အထူးသတင်းများ

ဖာသာရ် ရစ်ချက်လှမင်းဦ (၃၃) ကြိမ်မြောက် သာမာန်တနင်္ဂနွေနေ့ ဩဝါဒ နိုဝင်ဘာလ ၁၄ ၊ ၂၀၂၁
rvamyanmarNov 14, 20211 min read
ဖာသာရ် ရစ်ချက်လှမင်းဦ (၃၂) ကြိမ်မြောက် သာမာန်ရက်သတ္တပတ်‌ စနေနေ့ ဩဝါဒ နိုဝင်ဘာလ ၁၃ ၊ ၂၀၂၁
rvamyanmarNov 13, 20211 min read
မြေယာပိုင်ဆိုင်မှုများနှင့်သဘာဝပတ်ဝန်းကျင်
rvamyanmarNov 13, 20211 min read

ထိန်းသိမ်းကြစေ သဘာဝအမွေ ဒီတစ်ပတ် ထိန်းသိမ်းကြစေ သဘာဝအမွေ…

ဖာသာရ် ရစ်ချက်လှမင်းဦ (၃၂) ကြိမ်မြောက် သာမာန်ရက်သတ္တပတ်‌ သောကြာနေ့ ဩဝါဒ နိုဝင်ဘာလ ၁၂ ၊ ၂၀၂၁
rvamyanmarNov 12, 20211 min read

ဘာသာရေးသတင်း

ထိန်းသိမ်းကြစေသဘာဝအမွေ

လူသားကမ္ဘာကောင်းကျိုးဖြာ

သီရိဂေဟာ

ပုပ်ရဟန်းမင်းကြီးဒေသနာတော်

အသီးတရာအညှာတစ်ခု

Word of Light

Pope’s Message

Triple Dialogue

Saints and Hero

Family

News and Stories

Environmental Program

Latest Stories

ကိုယ့်ကိုယ်ကိုတိုက်ပါ

အားလုံးပဲမင်္ဂလာပါအခုချိန်ဟာနှစ်ကူးကာလဖြစ်တာကြောင့်ကိုယ့်ကိုယ်ကိုတိုက်ပါဆိုတဲ့အကြောင်းအရာလေးကိုတင်ဆက်ပေးလိုက်ပါတယ်။လူတစ်ယောက်အဖို့ကိုယ့်ရဲ့အနီးဆုံးရန်သူဟာကိုယ်ကိုယ်တိုင်ပဲလို့ဆိုရမှာပါ။တစ်ရက်မှာနှစ်ဆယ့်လေးနာရီလုံးလုံးကိုယ့်ကိုချစ်ပေးမယ့်သူမရှိသလိုမုန်းနေမယ့်သူလည်းမရှိပါဘူး။ဒီတော့တစ်ရက်မှာ‌နှစ်ဆယ့်လေးနာရီလုံးလုံးအနီးကပ်ထက်ကြပ်မကွာဒုက္ခပေးနိုင်သူဟာကိုယ်ကိုယ်တိုင်ကလွဲပြီးဘယ်သူဖြစ်နိုင်တော့မှာလဲ။လူတိုင်းမှာစံကိုယ်စီရှိတယ်လို့ထင်ပါတယ်။ဒီလိုရုပ်ရည်မျိုးမှ၊ဒီလိုစိတ်သဘောထားမျိုးမှ၊ဒီလိုပိုင်ဆိုင်မှုမျိုးမှ၊ဒီလိုအပြုအမှုမျိုးမှ၊ဒီလိုမိသားစုနောက်ခံမျိုးမှဆိုပြီးကိုယ်နဲ့ဆက်ဆံရမယ့်သူများအပေါ်စံရွေးတတ်ကြပါတယ်။အဲဒီလိုပဲသူများတွေကလည်းသူတို့ရဲ့ကိုယ်ပိုင်စံပေတံနဲ့တိုင်းပြီးကိုယ့်ကိုရွေးချယ်ဆက်ဆံကြတာပါ။ကိုယ်စံနဲ့သူ့စံမကိုက်ညီကြရင်ပေါင်းလို့သင်းလို့အဆင်မပြေဖြစ်တတ်တာသဘာဝပါ။အဲဒီလိုပဲကိုယ့်စံနဲ့မကိုက်ညီတဲ့အပြုအမူမျိုးကိုကိုယ်ကိုတိုင်ကကျူးလွန်မိတဲ့အခါမျိုးကိုလူတိုင်းကြုံဖူးလို့လွယ်လွယ်နဲ့ခွင့်လွှတ်လိုက်ပြီးကိုယ့်ကိုယ်ကိုတော့သည်းခံပေါင်းသင်းတတ်ကြတာချည်းပါပဲ။လူတော်တော်များများကအဲဒီအနေအထားမျိုးကိုရောက်လာရင်အလွယ်ကူဆုံးဖြေရှင်းတဲ့နည်းကတော့ဆင်ခြေရှာတာပါ။ဒါပေမယ့်နဂိုမူလကိုယ်တိုင်သဘောကျရွေးချယ်ထားတဲ့စံနဲ့မကိုက်ညီတဲ့လူတေွကိုရင်ဆိုင်ရတဲ့အခါမှာတော့သူတို့ရဲ့ဆင်ခြေကိုလက်မခံနိုင်ဘဲဖြစ်တတ်ပါတယ်။ဒါကြောင့်တကယ့်တကယ်ကိုယ့်ကိုယ်ကိုယ်သစ္စာဖောက်ဖို့ဆိုတာသူများကိုသစ္စာဖောက်ဖို့ထက်လွယ်ကူနေတာကိုတွေ့ရမှာပါ။ကိုယ့်ကိုယ်ကိုကတိမတည်ဖို့ကလည်းသူများကိုပေးထားတဲ့ကတိဖျက်ရမှာထက်လွယ်နေတတ်ကြပါတယ်။တကယ်တော့ကိုယ့်ကိုယ်ကိုဘယ်လောက်အထိစံမမီပုဂ္ဂိုလ်ဖြစ်နေတယ်၊ကတိမတည်သူဖြစ်နေတယ်လို့သိနေတဲ့ခံစားမှုဟာကိုယ့်ကိုယ်ကိုအကြည်ညိုပျက်တဲ့ခံစားမှုကိုပဲမွေးဖွားပေးနိုင်ပါတယ်။

ByByrvamyanmarJan 4, 2022