ရဟန္တာဒေါမီနစ်ဆာဗီယို (၁၈၄၂-၁၈၅၇)

ရဟန္တာဒေါမီနစ်ဆာဗီယို (၁၈၄၂-၁၈၅၇)

ဒွန်ဘောစကိုရဲ့ထူးခြားပြောင်မြောက်တဲ့လက်ရာတွေထဲက တစ်ခုကိုပြောရမယ်ဆိုရင် ဒီနေ့ကျင်းပတဲ့ ရဟန္တာ ဒေါမီနစ်ဆာဗီယိုကိုပဲ ပြောရမယ်ထင်တယ်။ သူဟာအင်မတန်မှငယ်ရွယ်တဲ့ ဆယ်ကျော်သက်လူငယ်လေး ဖြစ်ပေမယ့်လည်း ဝိညာဉ်ရေးရာကျင့်စဥ်၌ ရင့်ကျက်တဲ့သူဖြစ်တယ်။ ကိုယ်တော်မြတ် မခံယူခင် သူယူထားတဲ့သံဓိဋ္ဌာန်တစ်ခုက ”အပြစ်ပြုမည့်အစား အသေခံမယ်”တဲ့။ နုနယ်သေးတဲ့အတွေ့အကြုံသာရှိပေမယ့်လည်း နက်ရှိုင်းလှတဲ့ ဘုရားမေတ္တာကိုသိရှိခံစားခဲ့ရတယ်။ အပြစ်ကြီးတစ်ခုအားဖြင့် ဘုရားရှင်ကို​အပြစ်မှားစော်ကားမည့်အစား သူ့ကို ဘုရားပေးထားတဲ့ ဖြူစင်တဲ့ဘဝလေးကိုပဲ ပြန်ရုပ်သိမ်းဖို့ဆန္ဒရှိခဲ့ပါတယ်။ တစ်နေ့တွင်လည်း သူတို့အိမ်ကိုလာလည်တဲ့ ဧည်သည်တစ်ယောက်အတူ ထမင်းစားကြတယ်။ ဆုမတောင်းဘဲ ထမင်းစားတဲ့ဧည်သည်ကို မညှာတာဘဲပြောတာက ”တိရစ္ဆာန်တစ်ကောင်လို့ ဆုမတောင်းတဲ့သူနဲ့ အတူ ထမင်းမစားချင်ဘူး”လို့ မိဘတွေကိုပြောခဲ့တယ်။ လူရဲ့လုပ်အားစွမ်းအားနဲ့ ရထားတဲ့အစားစာဖြစ်သော်လည်း ဖန်ဆင်းရှင်ဘုရားသခင် မမေ့သင့်ကြောင်းသတိပေးခြင်းဖြစ်ပါတယ်။ ဒွန်ဘောစကိုရဲ့သြဝါဒတစ်ခုကို ကြားနာရပြီး ရဟန္တာတစ်ပါးဖြစ်ရန်အတွက် ဆန္ဒပြင်းပြခဲ့ပါတယ်။ ဘော်ဒါကျောင်းသားလူငယ်လေးတွေကို ဒွန်ဘောစကိုက ကြိုက်တဲ့တစ်ခုတောင်း ပေးမယ်လို့ ပြောတဲ့အခါ ဆာဗီယိုသည် ”ရဟန္တာတစ်ပါးဖြစ်လာရန် အကူညီပေးပါ၊ ဒွန်ဘောစကို”လိုပဲ တောင်းခဲ့တယ်။ ဘုရားသခင်ရဲ့မျက်မှောက်တွင် သန့်ရှင်းမြင့်မြတ်ခြင်းလောက် ဘယ်အရာမှ တန်ဖိုးမရှိဘူးလို့ သူသိတယ်။ သူသည် ကျောင်းနေဖတ်သူငယ်ချင်းတွေကို ကောင်းသောပုံသက်သေတွေကိုပြသပြီး အပြစ်သို့ပိုသောလမ်းမှားထဲ မရောက်အောင် ကူညီပေးခဲ့ပါတယ်။သူငယ်ချင်းကျောင်းသားတွေကို အာပတ်ဖြေခြင်းစက္ကရမင်းတူးနဲ့ ကိုယ်တော်မြတ်စက္ကရမင်းတူးကိုလည်း