့် ဒဏ္ဍာရီပုံပြင်တွေအရ သူဟာ “ဘေရုဒ် (Beirut)” နှင့် “အက်ဒက်ဆာ(Edesa)” တွေမှာ ဧဝံဂေလိတရားတော်ကို သွန်သင်ဟောကြားခဲ့တယ်လို့ ဆိုကြပါတယ်။

​”ယူစီဘီးယူးစ် (Eusebius)”ရဲ့ အဆိုအရဆိုရင် “စိန့် ဂျူးဒ်”ဆိုသည်မှာ အေဒီ ၆၂ ခုနှစ်မှာ “ဂျေရုဆလင်”ကို ပြန်လာပြီး သူ့ရဲ့ ညီတော်ဖြစ်တဲ့ “စိန့် စိုင်းမွန် (ရှိမောင်)” ကို “ဂျေရုဆလင်”ရဲ့ ဆရာတော်အဖြစ် ရွေးကောက်တင်မြှောက်ခြင်းမှာ ပါဝင်ကူညီခဲ့တယ်လို့ သိခဲ့ရတယ်။

​ “စိန့် ဂျူးဒ်”ဟာ အရှေ့ပိုင်း အသင်းတော်တွေမှာ အထူးသဖြင့် ဂျူးဘာသာမှ ပြောင်းဝင်လာသူများထံ သမ္မာကျမ်းစာရေးသူဖြစ်ပြီး “ရှိမွန်နီးယန်း (Simonians)”၊ “နီကိုးလိုက်စ် (Nicolaite)”နှင့် “ညောစ်စတစ် (Gnostic)” စတဲ့ ဒိဋ္ဌိအယူအဆများကိုဆန့်ကျင်၍ လမ်းညွှန်ပေးသူဖြစ်ပါတယ်။

​”စိန့် ဂျူးဒ်”ဟာ “အာမေးနီးယား”မှာ တရားတော်အတွက် အသက်ပေးခဲ့ရပါတယ်။ “အာမေးနီးယား”မှာ တရားတော်ကို သွန်သင်ဟောကြားခဲ့ပေမယ့်လည်း အေဒီ ၃ ရာစုအထိ ဘာသာတရားတော်ကို မယုံကြည်ခဲ့ကြပါဘူး။

​၂၁ ရာစုအတွင်း “ပါရှားတိုင်းပြည်”မှာ ဘာသာတရားကို လက်ခံတဲ့သူမရှိတဲ့ ဒီ ဒိဋ္ဌိတွေကြားထဲမှာ “စိန့် ဂျူးဒ်”ဟာ လုသေမျောပါး အရိုက်အနှက်ခံခဲ့ရပြီး နောက်ဆုံး ခေါင်းဖြတ်သတ်ခံခဲ့ရပါတယ်။ သူ့ရဲ့ ဓာတ်တော်မွေတော်တွေဟာ “၁)ရောမမြို့ စိန့်ပီတာ ဘုရားကျောင်း၊ ၂)ရိမ်းစ်၊ ၃)ပြင်သစ်ပြည်ရှိ တူလူးစ်”တွေမှာ ဌာပနာထားပါတယ်။

​”စိန့် ဂျူးဒ်”ကို မျှော်လင့်ချက် ကင်းမဲ့နေတဲ့အခြေအနေမျိုးမှာ ခေါ်တကြပါတယ်။ ဘာလို့လဲဆို သူရေးသားတဲ့ ဓမ္မသစ်ကျမ်းထဲက ယုဒစာ‌စောင်ထဲမှာ ယုံကြည်သူတွေဟာ သူတို့ရဲ့ဘိုးဘေးတွေ သူတို့ရှေ့မှာ ပြုကျင့်ခဲ့သလို ခက်ခဲတဲ့ ပတ်ဝန်းကျင်၊ ခက်ခဲတဲ့ အခြေအနေတွေကြားမှာ မဆုတ်မနစ် လုံ့လထုတ်သင့်ကြောင်းကို လေးလေးနက်နက် ရေးသားခဲ့တာကြောင်းဖြစ်တယ်။

​ဒါကြောင့်မို့ သူ့ကို “မျှော်လင့်ချက်ကင်းမဲ့နေတဲ့ အခြေအနေမျိုး၊ မေ့လျော့နေသောအကြောင်းတရားများ၊ ဆေးရုံအမှုထမ်းများ၊ ဆေးရုံများ၊ မဖြစ်နိုင်သည့်အကြောင်းရင်းများ၊ ဆုံးရှုံးခဲ့ရသောအကြောင်းရင်းများ၊ စိန့်ပီတာစဘတ် (St. Pertersburg) နှင့် ဖလောရီဒါ”တို့ အားထားရတဲ့ ရဟန္တာတစ်ပါးဖြစ်ပါတယ်။

​သူ့ကို ခတ်တက်၊ ဓါး လှေ၊ လှေချိတ်၊ ပုဆိန်တစ်ခု သို့မဟုတ် စာအုပ်တစ်အုပ်ကိုင်ထားတဲ့ မုတ်ဆိတ်မွှေးနဲ့ လူပုံအဖြစ် သရုပ်ဖော်လေ့ရှိပါတယ်။ သူရဲ့ ပုံတော်အားလုံးနီးပါးမှာ သခင်ယေရှုရဲ့ ပုံပါရှိသောတံဆိပ်ကို ဝတ်ဆင်ထားတာတွေ့ရပါတယ်။ ဒီ့အပြင် သူဟာ များသောအားဖြင့် သူ့ရဲ့ခေါင်းပေါ်မှာ မီးလျှံလေးတစ်ခုရှိပြီး ဘောပင်တစ်ချောင်း ကိုင်လေ့ရှိပါတယ်။

​ကက်သလစ်အသင်းတော်က သူ့ပွဲနေ့ကို အောက်တိုဘာ ၂၈ ရက်၌၎င်း၊ ဇွန်လ ၁၉ ရက်တွင် အရှေ့ပိုင်းအသင်းတော်တွေမှာ ကျင်းပလေ့ရှိပါတယ်။

​ဇေးလော့တ်(ခ) စိန့် ရှိမုန်(ဆိုင်းမွန်း)

​ ​Pentecost အလွန် ကာလခန့်မှာသာ “‌ဇေးလော့တ်” လို့ခေါ်တဲ့ “စိန့် ရှိမုန်”ရဲ့ဘဝကို အနည်းငယ်သာ သိရပါတယ်။ သူဟာ “အီဂျစ်ပြည်”မှာ ဧဝံဂေလိတရားတော်ကို ဟောကြားသက်သေခံခဲ့ပြီးနောက် “ပါရှား”ရှိ “စိန့် ဂျူးဒ်”နှင့်အတူ ပူးပေါင်းခဲ့ကြပါတယ်။ နောက်ပိုင်းမှာ တရားတော်ကြောင့် သူ့ကို လွှတစ်ချောင်းဖြင့် ထက်ခြမ်းခွဲဖြတ်ခံရတာကြောင့် သူ့ကိုပုံဖော်တဲ့အခါ လွှပုံပါလေ့ရှိပါတယ်။ ၄ ရာစုမှ St. Basil the Great က‌တော့ “စိန့် ရှိမုန်”ဟာ “အက်‌ဒီဆာ (Edessa)” မှာ ငြိမ်းချမ်းစွာသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ကြယ်စင်လေး (SJA) Ref: CNA

rvamyanmar
rvamyanmar
Articles: 1121

Leave a Reply

Your email address will not be published. Required fields are marked *