ကလေးငယ်လေးတွေ Mobile Phone သုံးခြင်းဟာ သူတို့အတွက် အကျိုးသက် ရောက် မှုတွေရှိသလား

                                                                                                                                                                               Effects
    ဒီနေ့မှာ ကလေးငယ်လေးတွေ Mobile Phone သုံးခြင်းဟာ သူတို့အတွက် အကျိုးသက် ရောက် မှုတွေရှိသလား ဆိုတဲ့ အကြောင်းအရာကို မျှဝေပေးချင်ပါတယ်။
    ဒီနေ့ခေတ်မှာ Technology  အသုံးချသိပ္ပံပညာက သဘာဝဖြစ်စဉ်တစ်ခုလို့ ကျယ်ကျယ် ပြန့်ပြန့် ပြန့်ပွားနေတဲ့အချိန်မှာ Mobile Phone က ကွန်ပျူတာ အသေးလေးတစ်ခုလို ကလေးတွေ လူငယ်တွေ တွက်လိုသလို အသုံးချလို့ရနေတဲ့ ပစ္စည်းတစ်ခုဖြစ်နေပါပြီ။
    အထူးသဖြင့် ကမ္ဘာ့သမိုင်းမှာ တစ်ခါမှမကြားဘူးတဲ့ Radio Frequency Environment ရေဒီယိုကြိမ်နှုန်းတွေရှိတဲ့ ပတ်ဝန်းကျင်မှာ ကလေးတွေက ကြီးပျင်းလာကြရတယ်။
    Mobile Phone ကနေ ရောင်ခြည်တွေဖြာထွက်ပြီး ထုတ်လွှတ်တယ်။ ဒီတော့ရောင်ခြည်တွေ ကြောင့် ကောင်းကျိုးမပြုတဲ့ ဘေးဖြစ်စေတဲ့ အကျိုးဆက်တွေ ဘေးအန္တရာယ်တွေ အမျိုးမျိုးဖြစ်စေပါ သေးတယ်။
    အထူးသဖြင့် အသက် ၁၀ နှစ်ကနေ ၁၁ နှစ်အရွယ်တွေအတွက် Cyber bulling internet network use  အင်အားသုံး အနိုင်ကျင့်တာ  sexting mobile phone ကတဆင့် လိင်ပိုင်းဆိုင်ရာ အချက်အလက်တွေ message  တွေပေးပို့ခံရာတာ Online ကနေ အမျိုးမျိုးခြိမ်းခြောက်ခံရတာတွေ ရှိတတ်ပါတယ်။
    ၁၀ နှစ်အောက်ကလေးငယ်လေးတွေမှာ သူတို့ဦးနှောက်မှာရှိတဲ့ ဦးခေါင်းခွန်က ပါးနေ တုန်းပဲရှိပါသေးတယ်။ တစ်သျှူးနဲ့ ဦးခေါင်းမှာရှိတဲ့ အရိုးတွေက ပါးနေတုန်း ဖုန်းပြောလိုက်တဲ့ အခါမှာ သာမန် လူလတ်လူကြီးတွေထက်စာရင် Phone ရဲ့ရောင်ခြည်တွေက နှစ်ဆ စုပ်လိုက်တယ်။
    သူတို့လေးတွေရဲ့ ဖွဲ့ဖြိုးစ Nervous system ကို ပိုပြီး အားနည်းသွားစေပြီး ကင်ဆာဖြစ်စေ နိုင်ဖို့ တွန်းပို့သလိုဖြစ်တတ်ပါတယ်။
    သိပ္ပံပညာရှင်တွေရဲ့ တွေ့ရှိချက်အရ ကလေးငယ်လေးတွေကို တစ်မိနစ် Phone နဲ့ စကား ပြောစေတာဟာ ဦးနှောက်ရဲ့လုပ်ရှားမှုကို လှုပ်ရှားပြောင်းလဲသွားစေတယ်။ Phone ပြောလို့ နားမှာ ကပ်ထားတဲ့အခါ ရေဒီယိုလှိုင်းက နားပတ်ဝန်းကျင်ကို ရောက်သွားတာမဟုတ်ပဲ ဦးနှောက်ထဲကို တိုက်ရိုက်ရောက်သွားတာလို့ဆိုပါတယ်။
    အဲ့ဒီတော့ ကလေးငယ်ရဲ့ ဦးနှောက်လှုပ်ရှားမှုတွေကို အနှောက်အယှက်ပေးတယ်။ စာသင် တဲ့အခါ စာလိုက်နိုင်မဲ့ စွမ်းရည်နဲ့ အခြားအမူအရာတွေမှာ ပြဿနာရှိစေပါတယ်။
    Teen age  ၁၃နှစ် ကနေ ၁၈ နှစ် ၁၉ နှစ်လောက်ကလေးတွေက Mobile Phone  နဲ့ပတ် သက်လို့ အင်မတန်မှ ဝါသနာထုံကြတယ်။ Game ဆော့တယ်။ Chatting ဝင်တယ် စကားပြောတယ်။ ဒီတော့ စာသင်ကျောင်းသားတစ်ယောက်က အတန်းထဲမှာ စာမရဘူး တခြားကျောင်းသားတွေရဲ့ နောက်မှာပဲရှိနေတော့တယ်။