ပုံမှန်ခံယူနိုင်ရန် အမြဲတမ်းတိုက်တွန်းခဲ့တယ်။ မယ်တော်သခင်မအပေါ် မှာလည်း သဒ္ဓါကြည်ညိုခြင်းအပြည့်အဝရှိတယ်။ ကစားနေရင်း ဒွန်ဘောစကိုက”ဟေ့ ဆာဗီယို ဘုရားရှင်က အခု ပြန်သိမ်းပိုက်မယ်ဆိုရင် ဘာလုပ်မလဲ”လို့ မေးတဲ့အခါ သူက ”ဆက်ကစားမယ်”လိုပြန်ဖြေခဲ့ပါတယ်။ သူဟာ နေ့စဥ်နေ့တိုင် ဝိညာဉ်ရေးရာ၌ ကောင်းသောသေခြင်းဖြင့် သေနိုင်ရန် ပြင်ဆင်ထားပြီးဖြစ်တယ်။ ရဟန္တာတစ်ပါးဖြစ်ချင်ခဲ့လို ခြိုးခြံခြင်းနဲ့ ဆုတောင်းခြင်းတွေကို သူများနဲ့မတူ လုပ်ဆောင်ခဲ့ပါတယ်။ ဒွန်ဘောစကိုကတောင် ခြိုးခြံခြင်းတွေကို အလွန်ကျွံမလုပ်ဖို့ တိုက်တွန်းခဲ့ရပါတယ်။ သူကို ရဟန္တာဖြစ်ချင်ရင် ပထမအနေနဲ့ လုပ်ရမယ့်အရာတစ်ခုက ” အကြီးအကဲကို နာခံပါ” နောက်တစ်ခုက ” သာမာန်လုပ်ရမယ့်အလုပ်ကို စိတ်ပါကိုယ်ပါလိုလိုလားလား ပြုလုပ်ပါ။”လို ဒွန်​ဘောစကိုက ကြုံခဲ့တယ်။ ဒါကြောင့် နာခံခြင်းဟာ သူတော်စင်တစ်ပါးအတွက်သာမက လူတိုင်းအတွက်လိုအပ်ပါတယ်။ နာခံခြင်းဟာ ဘုရားစကားကိုနားထောင်ခြင်း၊ အတွေ့အကြုံအားဖြင့်ပြောပြတဲ့ မိဘတွေ၊ အကြီးအကဲတွေကို နားထောင်ခြင်းဖြစ်ပါတယ်။ ဒေါမီနစ်ဆာဗီယိုသည် ငယ်ကတည်းကပင် ဘုန်းကြီးတစ်ပါးဖြစ်ချင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ဘုရားရှင်က သူကို အသက် ၁၄ နှစ်အရွယ်မှာပင် ပြန်လည်သိမ်းပိုက်ခဲ့ပါတယ်။ ဒွန်ဘောစကိုက လူငယ်တွေအတွက် ရည်ရွယ်ပြီး သူအကြောင်းကိုရေးသားထုတ်ဝေခဲ့တယ်။ ဇွန်လ ၁၂ ရက်၊ ၁၉၅၄ ခုနှစ်တွင် ခုနှစ်ကြိမ်မြောက် ရဟန်းမင်းကြီး ပီဦးက ဒေါမီနစ်ဆာဗီယိုကို ရဟန္တာအဖြစ် ကြောညာခဲ့ပါတယ်။ မေလ ၆ ရက်နေ့ဟာ ရဟန္တာဒေါမီနစ်ဆာဗီယိုရဲ့ ပွဲနေ့ဖြစ်ပါတယ်။

St. Dominic Savio, Pray For Us!!!

Photo credit: Vatican

David Yannaing (sdb)

rvamyanmar
rvamyanmar
Articles: 1794

Leave a Reply

Your email address will not be published. Required fields are marked *