
စာမလိုက်နိုင်တဲ့ ကလေးငယ်လေးတွေကို မိဘတွေဘယ်လိုပြုစု ပျိုးထောင် ပေးမလဲ
Under achievement
ဒီနေ့မှာ စာမလိုက်နိုင်တဲ့ ကလေးငယ်လေးတွေကို မိဘတွေဘယ်လိုပြုစု ပျိုးထောင် ပေးမလဲဆိုတဲ့ အကြောင်းအရာလေး မျှဝေပေးချင်ပါတယ်။
မိသားစုထဲမှာ ကိုယ့်သားသမီးတစ်ယောက်က ကျောင်းစာတွေ မလိုက်နိုင်ဘူးဆိုတာ ရှိခဲ့ရင် မိဘတွေအနေနဲ့ အံသြနေမှာပဲ။ ဒီလိုအဖြစ်မျိုးလည်း ငါတို့မိသားစုမှာ မရှိသင့်ဘူး လို့လဲ မျှော်လင်နေမှာပါ။ ဒီအဖြစ်တွေက မရည်ရွယ်ပဲ ဖြစ်လာတတ်တာတွေပါ။ ဒါတွေ ကလည်း မိဘတွေဆီကနေတဆင့် သင်ယူရရှိလာတာဖြစ်တယ်လို့ ပညာရှင်တွေက ဆိုထား ပါသေးတယ်။ ဒီလိုဖြစ်လာတာတွေက ကံကောင်းထောက်မစွာနဲ့ ပြန်ပြင်ဆင် ပြုပြင်လို့လဲ ရပါတယ်လို့ဆိုထားပြန်ပါတယ်။
ဒီလိုဖြစ်ရတာက မိဘတွေက အလွန်ကျွံအလိုလိုက်တာ စောင်ရှောက်မှုလွန်ကဲတာ။ သြဇာအာဏာတွေနဲ့ အုပ်ချုပ်တာမလျော်ကန် မကိုက်ညီတဲ့ အုပ်ချုပ်မှုတွေနဲ့ ဒီအပြုအမှု တွေကြောင့် သားသမီးဆီကို ဒီလိုအပြုအမှုတွေက လိုက်သလို ရောက်သွားလို့ အခုလို့ ဖြစ်တာပါလို့ ဆိုပါတယ်။
မိဘတွေအနေနဲ့ ကိုယ့်သားသမီးလေးတွေ ကျောင်းစာလိုက်နိုင်အောင် ရည်ရွယ်ချက် တွေနဲ့ ကြိုးစားပြီး လုပ်ပေးနိုင်ဖို့ အချက်လေးရှိပါတယ်။
မိဘအနေနဲ့ မိမိကလေးနားမှာ တကူးတက အချိန်းပေးပြီး အချိန်ဖြုန်းပေးပါ။ မိဘနဲ့ အနီးကပ် မကြာခဏ နေလာရတဲ့အတွက် ကလေးက မိဘလို့ပဲ တဖြည်းဖြည်း ရင့်ကျက် လာမယ်။ အတုခိုးလာမယ်။ အထူးသဖြင့် same gender ယောင်္ကျားမိန်းမပေါ့နော် မိန်းကလေးဆိုရင် မိခင်နဲ့ ယောင်္ကျားလေးဆိုရင် ဖခင်နဲ့ မိဘကို ကြည့်ပြီး သူတို့ကိုယ်သူတို့ ဘယ်လိုပုံစံနဲ့ ကြီးပြင်းလာမှာလဲဆိုတာကို သူတို့ဖာသာဆုံးဖြတ်တတ်လာတယ်။ ဒီလို အရွယ်မှာ မိဘက အနားမှာ မရှိခဲ့ရင် သူတို့ဘဝကို သူတို့ဖာသာ ဖန်တီးရုန်းကန်ကြရတဲ့ အတွက် ဗရမ်းဗတာ ဖြစ်သွားတာပါ။
