သင်တို့သည် လောက၏ဆား နှင့် လောက၏အလင်း

ဖေဖော်ဝါရီလ ၉၊ ၂၀၂၀

ပဉ္စမ အကြိမ်မြောက် သာမန် တနဂ်နွေနေ့ ရှင်မာတေဉီး ခရစ်ဝန်ကျမ်း အခန်းကြီး ၅: အငယ် ၁၃-၁၆ မှာ သင်တို့သည်လောက၏ဆား နှင့် လောက၏အလင်း များ ဖြစ်ကြတယ်ဟူသော အချက်ဟာ ဒီကနေ့ထောက်ရှုရမည့်အဓိက အချက်ဖြစ်တယ်

သည်က‌နေ့ ပဌမကျမ်းစာမှာ ပရောဖက် အီဇာဧယ က ဆာလောင်နေသူကိုအစာကျွေးခြင်း၊ နေစရာမရှိသောအိမ်ရာမဲ့ကိုနေစရာပေးခြင်း၊ အဝတ်မရှိသောသူကိုအဝတ်ပေးခြင်း၊ ဒုက္ခရောက်နေသူတွေကိုရှောင်လွှဲမသွားခြင်း ယင်းကဲ့သို့ကူ ညီပေးခြင်းများသည် ဘုရားရှင်၏အလင်း တော်ကိုကျွန်‌တော်တို့ဘဝထဲ၌ ထွန်းလင်းနေစေခြင်းဖြစ်ကြောင်း၊ ထိုကဲ့သို့ကျင့်ကြံနေထိုင်သောသူတို့၏အလင်း‌ရောင်သည် မှောင်မိုက်နေသော၊ တစ်ကိုယ်ကောင်းဆန်မှုများ၊ အတ္တဆန်မှုများ ပြည့်နှက်နေသော လောကကြီး တွင် နေ့ခင်း မွန်းတည့်အလင်းရောင်ကဲ့သို့ တောက်ပနေမည်ဖြစ်ကြောင်း ပထမကျမ်းစာမှာ နာကြားခဲ့ရတယ်၊

ဒုတိယကျမ်းစာမှာ တမန်တော်ပေါလူက ယုံကြည်ခြင်းဝေမျှဟောကြားတဲ့နေရာမှာ ဘုရားရှင်၏ ဥာဏ်ပညာအလင်းနှင့် သန့်ရှင်းသောဝိညာဉ်တော်ကို သယ်ဆောင်သွားကြဖို့ သတိပေးထားတယ်။

ဒီကနေ့ဧဝံဂေလိကျမ်းစာမှာတော့ လောကကို အကျိုးသက်ရောက်စေရန် ခရစ်ယာန်များအသက်ရှင်ရမည့် နည်းလမ်းကို လောက၏ဆား နှင့် လောက၏အလင်း တိုဖြင့် သွန်သင်ဟောကြားခဲ့တယ်။

ဆား၏ဂုဏ်သတ္တိ မှာ ဆားဟာ သန့်ရှင်းစဉ်ကြယ်ခြင်း ရဲ့အမှတ်လက္ခဏာဖြစ်ပြီး၊ ဂျူးလူမျိုး များနဲ့ ဘာသာမဲ့တွေဟာ ဘုရားကိုပူဇော်ပသရာမှာ ဆားကိုအသုံးပြုကြတယ်။။ ဆားကို အစားအသောက်အသားငါးတွေကို မပျက်စီးအောင် ထိမ်းသိမ်းရာမှာ အသုံးပြုကြတယ်၊ ဆားကို အရသာကောင်းမွန်စေရာမှာ အဓိက အသုံးပြုကြတယ်။ အလင်းရဲ့ ဂုဏ်သတ္တိ က မြင်စေဖို့၊ လမ်းကိုရှင်းလင်းစွာမြင်စေဖို့၊ လမ်းညွှန်ပေးဖို့၊ အန္တရာယ်ကို သတိပေးဖို့ ဖြစ်တယ်။ နေရဲ့အလင်းရောင်ဟာ နွေးထွေးမှုနဲ့ကျန်းမာခြင်းကို ပေးစွမ်းနေတာဖြစ်တယ်။။

လောကရဲဆားအဖြစ်ယုံကြည်သူတွေ ဘယ်လိုကျင့်ကြံမလဲ

၁။။ဆားဟာသန့်ရှင်းစဉ်ကြယ်ခြင်းကိုဖော်ဆောင်သလို ယုံကြည်သူတွေအနေနဲ့ အပြုအမူ၊ အပြောအဆို နှင့် အကြံအစည်တွေမှာ သန့်ရှင်းစဉ်ကြယ်ကြရမယ်။

