ယောက္ခမနဲ့ သားမက်ဆက်ဆံရေး

Between Father and Son in Law

            ဒီနေ့မှာ ယောက္ခမနဲ့ သားမက်ဆက်ဆံရေးအကြောင်း တင်ပြပေးချင်ပါတယ်။

            လူ့ဘုံလောကမှာ Father in law ယောက္ခမနဲ့သားမက်တို့ဟာ မတူကွဲပြားခြားနားတဲ့ ပုံစံတွေနဲ့ relationship ကို ကြိုးစားပြီး တည်ဆောက်ကြရတာပါ။ ကျွန်မတို့တတွေ ဒီလိုဖြစ်ရပ်တွေ ကြားနေမြင်နေကြပါ။ တစ်ခါတစ်လေလည်း ဒီအဖြစ်အပျက်တွေက ဟာသသဘောဖြစ်သွားပေမဲ့ တစ်ခါတစ်လေကျပြန်တော့ သားမက်နဲ့ ယောက္ခမချစ်တာနဲ့ ဂရုတစိုက်ပြုစုစောင့်ရှောက်တဲ့ သဘောတွေလို့လည်း တွေးကြည့်လို့ရပါတယ်။

            များသောအားဖြင့်ကတော့ သားမက်နဲ့ ယောက္ခမက အတူတွဲရှိနေကြတာ သိပ်မရှိကြပါဘူး။ ဒါပေမယ့်ရဲ့ယောက်ခမတည့်အောင်တော့ နေကြရမှာပေါ့နော်။

            အဲ့ဒီတော့ သားမက်တစ်ယောက်အနေနဲ့ ဒီ  Relationship  ကို ခိုင်မြဲအောင်တည်ဆောက် ရတော့မယ်။ ခိုင်မြဲဖို့အတွက် ရည်ရွယ်ပြီဆိုတာနဲ့ ယောက္ခမကို ရိုသေလေးစားမှုကို အရင်ဆုံး ပေးရ တော့မယ်။ အမြဲသိထားဖို့က သူဟာ ဇနီးရဲ့ ဖခင်ဖြစ်တယ်။ ဖခင်တစ်ယောက်ဖြစ်ပေမယ့် မိခင် တစ်ယောက်လိုပဲ သားမက်အပေါ်  သဘောထားဆက်ဆံတယ်။ ဒါကြောင့်မို့ သူကို ကိုယ့်ရဲ့အဖေလို သဘောထားပြီး အမြဲရိုသေလေးစားမှုပေးရမှာပါ။ သားမက်တယောက်ရဲ့ အခုလို ရိုသေလေးစားမှု ပေးတာကို အသိအမှတ်ပြုပြီး သားမက်ကိုလည်း သူ့သမီးကို ချစ်သလို သားမက်ကိုလည်း ချစ်လာမှာပါ။

            သားမက်တစ်ယောက်အနေနဲ့ တန်ဖိုးသိပ်မရှိပေမယ့် ယောက္ခမကြိုက်တဲ့ လက်ဆောင်မျိုး လေးပေးပေးပါ။ သူ့သမီး ကိုယ့်ရဲ့ ဇနီးအနားမှာ ဦးစားပေး အမြဲရှိနေပေးပါ။ ဇနီးသယ်ကို ကြင်နာယုယမှုတွေ အမြဲပေးပါ။ မိမိကိုယ်ထက် ယောက္ခမကို အလေးပေး အရိုအသေပေးပါ။ လူ တစ်ယောက်ကို အရိုအသေပေးတာဟာ သူ့စိတ်ခံစားချက်ကို ကောင်းစေပြီး၊ relationship ကို ပိုကောင်းစေပါတယ်။ မိမိ မိသားစုကို relationship လုပ်ရပြီး တာဝန်ယူရပါ့မယ်။ ယောက္ခမဆီကို လည်း မကြာခဏသွားရောက်တွေ့ဆုံတာမျိုး တမင်သိအောင် လုပ်ဆောင်ပေးပါ။ Be Greatful for him ပေါ့နော်။ ယောက္ခမ မကြိုက်နှစ်သက်တဲ့ စကားမျိုး ထိခိုက်မဲ့ အပြုအမူမျိုးတွေ ရှောင်ရမယ်။ ကောင်းတဲ့အကြံဉာဏ်ကောင်းတွေ ပေးနိုင်တဲ့ သားမက်မျိုးဖြစ်ရပါ့မယ်။ ဒါပေမယ့် မရမကလုပ် ဆောင်တာမျိုးကိုတော့ ရှောင်ရမှာပေါ့နော်။ ဆဲရေးထိုင်းထွာတာတွေမပြုလုပ်ပဲ သည်းခံပေးနိုင်ရပါ မယ်။ အမြဲသတိထားရမှာက သူဟာ ငါဖခင်တစ်ယောက်ဆိုတာပါပဲ သားမက်အတွက် ဖခင်နေရာမှာ ရှိနေတဲ့သူ ကိုယ့်ဖခင်အရင်းကို ရိုသေလေးစားမှုပေးနိုင်သလို ယောက္ခမကိုလည်း လေးစားမှု ပေးနိုင် ရပါမည်။ ဒီယောက္ခမကလည်း သူကို အခုလို ဆက်ဆံတယ်ဆိုတာကို သိတဲ့အတွက် သားမက်ကို အသိအမှတ်ပြုမယ်။ ပြီးတော့ သားတစ်ယောက်လို သူပြန်လည်မြင်လာပါလိမ့်မယ်။ ဒါကိုတော့ သားမက်တစ်ယောက်အနေနဲ့ အထူးပဲ သတိထားရပါမယ်။