တချို့မိဘတွေကျပြန်တော့ ဖခင်က အူတူအတတ မိခင်ကကျပြန်တော့ အနား ပတ်ဝန်းကျင်ကို စောင်းမြောင်းပြောဆိုအလိုမကျတဲ့ အပြုအမူတွေနဲ့ မိဘတွေဆီက ဖြစ်နိုင်ချေ မရှိတဲ့အကြောင်းတွေကြောင့် သားသမီးက စာမလိုက်နိုင်တဲ့ ကလေးတစ်ယောက် အဖြစ် ဖြစ်သွားတာပါ။
ဒါကြောင့် မိဘနှစ်ပါးက စည်းလုံးညီညွတ်တယ်ဆိုတာ သားသမီးကို ပြနိုင်ရမယ်။ မိဘတွေနဲ့ relationship မှာ equal and respect မျှတမှုနဲ့ တစ်ဦးပေါ်တစ်ဦး ရိုသေ လေးစားမှုပေးနိုင်ရမယ်။ ဒါမှသာ ကလေးတွေက မိဘတွေရဲ့ ဘဝကို စိတ်ဝင်စား လာပြီး အောင်မြင်တဲ့ မိသားစုဘဝကို model အဖြစ် သတ်မှတ်မှာဖြစ်ပြီး မိဘကလည်း သားသမီးကို သင့်လျော် လျော်ကန်တဲ့ မျှော်လင့်ချက်တွေနဲ့ သားသမီးကို ပြုစုစောင့်ရှောက် ပေးနိုင်မှာ ဖြစ်တယ်။
စာမလိုက်နိုင်တဲ့ ကလေးကို မိဘက တတ်နိုင်သမျှနားလည်ပေးပြီး လိုအပ်ချက် လေးတွေကို ထောက်ပံ့ကူညီပေးပါ။ ဒါဆိုရင် ကလေးက ဘဝရဲ့စိန်ခေါ်မှုတွေ့ကို ကျော်လွှား တတ်လာပြီး မိဘက ငါ့ကို ဒီလိုရင်ဆိုင်တတ်အောင် လုပ်ပေးနေပါလားဆိုတာကို သိလာပြီး မိဘက သားသမီးကို နားလည်သလို့ သားသမီးက မိဘကို ပြန်နားလည်လာတော့မှာ ဖြစ်တယ်။
မိဘတွေအနေနဲ့ ကလေးဆီကနေ မျှော်လင့်သလိုဖြစ်လာမှာလားဆိုတာကို ယျထာ ဘူတကျကျ တွေးနိုင်ရမယ်။ ကလေးကလုပ်နိုင်မယ်လို့ ယုံကြည်တယ်လို့ပြောပြီး ကလေးရဲ့ ကိုယ့်ကိုယ်ယုံကြည်မှုကို မြေတောင်မြောက်ပေးသလို ဖြစ်စေပြီး သူ့ကိုယ်သူ တဖြည်းဖြည်း ယုံကြည်လာတော့မှာ ဖြစ်တယ်။
သားသမီးကို သူ့အသက်အရွယ်အလိုက် တာဝန်ရှိတာတွေကို ပြထား လျာထားပေး ပြီး လုပ်ကိုင်စေရမယ်။ မိဘက ဘာမဆို အကုန်လုပ်ပေးရင် ကလေးက အရာရာမိဘကိုပဲ အားကိုးပြီး မိမိကိုယ်မိမိ ယုံကြည်မှုနည်းတဲ့ ကလေးတစ်ယောက် ဖြစ်လာပါလိမ့်မယ်။
အသက်အရွယ်အလိုက် တာဝန်လေးတွေ ပေးပြီးအလေးအနက်ထား တာဝန်ယူစေ ရမယ်။ ဒါမှ သူ့ကိုယ်သူ အားကိုးယုံကြည်တဲ့ စိတ်တွေမြင့်တက်လာပြီး ဘယ်သူ့ကိုမှ အား မကိုးပဲ လွတ်လွတ်လပ်လပ် လုပ်ဆောင်တက်တဲ့ အလေ့အကျင့်တွေရလာတော့ ဖြစ်တယ်။