၂။။လောကလူ့အဖွဲ့အစည်းအတွက် အပြစ်မကောင်းမူ့ပျက်စီးခြင်းမှကာကွယ်ပေးခြင်း၊ မတရားဖိနှိပ်မူ့တွေကို ကာကွယ်ပေးခြင်း၊ အကျင့်ပျက်ချစားခြင်းတွေကို တိုက်ဖျက်ကာကွယ်ပေးခြင်း မှာ ပတ်ဝန်းကျင်အပေါ်မှာ ကောင်းကြိုးကောင်းမူ့ သက်ရောက်စေသူဖြစ်ရမယ်။

၃။။ ဆားဟာ မပျက်စီးအောင်ထိမ်းသိမ်းနိုင်စွမ်းရှိတယ် ဒါကြောင်ယုံကြည်သူခရစ်ယာန်များအနေနှင့် မိမိတို့၏ယုံကြည်ခြင်းကို မပျက်စီးအောင်ထိမ်းသိမ်းကာကွယ်ခြင်း၊ အဖွဲ့အစည်းများ၊ မိသားစုများကို မပြိုကွဲအောင်ထိမ်းသိမ်းပေးခြင်း၊ ဘာသာတရား၏တန်ဖိုးများ အနှစ်သာရများကို မပျက်စီးအောင်‌ကာကွယ်ပေးခြင်းတို့ကို ဆားကဲ့သို့အစွမ်းထက်စွာ ကာကွယ်ပေးကြရမယ်။ ဆားကဲ့သို့ လူ့လောကပတ်ဝန်းကျင်ကို အရသာရှိစေသူ၊ အဓိပ္ပါယ်ဖော်ဆောင်ပေးသူ၊ မျှော်လင့်ချက်များပြန်လည်ရှင်သန်စေသူ၊ ဘဝအဓိပ္ပါယ်မဲ့စွာရှင်သန်နေရသူတွေကို သူတို့၏တန်ဖိုးရှိမူ့ကိုပြန်လည်ဖော်ထုတ်ပေးခြင်း၊ ကိုယ်ကျင်တရားများကိုပြန်လည်တည့်မတ်ပေးခြင်း၊ စွန့်ပြစ်ခံဘဝတွေကို ကူညီပေးခြင်းအားဖြင့် ဆားဟာ မိမိနှင့်ထိတွေ့သည့်အရာကို ကောင်းကြိုးဖြစ်စေသလို့ ယုံကြည်သူ ခရစ်ယာန်တွေဟာလည်း မိမိပတ်ဝန်းကျင်မှာ မိမိနှင့်တွေကြုံရသည့် လူတွေရဲ့ဘဝထဲမှာ ဘဝအဓိပ္ပါယ်တွေကို ပေးစွမ်းနိုင်သူတွေဖြစ်နေရမယ်။

လောက၏အလင်းအဖြစ် ယုံကြည်သူတွေ ဘယ်လိုကျင်ကြံရမလဲ

၁။။ သခင်ခရစ်တော်ဟာ လောကရဲ့ အလင်းဖြစ်တယ် ချစ်ခြင်းမေတ္တာအလင်းအဖြစ်တယ် အဲ့ဒီ သခင်ခရစ်တော်ရဲ့အလင်းကိုခံယူပြီး ယုံကြည်သူ၊ မယုံကြည်သူ၊ ဘဝ နေပုံထိုင်ပုံကွာခြားသူ၊ လူမျိုးမတူသူ၊ ဆင်းရဲချမ်းသာမရွေး လူတိုင်းကို ရိုသေလေးစားခြင်း၊ နှိမ့်ချစွာအစေခံတပ်ခြင်း၊ နားလည်ခွင့်လွတ်ပေးခြင်း၊ သနားကြင်နာမူ့ကိုပြသခြင်း၊ ဂရုဏာတရားပြခြင်း၊ မေတ္တာပို့သခြင်း၊ ချစ်ခြင်းမေတ္တာဝေမျှခြင်း စသည် အမူများကို လုပ်ဆောင်ခြင်းအားဖြင့် လောကရဲ့ စစ်မှန်တဲ့အလင်းကို ဖော်ဆောင်ပေးနေရမယ်၊

၂။။ မနာလိုမုန်းထားမူ့၊ အမုန်းအတ္တ လောဘဒေါသ အမှောင်ဖုံလွမ်းနေသော အရပ်မှာ ချစ်ခြင်းမေတ္တာ အလင်းရောင် နားလည်ပေးမူ့အလင်းရောင်၊ ခွင့်လွတ်ခြင်း အလင်းရောင်တို့ဖြင့် လောကကို အလင်းပေးနိုင်သူများဖြစ်ကြပါစေ။

rvamyanmar
rvamyanmar
Articles: 2820

Leave a Reply

Your email address will not be published. Required fields are marked *