ဘာသာရေးဆွေးနွေးရာ

ဘာသာရေးဆွေးနွေးရာ
—————————–
ဘာသာရေး ဒါမှမဟုတ် မိမိယုံကြည်ကိုးကွယ်ရာဟာ အခြားသူနဲ့ ယှဉ်ပြိုင်ငြင်းခုံရမယ့် အရာလုံး၀မဟုတ်ပါ။ ဘာသာရေးနဲ့ပတ်သက်ပြီး ဘယ်တော့မှ အငြင်းအခုံမလုပ်နဲ့။ ဘာသာရေးဆိုတာ သင်ရိုးတန်းထဲက ဘာသာရပ်တစ်ခုမဟုတ်ပါဘူး။ မိမိကိုယ်တိုင် ယုံကြည်သက်၀င်လား၊ မယုံကြည်ဘူးလားဆိုတာကို အရင်စဉ်းစားတွေးခေါ်ပါ။ မိမိယုံကြည်တဲ့ အရာကိုလည်း မိမိနားလည်နေအောင် လုပ်ပြီးမှ မိမိနားလည်တာကို မိမိယုံကြည်ပါ။ တကယ်ဆိုရင် ဘာသာတရားတိုင်းဟာ ကျယ်ပြန့်လွန်းလို့ ကိုယ့်ယုံကြည်ခြင်းကို ကိုယ့်အသိညဏ်နဲ့ မှီအောင်ပင် မနဲလိုက်နေရတာပါ။ ဘယ်မှာ ပြိုင်ဆိုင်ဖို့ အချိန်ရှိပါသလဲ။

ဘာသာရေးဆွေးနွေးတယ်ဆိုရင်လည်း ကိုယ့်ကိုယ်ကိုအရင်ဦးဆုံးသေချာအောင်လုပ်ပါ။ ကိုယ့်ဘာသာတရားအကြောင်းကိုပင် ရှုထောင့်မျိုးစုံနဲ့ ပြန်လည်သုံးသပ်ပြီး အတွင်းကျကျ သိနေဖို့လိုပါတယ်။ ဘာသာတရားတစ်ခုအတွင်းမှာပဲ မိမိရဲ့သြတ္တပစိတ်ဟာ ပုံသွင်းခံထားခဲ့ရရင် အဲဒီထဲက အရင်လွတ်မြောက်အောင်လုပ်ပါ (ဆိုလိုချင်တာက အမြင်ကျယ်အောင် အရင်လေ့လာပါ။) ပြီးမှ ဆွေးနွေးဝုိင်းထဲ ၀င်ခဲ့ပါ။ တခြားဘာသာတွေနဲ့ ဆွေးနွေးတယ်ဆိုတာ ပြိုင်ဖို့မဟုတ်ပါဘူး။ အမှန်တရားကို ကျယ်ကျယ်ပြန့်ပြန့်သိနိုင်အောင် အတူတကွ လက်တွဲအဖြေရှာ ကြိုးစားခြင်းသာ ဖြစ်သင့်ပါတယ်။ ဒီတော့ အခြားဘာသာတွေရဲ့အကြောင်း နဲနဲမှ မသိပဲနဲ့တော့ ဘယ်လိုများ့ဆွေးနွေးနိုင်မလဲဗျာ။ ပြိုင်ရုံသက်သက်သာ ဖြစ်နေပြီး အနိုင်ရဖို့သာ ဦးတည်နေပါလိမ့်မယ်။ အဲဒီတော့ တဖက်နဲ့တဖက် ငြင်းခုံကြတော့မယ်။ ပြီးတော့ ဒေါသတွေပါတော့မယ်။ ရန်တွေဖြစ်တော့မယ်။ ရလာဒ်တွေဆိုးပြီးရင်း ဆိုးသွားလိမ့်မယ်။

ရလာဒ်ဆိုးတွေဖြစ်လာမယ်မှန်း သိသိနဲ့ ဆက်ပြိုင်မလား။ ရလာဒ်ကောင်းကို မျှော်လင့်မလား။ သေချာတာတော့ ဘာသာတရားတိုင်း ရလာဒ်ကောင်းတွေအတွက်ပဲ မျှော်လင့်ပြီး သင်ပေးထားပါလိမ့်မယ်။ ဒါကြောင့် ကိုယ့်လုပ်ရပ်ကပင် ကိုယ့်ဘာသာတရားကို စော်ကားမိသလို ဖြစ်မိသွားရင် ကျေးဇူးပြုပြီး နောင်တယူတတ်ပါ။ အမှား၀န်ခံတတ်ပါ။ နားလည်မှုတွေပိုပြီး တိုးလာလို့ ငြိမ်းချမ်းခြင်းဘက်ကို ဦးတည်လာမှာ အမှန်ပါ။

ဒိုမီနီကန်ကိုရင်
photo: the wall street journal
Pope Francis greets Bhaddanta Kumarabhivasma in Myanmar in 2017

rvamyanmar
rvamyanmar
Articles: 1794

Leave a Reply

Your email address will not be published. Required fields are marked *