            ကိုယ့်ဇနီးနဲ့အတူ သူ့ဖခင်ကို အရိုအသေပေးတာဟာ အဓိကသော့ချက်ပါပဲ။ ကန်သတ်ချက် boundries limit တော့ ထားရမှာပေါ့နော်။ ဇနီးသည်ကနေတဆင့် မဟုတ်ပဲ မိမိကိုယ်တိုင် တိုက်ရိုက်ဆက်ဆံပါ။ Communicate လုပ်ပါ။ သားမက်တစ်ယောက်အနေနဲ့ မိမိကိုယ်မိမိ သိနေရ မယ်။ ရင့်ကျက်ဖို့တော့လိုပါတယ်။

            ယောက္ခမတစ်ယောက်အနေနဲ့ကတော့ ကိုယ့်ရဲ့သားသမက်ကို ရင်ဖွင့်ပြီး ကြိုဆိုရပါမယ်။ Welcome your son in law with open arms သိသာအောင်ပြရပါ့မယ်။ မိဘအများစုကတော့ ကိုယ့် သမီးနဲ့ ပတ်သက်လာလို့ သားတစ်ယောက်လို လက်ခံကြတာများပါတယ်။ ကိုယ့်သမီးက ရွေးချယ်ထားတဲ့သူကို လိုလိုလားလားလက်ခံကြ၊ အသိအမှတ်ပြုကြတာတွေ တွေ့ရပါတယ်။ ယောက္ခမတစ်ယောက်အနေနဲ့ မိသားစုဝင်တစ်ဦးတိုးလာတာကို တန်ဘိုးရှိစွာ လက်ခံပေးရမှာပါ –

            တစ်ခါတစ်လေကျတော့လည်း သားမက်ဆိုးတွေရှိတတ်ပါတယ်။ မိသားစုရဲ့ အေးချမ်း သာယာမှုကို ပျက်စီးစေပါတယ်။ သားမက်ဆိုးတယ်ဆိုရင်တော့ ယောက္ခမတစ်ယောက်အနေနဲ့ စိတ်ရှည်သည်းခံပြီး သားက ဒီမိသားစုကို ကာကွယ်စောင့်ရှောက်ရမဲ့သူ မိသားစုရဲ့ အားကိုးရမဲ့သူ ဒီမိသားစုတစ်ခုလုံရဲ့ အချစ်တွေရမဲ့သူ၊ အချစ်တွေလည်း ရရှိနေတဲ့သူဖြစ်လို့ စိတ်လိုက်မာန်ပါမလုပ်ပဲ မိသားစုတစ်ခုလုံးကို တည်တည်ငြိမ်ငြိမ်နဲ့ ကြိုးစားပြီး ထိန်းသိမ်းစောင့်ရှောက်ပါ’’လို့ ယောက္ခမ တစ်ယောက်အနေနဲ့ တိုက်တွန်းချင်ပါတယ် ဆိုတာ တင်ပြရင်း နိဂုံးချုပ်ပါတယ်။         

rvamyanmar
rvamyanmar
Articles: 2818

Leave a Reply

Your email address will not be published. Required fields are marked *