ယေဇူးသခင်ရဲ့တပည့်တော်ကြီး_ဆယ်နှစ်ပါးအမည်များနှင့်_အနက်အဓိပ္ပာယ်များ

ယေဇူးသခင်ရဲ့တပည့်တော်ကြီး_ဆယ်နှစ်ပါးအမည်များနှင့်_အနက်အဓိပ္ပာယ်များ

၁။ မြန်မာလို ‘ပေတရု၊’ အင်္ဂလိပ်လို ‘ပီတာ’ (Peter) ဟုခေါ်သော အမည်သည်၊ ဂရိစကားလုံး ‘ပေးထရော့စ်’ (Petros) မှဆင်းသက် လာခဲ့သည်။ အနက်အဓိပါယ်မှာ ‘‘ကျောက်’’ (rock) ဖြစ်သည်။ ယေဇူး သခင်ကသူ့ အား ‘ဆေဖာ’ (Cephas) ဟုအမည်သစ်ပေးခဲ့သည်။ ထိုအမည်မှာလည်းအရာမိုက်စကားအရ ‘ကျောက်’ (Stone) ဟုဆိုလိုသည်။

၂။ မြန်မာလို ‘အန်ဒရူး၊’ အင်္ဂလိပ်လို့ ‘Andrew’ ဟုခေါ်သောအမည် မှာဂရိလို ‘အန်ဒရေးအာစ့်’ (Andreas ဟုခေါ်ပါ သည်။ ၄င်းသည်ဂရိ စကားလုံး ‘အန်ဒရေးအီးအောစ့်’ (Andreios) မှဆင်းသက်လာခဲ့သည်။ ဆိုလိုရင်းမှာ ယောကျ်ားပီသခြင်း ၊ ယောကျာင်္းဆန်ခြင်း ဟုဆိုလိုသည်။

၃။ မြန်မာလို ‘ဟောဟန်’ အင်္ဂလိပ်လို John ဟုခေါ်သောအမည် မှာဟေ ဘရူးစကား ‘ယိုချာနန်’ (Yochanan) မှဆင်း သက်လာခဲ့သည်။ ဆိုလို သောအနက်မှာ ဘုရားသခင်သည်ကောင်းမြတ်တော်မူသည် ဟုဆိုလို သည်။

၄။ မြန်မာလို ‘ဘာသိုလိုမေအို’ အင်္ဂလိပ်လို့ Bartholomew ဟုခေါ်သော အမည်မှာဂရိစကားဖြစ်သော်လည်းအရာ မိုက်အမည် ‘ဘာသိုလို မိုက်အော့စ်’ (Bartholomaios) မှဆင်းသက်လာသည်။ အဓိပါယ်မှာ ထယ်ထိုးသူရဲ့သား ဟုဆိုလိုသည်။

၅။ မြန်မာလို ‘ယုဒ’ အင်္ဂလိပ်လို Jude ဟေဘရူးစကား ‘ယေဟူဒ’ (Yehudah) မှဆင်းဆက်လာပြီး၊ အဓိပါယ်မှာ ချီးမွှမ်းခြင်း ဟုဆိုလိုသည်။ ယေဇူးသခင်ကိုရောင်းစားခဲ့သော ယာကုပ်အီစကာရုဒ်၏အမည်သည်လည်းထို့ အတူဖြစ် ပါသည်။

၆။ မြန်မာလို ‘ဖိလစ် အင်္ဂလိပ်လို Philipp သည်ဂရိစကားလုံး ‘ဖိလိပိုစ့်’ (Philippos) မှဆင်းသက်လာပြီး၊ အဓိပါယ်မှာ မြင်းရဲ့မိတ်ဆွေ ဟုဆို လိုသည်။

၇။ မြန်မာလို ‘မာတေဦး’ အင်္ဂလိပ်လို Matthew သည်ဂရိ စကားဖြစ်သော် လည်းအာရာမိုက်အမည် ‘မာသိုင်အော့စ်’ မှဆင်းသက်လာပြီး၊ အဓိပါယ်မှာ ဘုရားသခင်ရဲ့လက်ဆောင်တော် ဟုဆိုလိုသည်။

၈။ မြန်မာလို ‘သောမတ်စ်’ အင်္ဂလိပ်လို့ Thomas သည်အာရာ မိုက်အ မည်ဖြစ်ပြီး ‘တာအိုမာ’ (Ta oma) မှဆင်းသက်လာခဲ့သည်။ အဓိပါယ်မှာ ‘အမွှာ’ ဟုဆိုလိုသည်။ အမွှာရှိ၍လောဆိုသည်မှာမသေချာပေ။

၉။ မြန်မာလို ‘စီမွန်’ အင်္ဂလိပ်လို Simon ဟေဘရူးအမည် Shim’on မှ ဆင်းသက်လာကာ ‘နားထောင်သည် သို့မဟုတ် “သူကြားရသည်” ဟုဆိုလိုသည်။

၁၀။ မြန်မာလို ‘ယာကုပ်’ အင်္ဂလိပ်လို Jacob သည်ဟေဘရူးစကားလုံး Ya aqov မှဆင်းသက်လာသည်။ နောက်လိုက်သူ ဟု အဓိပ္ပာယ်ရသည်။ ဤအမည်သည် ဓမ္မမဟောင်းကျမ်းမှ အီစ္စရေး တို့ ၏ဘိုးအေသက်ကြီးဝါကြီး ‘ယာကုပ်’ ၏အမည်ဖြစ်သည်။ ယေဇူးသခင် ၏တ ပည့်တော် (၁၂) ပါးတွင်နာမည်တူသောတပည့်တော်နှစ်တွဲ ရှိပါသည်။ ကျန်ယာကုပ် အငယ်၏အမည်မှာလည်း ထို့ အတူပင်ဖြစ်သည်။

Credit, Roman Catholic page

Photo from ChurchPOP (CatholicLink)

rvamyanmar
rvamyanmar
Articles: 2823

Leave a Reply

Your email address will not be published. Required fields are marked *