” ချစ်ခြင်းတရားမှာရှိတဲ့ အချစ် “

     Learned Language

            ဒီနေ့မှာ ချစ်ခြင်းတရားမှာရှိတဲ့ အချစ်ဆိုတဲ့အရာကို ရအောင် သင်ယူကြရအောင်ပါဆိုတဲ့ အချစ်အကြောင်း နည်းနည်းမျှဝေပေးချင်ပါတယ်။

            လူများစုကတော့ အချစ်ဆိုတာ သင်ယူလို့ရတဲ့အရာလားလို့ ထင်ကြမှာပဲ ဒါပေမယ့် အချစ်ဆိုတဲ့ ချစ်ခြင်းတရားက သင်ယူလို့ရတဲ့ learned language ဖြစ်နေလို့ပါပဲ။

            တချို့သော သူတွေဆိုရင် အချစ်လိုချင်ကြတယ်။ ဒါပေမယ့် မရကြဘူး။ ဘာဖြစ်လို့လဲ။

            အဲဒီတော့ အချစ်ကို ရချင်ရင် အချစ်အကြောင်းသင်ခန်းစာတခုလို သင်ယူကြရတော့မှာပါ။

            သင်ယူချင်တယ်ဆိုရင်တော့ မိမိကိုယ်တိုင်ကစပြီး အချစ်ဆိုတာဘာလဲ။ စနစ်တကျရှာဖွေ ရတော့မယ်။ အချစ်ခံချင်တဲ့ သူတယောက်ဖြစ်ဖို့ ဘာအရည်အသွေးတွေလိုလဲ။ ချစ်ခြင်းတရား တခုရဖို့အတွက် အချစ်ကို ဘယ်လို ဖွံ့ဖြိုးအောင် တည်ဆောက်ယူမလဲ။

            လူတိုင်းမိမိပင်ကိုယ်မှာ အချစ်စွမ်းရည်တွေရှိပြီးသားပါ။ ဒါပေမယ့်လို့ အချစ်စွမ်းရည်တွေကို အကောင်အထည်ဖော်နိုင်ဖို့ကတော့ မိမိကိုယ်တိုင် ကြိုးစားပြီး ဖော်ဆောင်ရမယ်။ ဒီလိုဖော်ထုတ် ရလို့ ဒုက္ခ တခုလို့ကတော့ မသတ်မှတ်သင့်ပါဘူး။ မိမိက အချစ်ကို လိုချင်နေတာလေ။

            အချစ်ဆိုတဲ့ အဓိပ္ပာယ်ကတော့ လူတယောက်ကို ရှာဖွေတာ မိမိကို တဦးတယောက်က အကောင်းဆုံးလို့မြင်ပြီး အဲဒီမြင်တာကို မိမိက ပိုကောင်းသထက်ကောင်းအောင် စိန်ခေါ်တာပဲ မဟုတ်လား။

            အချစ်ဆိုတဲ့ အဓိပ္ပာယ်ကလည်း ကိုယ့်ဘေးပတ်ဝန်းကျင်က အရာအားလုံးဘာတွေပဲ ဖြစ်နေပါစေ။ ကိုယ့်မှာချစ်တဲ့သူတယောက်ရှိတယ်ဆိုတဲ့အသိက အလိုအလျောက် အားရှိစေတယ်။ အားတက်စေတယ်။ confident ရှိစေတယ်။ မိမိရဲ့ အတွင်းစိတ် စိတ်ခံစားမှုကောင်းစေတယ်။ မိမိ ချစ်တဲ့သူကို မိမိက အားအထားဆုံး ယုံကြည်မှု အရှိဆုံးကိုယ့်အနားမှာ ရှိနေတဲ့အတွက် စိတ်သက်တောင့် သက်သာဖြစ်စေပါတယ်။

            အခုလိုချစ်ခြင်းတရားရဖို့ အချစ်မှာ ပွင့်လင်းမှုတွေရှိရမယ်။ ကိုယ့်ရဲ့လက်တွဲဖော်အပေါ်မှာ မိမိရဲ့ အပြစ်အနာဆာတွေကို ပွင့်ပွင့်လင်းလင်း ဖွင့်ဟနိုင်ရမယ်။ နောက်ပြီး တဖက်သားရဲ့အယူအဆ တွေအပေါ်မှာ အလွန်အမင်း အားထားမှီခိုတာ မဖြစ်ဖို့ အရေးကြီးပါတယ်။ ဒါဟာ ကိုယ့်ရဲ့တဦးတည်းသော စိတ်တူကိုယ်တူအဖော် We have only one soul mate ပေါ့နော် ပဲရှိတာပါ။

