စိန့်ထရေဇားပွဲနေ့
# စိန့်ထရေဇားပွဲနေ့
အောက်တိုဘာ(၁):
ရဟန္တာထရေဇား၏ လမ်းစဉ်ကိုလိုက်ကျင့်ရင်း သူမ၏နာမည်ကိုခံယူသူများနှင့်အသင်းဂိုဏ်းများအားလုံးကို Happy Feast Day to you All! လို့ နှုတ်ဆက်လိုက်ပါတယ်။
ကျွန်ုပ်တို့ ခရစ်ယာန်တွေ အားလုံးရဲ့ အဓိကပန်းတိုင်က ရဟန္တာ ဖြစ်ဖို့ပါ။ ဘယ်လိုလူတွေကို ရဟန္တာလို့ ခေါ်တာလဲ။ လောကမှာ သူတို့ယုံကြည်တဲ့အတိုင်း ပါရမီတွေနဲ့ နေထိုင်ပြီး သေဆုံးတဲ့ တစ်နေ့ ကောင်းကင်နိုင်ငံမှာ ဘုရားရှင်နဲ့အတူ စံစားနေကြသူတွေကို ရဟန္တာ လို့ခေါ်ပါတယ်။ ဒါကြောင့် သူတို့ဟာ ကျွန်ုပ်တို့ အတုယူ စံပြုထိုက် သူတွေ ဖြစ်တယ်။
သူတို့က ကျွန်ုပ်တို့အတွက် ကောင်းကင်ကနေ ကူညီဆုတောင်း ပေးနေကြပါတယ်။ ဒါကြောင့် တပည့်တော်ကြီး သံဃာတော်တို့ စီရင်ရေးထားကြသော ယုံကြည်ခြင်းအချုပ်မှာ”… #သူတော်သူမြတ်အပေါင်းတို့သည်_တစ်လုံးတစ်ဝတည်းဖြစ် ၍ # အချင်းချင်းအကျိုး_ကုသိုလ်တို့ကို_ခံစားရကြောင်း …ယုံကြည်လေးမြတ်ခြင်းရှိပါ၏”လို့ ဆုတောင်း ကြပါတယ်။ ရဟန္တာတွေ လောကမှာ အသက်ရှိနေထိုင်စဉ် ပါရမီတစ်မျိုးစီ ထူးထူးခြားခြား ကြိုးစား ကျင့်ခဲ့သူတွေ ရှိသလို၊ နေ့စဉ်အလုပ်တွေကို ချစ်ခြင်းမေတ္တာ အပြည့်ထားပြီး ရိုးရိုးလေး ကျင့်ကြံ အားထုတ်ရင်း ရဟန္တာ ဖြစ်သွားခဲ့သူတွေလည်း သူတို့သမိုင်းကနေ ဒူးနဲ့ဒေ့ တွေ့မြင်နိုင်ပါတယ်။
ဒီနေ့ဟာ ရဟန္တာ ထရေဇားရဲ့ ပွဲနေ့ ဖြစ်တာကြောင့် သူမရဲ့ ထူးခြားတဲ့ ပါရမီကျင့်စဉ်တွေ့ လေ့လာ အတုယူပြီး ၀ိညာဥ် အဟာရ ယူကြပါစို့…
(၁)။ ဘုရားသခင်ကို ချစ်တဲ့စိတ်နဲ့ သူမရဲ့ ဆုတောင်းခြင်း၊ သေးငယ်အရာများကိုပင်ချစ်ခြင်းမေတ္တာ အပြည့်နဲ့ လုပ်ဆောင်ခဲ့ပါတယ်။ “Do little things with great love.”
(၂)။ သူမ သဘောမကျသူ၊ မကြိုက်သူတွေနဲ့ အနီးကပ်ဆုံး ကြိုးစားနေထိုင်ပြီး အတင်းပြောခံရချိန်မှာလည်း ဘာမှမတုန့်ပြန်ဘဲ နှုတ်ဆိတ်နေခဲ့တယ်။ သည်းခံခွင့်လွတ်ခဲ့တယ်။
(၃) အသက်(၁၅)နှစ်အရွယ်မှာ သူ့အစ်မ သီလရှင်နှစ်ပါးနေထိုင်တဲ့ Carmelite သီလရှင် အသင်းဂိုဏ်း ၀င်ခွင့်ကို ပုပ်ရဟန်းမင်းကြီး လေအို (၁၃)ထံမှ တောင်းခံ ရရှိခဲ့တယ်။ သူမရဲ့ စိတ်အားထက်သန်မှုက လေးစားအတုယူ စရာပါ။
(၄)။ သာသနာပြု သွားဖို့၊ တမန်တော်တွေလို သတင်းကောင်းဝေငှဖို့နဲ့ တရားတော်အတွက်အသက်ကိုပင်စတေးဖို့ သာသနာပြုစိတ် ထက်သန်ခဲ့သူ ဖြစ်တယ်။ She always dreamed of being a missionary, an apostle, and a martyr.
(၅)။ သူမရေးသားခဲ့တဲ့ အတ္ထုပ္ပတ္တိ “History of a Soul” စာအုပ်ဟာ လူထောင်သောင်းများစွာကို လွှမ်းမိုးနိုင်ခဲ့ပြီး သူမရဲ့ ကျင့်စဉ်ကို ကြိုးစား လိုက်စဉ်သူတွေ အများကြီးရှိနေပြီဖြစ်တယ်။ သူမလို့ပဲ ကြိုးစားရင်း စာရေးထားနိုင်ပါတယ်။ “ကျွန်မရဲ့ဟာ ချစ်ခြင်းမေတ္တာပြဖို့ ခေါ်တော်မူခြင်း ခံရပါတယ်” လို့ပြောခဲ့ပါတယ်။ (…my vocation is love!)
{ရဟန္တာ ထရေဇားလို သေးငယ်အရာတွေကို ချစ်ခြင်းမေတ္တာ အပြည့်နဲ့ လုပ်ဆောင်ရင်း သူမရဲ့ ပါရမီများကို လိုက်ကျင့်ကြံ အားထုတ်နိုင်ကြပါစေ။ ဝိညာဥ်အဟာရ တိုးပွားနိုင်ကြပါစေ။ အာမင်။}
Happy Feast day to All Sisters’ Communities of St. Therese (of Litter Way & of Litter Flower) and those who bear the name of St. Therese, little flower of Christ.
St_Therese_of_the_Child_Jesus
St_Theresa_of_Lisieux
St_Theresa_of_the_Litter_Flower.. Pray for us. Amen.