    ဒါကြောင့် မိဘတွေအနေနဲ့ Mobile Phone အသုံးပြုတဲ့ သားသမီးတွေကို အန္တရာယ်ရှိတယ် ဆိုတာကို ဖော်ထုတ်ပြောဆို ဆုံးမပေးပါ။ အသက် (၁၆)နှစ်အောက် ကလေးငယ်တွေရဲ့Mobile radiation ရောင်ခြည်ဖြာထွက်မှုတွေက အင်မတန်မှ ထိခိုက်လွယ်တဲ့ အရွယ်ဖြစ်တယ်ဆိုတာကို ပြောပြ ပေးထားရမယ်။ တတ်နိုင်ရင် ဖုန်းပြောတဲ့အခါမှာ တိုက်ရိုက်မဟုတ်ဘဲ headset နားကြပ်နဲ့ ပြောဖို့ အထူးသဖြင့် bus ပေါ်မှာ ရထားပေါ်မှာ၊ ကားပေါ်မှာ Phone ရဲ့အချက်ပြမှုတွေက Power ကို ပိုမြှင့်ပြီး လုပ်ဆောင်ရတဲ့အတွက် တတ်နိုင်သလောက် Phone မပြောဖို့ ။
    Phone ကအားနည်းနေတဲ့အခါ အချက်ပြဖို့ အားနည်းနေတဲ့အချိန်မှ အလိုအလျောက်ပါဝါကို မြှင့်ရတဲ့အတွက် အန္တရာယ်ရှိတယ်ဆိုတဲ့အကြောင်း-
    လူကြီးမိဘတွေအနေနဲ့ လသာ.ကလေးငယ်လေးတွေနားမှာ Mobile phone  ကို ပြောတာ တတ်နိုင်သမျှ ရှောင်ဖို့၊ လသားအရွယ်ကစလို့ ကလေးငယ်လေးတွေ အိပ်တဲ့အခန်းထဲမှာ Mobile Phone ကိုမထားဖို့ သတိပြုရပါမယ့်။
    တချို့လူကြီးမိဘတွေကျတော့ Phone ကို ပစ်စလက်ခ ထားတယ်။ ကလေးကဆွဲယူပြီး သုံးတယ်။ ကောင်းတာလေးတွေကို လမ်းညွှန်ပေးကြရမယ်။ internet website မှာ ကောင်းတဲ့ ပညာပေး ကဏ္ဍတွေ အများကြီးရှိတာကို လမ်းညွှန်ပေးတာပါ။
    တချို့ကတော့ ကလေးငြိမ်အောင် Phone ကို ပေးထားတယ်။ ကလေးကလည်း Phone ထဲမှာရှိတဲ့ ရုပ်ရှင်ကားတို့ သီချင်းတို့ကို ရှာကြည့်နေရော တချို့မိဘတွေက ကလေးက Phone ပွတ်တတ်နေပြီဆိုပြီး ဂုဏ်ယူစွာပြောနေတာ ကြားနေရပါတယ်။
    ကျွန်မအိမ်ရှေ့အိမ်က ကလေးက (၆) တန်းကျောင်းသား (၁၁) နှစ်လောက်ရှိပြီး ကျောင်းက နေ့တစ်ဝက်ကျောင်းဆိုတော့ နေ့လည် (၁) နာရီလောက် အိမ်ပြန်ရောက်ပြီး Phone ပွတ်လိုက်တာ  Game ဆော့လိုက်တာ ညနေ ၅ နာရီ ကျူရှင်ဆရာလာတော့မှ ရပ်လိုက်တယ်။ အခုတော့ Phone ကို ကိုယ်တွယ်တဲ့ အချိန်မှာ မျက်စိအနေအထား ကိုယ်အနေအထား မမှန်တဲ့အတွက် မျက်စိနဲနဲဆွေသွား လို့ ပြန်တည့်အောင် ဆေးမျက်မှန်တတ်ထားရတယ်။
    ဆိုလိုတာက သားသမီးကို Phone နဲ့ လုံးဝကင်းကွာနေအောင် ထားရမယ်လို့ မဆိုလိုပါဘူး။ သုံးမယ်ဆိုရင် သူဘာကိုသုံးနေသလဲ တစ်စေ့တစ်စောင်းကြည့်ပြီး အကဲခတ်ပါ။ မဟုတ်တာတွေဖွင့် နေသလား။ အဲ့ဒီလို website တွေက အများကြီး ရှိပါတယ်။ ပညာရေးနဲ့ ပတ်သက်တာတွေ လမ်းညွှန်ပေးတာတွေ မိဘအနေနဲ့ ရှေ့ဆောင်လမ်းပြလုပ်ပေးရပါမယ်။ ကိုယ့်သားသမီးကို ကြီးကြီးငယ်ငယ် ပြစ်မထားဖို့ပါ။ တက္ကသိုလ်လောက်ရောက်တဲ့အထိ အမြဲတမ်းစောင့်ကြည့်ဖို့လိုပါ တယ်။ ကလေးဘဝကနေ ကြည့်သင့်တာ ကြည့်သင့်တဲ့ အချိန်ကာလပိုင်းခြားပြီး ကိုယ်တိုင်ညွှန်ပြ ပေးပါ။ မိဘတိုင်းမဖြစ်မနေလုပ်သင့်ပါတယ်။ ရှေ့ဆောင်လမ်းပြပေးရမယ်။
    ဒါမှမဟုတ် – ကလေးလုပ်ချင်ရာလုပ် ကြည့်ချင်ရာကြည့်ဆိုရင်ဖြစ်ချင်တာတွေဖြစ်သွားရင် မိဘတွေ ရင်ကျိုးရမှာပါ။
    မိဘတိုင်းကိုယ့်သားသမီးကို ချစ်တယ်ဆို့ရင်ဖြင့် အမြဲတစေ့တစောင်းကြည့်ပေးပါလို့ message  ပေးရင်း ရပ်နားခွင့်ပြုပါ။

rvamyanmar
rvamyanmar
Articles: 2649

Leave a Reply

Your email address will not be published. Required fields are marked *