ယောက်ခမနဲ့ သားသမက်တို့ နှစ်ဦးသက်ဆိုင်မှုတွေ ရှိသလို့ တွဲစပ်လို့လဲ ရပါတယ်

                                                                                                                                                                                       Relate
    ဒီနေ့မှာ ယောက်ခမနဲ့ သားသမက်တို့ နှစ်ဦးသက်ဆိုင်မှုတွေ ရှိသလို့ တွဲစပ်လို့လဲ ရပါတယ် ဆိုတဲ့အကြောင်း မျှဝေပေးသွားမှာဖြစ်ပါတယ်။
    အခုလို သွေးသားမတော်စပ်ပေမယ့်လည်း သားဇောသမီးဇောတွေရဲ့ ဝင်စွက်ဖက်တဲ့ အတွက် in Laws problem  တွေကမဖိတ်ခေါ်ပဲ ရောက်လာတတ်ပါတယ်။ နောက်ဆုံးမှာတော့ ဖိအားတွေ စိတ်မသက်မသာတွေဖြစ်ပြီး ပြဿနာတွေနဲ့ အဆုံးသတ်သွားတတ်ကြပါတယ်။
    သမီးချွေးမနဲ့ ယောက်ခမဆိုလည်း ချွေးမက အရိုအသေပေးပြီး ဆက်ဆံပေမယ့်။ ယောက်ခမတစ်ယောက်က စည်းကမ်းကန့်သက်ချက်ကို မသိတဲ့အတွက် ချွေးမက ယောက်ခမကို ကြည့်မရတာ ဘယ်လောက်ပဲ အထောက်အကူတွေရပါစေ။ အပြုသဘောဆောင်တဲ့ ဆက်ဆံရေး ဖြစ်ပါစေ။ နောက်ဆုံးမှာ အကြည်ညိိုမဲ့သွားတာတွေ ဖြစ်လာတတ်ပါတယ်။ ယောက်ခမနဲ့ ချွေးမဆက်ဆံရေးက  ပိုပြီး အတိမ်းအစောင်းမခံပါဘူး။ တကယ်တမ်းကတော့ တစ်ယောက်နဲ့ တစ်ယောက် ပိုပြီးထောက်ပံ့မှုတွေရတယ်ဆိုတာ နောက်မှ အချိန်လွန်မှ သိကြတာပါ။
    ချွင်းချက်အနေနဲ့ Father son in law ဖခင်နဲ့ သားမက်ဆက်ဆံရေးဆိုတာ မိသားစု လုပ်ငန်း တစ်ခုလို့ပြောရင် ရပါတယ်။ ယောက်ခမတစ်ယောက်အနေနဲ့ ပင်ကိုယ်ထူးခြားတဲ့ အရည်အချင်းရှိရ မယ်။ ခေါင်းဆောင်နိုင်တဲ့ သူဖြစ်ရမယ်။ ဒါဆိုရင် သားမက်နဲ့ သမီးတို့ရဲ့ အိမ်ထောင်ကို သြဇာအရှိန် အဝါနဲ့ ထူးခြားတဲ့ အရည်အသွေးတွေနဲ့ စီးပွားရေးနဲ့ ဆိုင်တဲ့ လူမှုရေးတွေနဲ့ ပတ်သက်နေတဲ့ မိသားစု အရေးတွေကို ဒီလိုအရည်အသွေးတွေနဲ့ ကိုင်တွယ်သုံးစွဲပြီး ဦးဆောင်လို့ ရလာမှာပါ။
    အပြုသဘောဆောင်တဲ့ ဆက်ဆံမှုမျိုးတွေနဲ့ မိမိရဲ့ မျိုးဆက်မှာ စိတ်သဘောထား ညီညီ ညွတ်ညွတ်နဲ့ ထောက်ပံ့မှုမျိုးတွေနဲ့ Player တစ်ယောက်လို ဖြစ်နေရမှာပါ။
    တချို့သော Father in law ယောက်ခမတွေကကျတော့ ကိုယ်သားသမီးကို အရမ်းချစ်တဲ့ အတွက် မိသားစုထဲဝင်ရောက်လာတဲ့ သားမက်ကို ပြဿနာရှိတတ်ကြတယ်။ သားမက်ရှိနေပေမယ့် လို့ သမီးကို မရှက်မကြောက် ချစ်ပြတာ၊ ကာကွယ်စောင့်ရှောက်ပေးတာတွေက သိသာပေါ်လွင်လွန်း လာလို့ တော့ သားမက်နဲ့ ယောက်ခမကြား အပေးအယူရှိကြရမှာကို တစ်ဖက်သတ်ကြီးဖြစ်တဲ့ အခါ လူလူချင်း တန်းတူရှိရေးဝါဒတွေ နားမလည်တော့ ပြဿနာတွေစလာတတ်ပါတယ်။
    ဒီလိုပါပဲ  mother in law. ယောက်ခမနဲ့ ချွေးမကြားမှာ အမေ့ရဲ့သားဆိုပြီး သူ့စိတ်ကို မထိန်းချုပ်နိုင်ပဲ အရင် အိမ်ထောင်မကျသေးတဲ့ သားကို ဆက်ဆံတဲ့ အတိုင်း ဆက်ဆံခဲ့ရင် ချွေးမနဲ့ ယောက်ခမကြား ပြဿနာက စလာပါလိမ့်မယ်။