            တခုသတိထားရမှာက ကိုယ့်လက်တွဲဖော်ကို ကိုယ်စံထားသလို ဖြစ်မလာရင်လည်း စိတ်ကြိုက် စံနှုန်းတွေသတ်မှတ်ပြီး စံထားလွန်းရင်လည်း အခန့်မသင့်ရင် disappointed  စိတ်မချမ်း မသာ ဖြစ်နိုင်ပါတယ်။

            ဒါဆိုရင်မိမိအတွက် အကောင်းဆုံး ဘယ်လိုရွေးချယ်မလဲ။ ကိုယ်ဘယ်လို အချစ်တွေ သင်ယူမလဲ။ ဒီအချစ်ကမ္ဘာလေးမှာ ဘယ်လိုနေမလဲ။

            ဟိုးအရင်တုန်းကတော့ ကိုယ်ရွေးချယ်တဲ့ partner ကလက်ထပ်ရမဲ့အရွယ် အချိန် ရောက်ပြီး တဘက်မိဘတွေကလည်း ကန့်ကွက်တာမရှိဘူး။ ရိုးသားတယ်။ စာနာတက်တဲ့ စိတ်မျှဝေခံစား တတ်တဲ့  စိတ်နေသဘောရှိတယ်။ တခြားသူတွေထက်စာရင် ဒီလိုအရည်အချင်း တွေရှိရင် ရွေးချယ်ပြီး ဘဝတခုကို ထူထောင်ကြမယ်။ ဒီလိုအရည်အသွေးတွေရှိတဲ့ သူအချင်းချင်း အသိအမှတ်ပြုကြ အရိအသေ respect ပေးကြ။ ဒီလိုဆွဲဆောင်မှုတွေနဲ့ ဘဝကိုတည်ခဲ့ကြတယ်။ မိမိကိုယ်မိမိလည်း ငါက ဒီလို level ရှိတဲ့ သူကို ရွေးချယ်ခဲ့တာ မှန်ကန်တယ်ဆိုပြီး မိမိစိတ်မှာ သက်တောင့်သက်သာ စွာနဲ့ showing life closely ဖြစ်ခဲ့ကြတာပါ။ အသေချာဆုံးက ကိုယ့်စိတ်ကြိုက်ဆွဲဆောင်မှုက relationship မှာ ကနဦးအင်မတန်အရေးကြီးပါတယ်။

            တဦးတယောက်ကို အစဦးစိတ်ခံစားချက်အနေနဲ့ ချစ်ခြင်းကို စလို့ရပါတယ်။ အဲဒီကနေစပြီး we learn to fall in love ပေါ့နော်။ အဲဒီလို ကနဦး ဆွဲဆောင်ချက်တွေနဲ့ relating မှာ ကြာရှည်မယ့် တည်မြဲမယ်လို့တော့ တွေးလို့ရသလား။

            ဒါပေမယ့် ပြီးပြည့်စုံတဲ့သူ ဆိုလိုတာက မိမိစံထားလောက်တဲ့သူနဲ့ကတော့ relationship ဖြစ်ဖို့ကတော့ အင်မတန်ခဲယဉ်းပါတယ်။ ဒါပေမဲ့လို့ မိမိပတ်ဝန်းကျင်မှာ ကြိုတင်စဉ်းစားပြီး တဖြည်းဖြည်းဖန်တီးယူလို့ရနိုင်တဲ့ lasting love တွေရှိပါတယ်။ အဲဒီအချစ်တွေနဲ့ မိမိကပဲ တည်ဆောက်ပြီး ကိုယ်ချစ်တဲ့သူဆီကနေလည်း ချစ်ခြင်းတရားကို သင်ယူတဲ့ learned language တွေကို သင်ယူရင်ရပါတယ်ဆိုတဲ့ message ပေးရင်း ရပ်နားခွင့်ပြုပါ။

တင်ဆက် – ဒေါဂျူလီယာ ကြူကြူခင်

တည်းဖြတ် – ပေါလ်

photos Credit – Google Images

#Love #learnedlanguage #partner #Message

rvamyanmar
rvamyanmar
Articles: 2818

Leave a Reply

Your email address will not be published. Required fields are marked *