(2025) ကမ္ဘ့ာ ငြိမ်းချမ်းရေးနေ့ဦးတည်ချက်ဗာတီကန်ကြေညာ

(2025) ကမ္ဘ့ာ ငြိမ်းချမ်းရေးနေ့ဦးတည်ချက်ဗာတီကန်ကြေညာ

ဘက်ပေါင်းစုံမှ စစ်မှန်သောနောင်တရပြောင်းလဲခြင်းဖြစ်သည့် တစ်ဦးစီဖြစ်စေ၊ အဖွဲ့အစည်းလိုက်ဖြစ်စေ၊ နိုင်ငံတကာအတိုင်းအတာဖြင့်ဖြစ်စေ ပြောင်းလဲမှသာလျှင် စစ်မှန်‌သောငြိမ်းချမ်းခြင်းသည် အမှန်တကယ်ရှင်သန်ကြီးထွားလာမည်ဖြစ်သည်ဟုရဟန်းမင်းကြီး၏လူသားအရင်းအမြစ်ဖွံ့ဖြိုးရေးရုံးတော် မှထုတ်ပြန်သော (၂၀၂၅) ကမ္ဘာ့ငြိမ်းချမ်းရေးနေ့၏ဦးတည်ချက်၌ဖော်ပြထားသည်။

အဆိုပါဦးတည်ချက်ကို ကြာသပတေးနေ့ကထုတ်ပြန်ခဲ့သည်။ ငြိမ်းချမ်းရေးသည် ပဋိပက္ခများချုပ်ငြိမ်းသွားခြင်းမှသာရရှိလာသည်မဟုတ်။ ရရှိခဲ့သောဒဏ်ရာဒဏ်ချက်များဖြစ်ကြသည့် အခွင့်အရေးချိုးဖောက်ခံရမှုများ၊ လူသားတစ်ဦးစီ၏ဂုဏ်သိက္ခာကိုသိမှတ်ခြင်းစသောကုထုံးသစ်များကိုအသုံးပြု၍လည်း တည်ဆောက်ရယူနိုင်သည်။

ကမ္ဘာ့ငြိမ်းချမ်းရေးနေ့ကို နှစ်စဉ်ဇန္န၀ါရီလ (၁) ရက်နေ့ ‘မာရိယာ ဘုရားမယ်တော်’ ပွဲနေ့၌ ကျင်းပသည်။ ကမ္ဘာ့ငြိမ်းချမ်းရေးနေ့ကို (၁၉၆၇) ခုနှစ်၊ ရဟန်းမင်းကြီးပေါလ် (၆) မှသတ်မှတ်စ၍စတင်ကျင်းပလာခဲ့သည်။ ရဟန်းမင်းကြီးများစွာသည် ငြိမ်းချမ်းရေးတည်ဆောက်မည့်အကြောင်းအရာများနှင့်စပ်လျင်း၍သာသနာ၏သွန်သင်ပိုင်ခွင့်အာဏာကိုအသုံးပြုကာဩ၀ါဒများမိန့်ကြားရာ၌ဖြစ်စေ၊ ကုလအစည်းအ‌ေ၀းများ၌ လူ့အခွင့်အရေးနှင့်သံတမန်အရေးနှင့်စီးပွားရေးဖွံ့ဖြိုးတိုးတက်လာစေရေးစသောအကြောင်း အရာများကိုမိန့်ကြားလေ့ရှိသည်။

(၂၀၂၅) ခုနှစ်အတွက် ရွေးချယ်ထားသောဦးတည်ချက်ကား ‘ကျွန်ုပ်တို့၏အမှားအယွင်းများကိုခွင့်လွှတ်တော်မူပါ။ ကိုယ်တော်၏ငြိမ်းချမ်းခြင်းကိုပေးသနားပါ’ ဟုဖြစ်သည်။ ဤဦးတည်ချက်သည် လာမည့်နှစ် သန့်ရှင်းသောဂျူဗလီနှစ်ကိုဦးတည်၍ ကျမ်းစာရူထောင့်နှင့်သာသနာ၏ရူထောင့်မှကောက်နုတ်ထားခြင်းဖြစ်သည်။

မျှော်လင့်ခြင်းနှင့်ခွင့်လွှတ်ခြင်းသည် ဂျူဗလီ၏ဗဟိုချက်မဖြစ်သည်။

ဤဦးတည်ချက်သည် ရဟန်းမင်းကြီးဖရန်စစ်၏ Laudato si နှင့် Fratelli tutti စာချွန်တော်များမှအခြေခံ၍ကောက်နုတ်ထားပြီး ဂျူဗလီနှစ်၏အုတ်မြစ်ဖြစ်သော ‘မျှော်လင့်ခြင်းနှင့်ခွင့်လွှတ်ခြင်း’ တ ရားကိုထည့်သွင်းထားသည်။ အဘယ်ကြောင့်ဆိုသော် ဂျူဗလီနှစ်သည်စစ်မှန်သောနောင်တဖြင့်အကျင့်ပြောင်းလဲရန်ဖိတ်ခေါ်ရမည့်အချိန်ဖြစ်သည်။ စီရင်ရမည့်အချိန်မဟုတ်ပေ။ ပြန်လည်ကျေအေးသင့်မြတ်၍ ငြိမ်းချမ်းရေးကိုပြန်လည်မီးထွန်းညှိပေးရမည့်အချိန်ဖြစ်သည်။

ကြေညာချက်ထဲ၌ ယနေ့ကမ္ဘာကြီးထဲ၌ဖြစ်ပွားနေသော ပဋိပက္ခအဖြစ်အမှန်များနှင့်လူမှုရေးအပြစ်များသည် ယနေ့၏လူ့အသိုင်းအ၀ိုင်းအားထိခိုက်ဖျက်ဆီးနေသည်။ ထို့ကြောင့် ဂျူဗလီ၏တရားတော် အစဉ်အလာအတိုင်း မျှော်လင့်ခြင်း၊ အပြစ်များကိုခွင့်လွှတ်ကျေအေးခြင်း၊ ကြွေးမြီများကိုလျောပေးခြင်း စသောဂျူဗလီ၏တရားများနှင့်အတူ သာသနာ့ဖခင်ကြီးများ၏အတွေးအမြင်များ၊ ကျင့်၀တ်ကျင့်စဉ်များသည် ၀ိညာဉ်ရေးအသက်တာ၊ သဘာ၀ပတ်၀န်းကျင်နှင့်ပြောင်းလဲလာနေသောယဉ်ကျေးမှုအတွက်လိုအပ်သောအ ကူအညီအထောက်အပံ့ဖြစ်ပေမည်။

အာဗီအေဘာသာပြန် – ဖာသာရ်ကလဲမင့်အားတယ်

https://bitly.cx/9vV6K

rvamyanmar
rvamyanmar
Articles: 1121

Leave a Reply

Your email address will not be published. Required fields are marked *