    ဒါကြောင့် လက်ထပ်ပြီးသွားတဲ့ သားပဲဖြစ်ဖြစ်၊ သမီးပဲဖြစ်ဖြစ် ယောက်ခမအနေနဲ့ ဆက်ဆံ ရေးမှာ စည်းဆိတုာ ရှိရတော့မယ်။
    Father in law  ယောက်ခမအနေနဲ့ သားမက်ကို အသိအမှတ်ပြုရမယ်။ သားမက်နဲ့ သမီးတို့ရဲ့ စိတ်ခံစားချက်တွေ ငွေရေး၊ ကြေးရေးဆိုရာ လိုအပ်ချက်တွေကို ဝင်ရောက် ညှိနှိုင်းလုပ် ပေးရမယ်။
    ဒါ့အပြင် သူတို့ကနေ ရရှိလာတဲ့ မြေးလေးတွေကို အတတ်နိုင်ဆုံး ချစ်ပေးရမယ်။ ကူညီ ထိန်းသိမ်းပေးတာလေးတွေတတ်နိုင်သလောက် လုပ်ပေးရတော့မယ်။
    ပါဝင်တဲ့ မိသားစုတွေစုကြစုံကြပြီး Family gathering သဘောထားတွေ ဖလှယ်ရတော့ မယ်၊ ကိုယ့်ရဲ့အမျိုးသားကအစ သိမ့်မွေ့နေရပါမယ်။ မိသားစုဝင်တွေကို ကြိုဆို တန်ဖိုးထားရပါမယ်။ အတူတူ ပူးပေါင်းဆောင်ရွက်ရမယ်။ နောက်ပြီး ညင်သာစွာနဲ့ ဆက်ဆံရပါမယ့်။
    ယောက်ခမတစ်ယောက်အနေနဲ့ စီမံခန့်ခွဲမှု ညံ့တယ့်သူ ပြဿနာရှာတတ်တဲ့သူအဖြစ်တွေက နေ ရှောင်ရမယ်။ ဆင်ခြင်ရမယ်။
    မိမိမှာ ဒီမိသားစုကို ထောက်ပံ့ပေးနိုင်တဲ့ သူအဖြစ် တန်ဖိုးထားပြီး ချစ်ခင်နှစ်သက်တဲ့ သူ အဖြစ်ရှိနေရမှာပါ။
    မလိုမုန်းထားတဲ့ စိတ်၊ ဒေါသနဲ့ ပြောဆိုတာတွေ မပြရင်း မိသားစုအတွက် အဆင်ပြေမှာပါ။
    သားမက်ရဲ့ မိသားစု (ဝါ၊ ချွေးမရဲ့ မိသားစုကို တတ်နိုင်သမျှ စောင်းပေးပြီး သူတို့ရဲ့ လိုအပ်ချက်တွေကို တာဝန်ယူပေး၊ ကူညီပေးပြီး အချိန်ရတဲ့ အခါကိုက သွားရောက်လည်ပတ်တွေ့ ဆုံပေးပါ။
    ဒီမိသားစုလေးကို စိတ်ဝင်စားတယ်ဆိုတာ ပြပေးပါ။ အဓိပ္ပာယ်ရှိတဲ့ ခေါင်းစဉ်တွေရဲ့ ဆွေးနွေးပေးပါ။ ဒီမိသားစုအတွက် ဘာတွေလုပ်ပေး နေတယ်ဆိုတာကို သိအောင် လုပ်ဆောင်ပြပါ။ သူတို့ဘဝရဲ့ စိန်ခေါ်မှုတွေ အလုပ်အကိုင်နဲ့ ပတ်သက်တာတွေကို ပါဝင်ကူညီပေးပါ။
    ဒါဆိုရင် ယောက်ခမနဲ့ သားမက်/ချွေးမနဲ့ ယောက်ခမကြား သွေးစည်းညီညွတ်တယ်ဆိုတဲ့ ခံဝန်ချုပ်တစ်ခုကို ဖန်တီးသလိုဖြစ်သွားပြီး အားပေး တိုက်တွန်းမှုတွေဖြစ်စေပါတယ်။
    ဒီလိုပြုမှုတာ ဆက်ဆံတာတာတို့ဟာ relationship ရဲ့အရည်အသွေးတွေပဲ မဟုတ်ပါလား။ သားမက်/ချွေးမအနေနဲ့လည်း သူ့ယောက်ခမက ဒီလိုဆက်ဆံတာပဲဆိုပြီး ကျေနပ်နေမှာပါ။ ဒီလို ဆက်သွယ်မှု relationship တွေဟာ စိတ်ဓာတ်ရေးရာတွေနဲ့ ဆက်စပ်နေတာပါ။ အခုလိုသာ နှစ်ဦး နှစ်ဖက် ပြုမူကြမယ်ဆိုရင်ဖြင့် healthy family relationship  ကောင်းမွန်တဲ့ မိသားစု ဆက်သွယ်ရေးဖြစ်လာပြီး ကမ္ဘာတည်သ၍ ဒီလိုဆက်သွယ်မှုမျိုးတွေပဲ တည်ရစ်မှာပါဆိုတာ တင်ပြ ရင်း နိဂုံးချုပ်ပါတယ်။

rvamyanmar
rvamyanmar
Articles: 2734

Leave a Reply

Your email address will not be published. Required fields are marked *