သူတို့ဖာသာလုပ်နိုင်မှာပါလို့ မိဘတွေအနေနဲ့ အဲဒီလို့အတွေးမျိုးမတွေးပဲ သားသမီး လေးတွေ နားမှာနေပေးပါ။ သူတို့မှာလည်း စိန်ခေါ်မှုလေးတွေရှိတဲ့ အတွက် သူတို့ရဲ့ ယုံကြည်ချက်တွေ ပျက်သုဉ်းသွားနိုင်လို့ပါ။
မိဘကိုယ်တိုင်က စာမလိုက်နိုင်ဆိုတာ သိတာနဲ့ အလုပ်မအားဘူးဆိုပြီး သားသမီး ကို အာရုံမစိုက်အားလို့ မဖြစ်စေပါနဲ့။ မိဘကိုယ်တိုင် သတ္တိရှိရှိ သူ့ပတ်ဝန်းကျင်ကို ပြောင်းလဲပစ်လိုက်ပါ။ ကလေးရဲ့ လိုအပ်ချက်တွေကို သိနေတဲ့ မိဘက သူစိတ်ဝင်စားတဲ့ အရာတွေကို ပြုလုပ်စေပါ။ လိုအပ်ချက်တွေကို ထောက်ပံ့ပေးပါ ကလေးပြောတဲ့ စကားကို သေသေချာချာနားထောင်ပေးပြီး ပိုပြီးကောင်းလာအောင်လည်း လုပ်ပေးလို့ရပါတယ်။
ကလေးငယ်လေးတွေ ကျရှုံးခဲ့ရင် ဘယ်လိုပြန်ကျိုးစားရမယ်ဆိုတာ မသင်မဖြစ် သင်ပေးရပါမယ်။ ကျရှုံးတယ်ဆိုတာ တခဏပဲ ဒါကိုဝမ်းနည်းပြီး ပြန်ကြည့်ပြန်တွေးနေမဲ့ အစား ဘယ်လိုပြန်အောင်နိုင်အောင် လုပ်ရမယ်ဆိုတဲ့ စိတ်ဓာတ်ရအောင်လည်း လုပ်ဆောင် ပေးလို့ရပါတယ်။
သူတို့လေးတွေရဲ့ အားထုတ်လုံ့လစိုက်မှုကို ချီးမွမ်းဂုဏ်ယူပေးပါ။ အောင်မြင် ဖြစ်ထွန်းမှုမဟုတ်ပါဘူး။ ဒါဆိုရင် သူတို့ကိုယ်သူတို့ ငါလုပ်နိုင်ပြီးဆိုတာ သိလာပြီး။
ဒါပေမဲ့ တစ်ခုသတိထားရမှာက တစ်ခါတလေး ကျရှုံးခဲ့ရင် သူတို့ကိုယ်သူတို့ ကာကွယ်တော့မယ်။ ပုန်ကန်ထကြွပြမယ်။ တခုခုကို ရှောင်နေမယ်။ ဒါဆိုရင် ဒီသံသယ တွေပျောက်ဖို့ ကျောင်းစာနဲ့ မပတ်သက်တဲ့ တခြားအလုပ်တွေကို ပြင်းပြင်းထန်ထန် လုပ်စေပြီး အကျိုးသက်ရောက်မှုရှိတဲ့ အရာတွေကို ဖန်တီးနိုင်တယ်ဆိုတာကို ကိုယ်တိုင် မြင်နိုင်အောင် ဖန်တီးပေးပါ။
ဒါကြောင့်မို့ စာမလိုက်နိုင်တဲ့ ကလေးတယောက်ဆိုတာ ကံတရားက ပြဌာန်းထား တာ မဟုတ်ပါဘူး။ ကလေးတယောက်ရဲ့ mindset ကို မရရအောင် ထုတ်ဖော်ပြီး အောင်မြင်တဲ့ လမ်းကြောင်းပေါ်ကို ရောက်အောင်ပို့ဆောင်နိုင်ပြီး မိဘကျေနပ်လောက်တဲ့ အနာဂတ်ဘဝကို ထုတ်ဖော်လို့ရနိုင်ပါတယ်ဆိုတာ message ပေးရင်း နိဂုံးချုပ်ပါတယ်။

