အထူးသတင်းများ

ဖာသာရ် ပီတာကြည်မောင် အာရ်ဝင်းတူးကာလ စတုတ္ထရက်သတ္တပတ် အင်္ဂါနေ့ ဩဝါဒ ဒီဇင်ဘာလ ၂၁ ၊ ၂၀၂၁
rvamyanmarDec 21, 20211 min read
နှုတ်ကပတ်တော်လူ့ဇာတိအဖြစ်ယူရခြင်းရဲ့အနက်ရှိုင်းဆုံးအကြောင်းအရာများ
rvamyanmarDec 21, 20214 min read

ဒီကနေ့မှာတော့ နှုတ်ကပတ်တော်လူ့ဇာတိအဖြစ်ယူရခြင်းရဲ့အနက်ရှိုင်းဆုံးအကြောင်းအရာများကိုတင်ဆက်ပေးထားပါတယ်။ဘုရားရဲ့သားတော်လူ့ဇာတိယူရခြင်းဟာခရစ်ယာန်ဘာသာယုံကြည်ကိုးကွယ်မှုမှာအဓိကအခြေခံကျတဲ့နက်နဲဖွယ်ရာအချက်ဖြစ်ပါတယ်။ဒါကြောင့်ဘုရားရဲ့သားတော်လူ့ဇာတိအဖြစ်ယူရခြင်းရဲ့အနက်ရှိုင်းဆုံးအကြောင်းအရင်းတွေကိုတင်ဆက်ပေးလိုက်ပါတယ်။ဘုရားရဲ့သားတော်လူ့ဇာတိအဖြစ်ယူရခြင်းဟာလူသားအားလုံးအတွက်အတုမရှိအတိုင်းထက်လွန်တဲ့ဘုရားသခင်ရဲ့ကောင်းမြတ်ခြင်းနဲ့ချစ်ခြင်းမေတ္တာနဲ့ရုပ်လုံးဖော်ဆောင်တဲ့အမှတ်လက္ခဏာပဲဖြစ်ပါတယ်။ဘုရားသခင်၏သားတော်လူ့ဇာတိအဖြစ်ယူရခြင်းသည်လူသားအားလုံးတို့အတွက်အတုမရှိ၊အတိုင်းထက်လွန်သော၊အဆုံးစွန်သောဘုရားသခင်၏ကောင်းမြတ်ခြင်းနှင့်ချစ်ခြင်းမေတ္တာ၏ရုပ်လုံးဖော်ဆောင်သောအမှတ်လက္ခဏာဖြစ်ပါသည်။ဘုရားသခင်သည်အစမူလကပင်ချစ်ခြင်းမေတ္တာ၊ကောင်းမြတ်ခြင်းနှင့်ပြည့်စုံပြီး၊၎င်းချစ်ခြင်း၊ကောင်းမြတ်ခြင်းတို့သည်မိမိတစ်ပါးတည်းသောသားတော်ကိုလောကထဲသို့စေလွှတ်ပြီးအသက်စွန့်သည့်တိုင်အောင်လူသားအားလုံးကိုရွေးနှုတ်ကယ်တင်လိုက်ခြင်းဖြင့်ဖော်ပြခြင်းဖြစ်ပါသည်။ချစ်ခြင်း၊ကောင်းမြတ်ခြင်းဆိုသည့်အဓိပ္ပါယ်မှာမိမိ၏တစ်ပါးတည်းသောသားတော်ကိုလောကသားအားလုံးအတွက်ပေးလှူခြင်းဖြစ်ပါသည်။ဘုရားသခင်သည်မိမိဖန်ဆင်းသောအရာအားလုံးနှင့်အဆက်အသွယ်ပြုခြင်းဖြင့်မိမိကောင်းမြတ်ခြင်းကိုဖော်ထုတ်ပြခြင်းပဲဖြစ်ပါသည်။ဘုရားသခင်၌အတိတ်၊အနာဂတ်စသောအချိန်ဟူ၍မရှိပေ။ဘုရားသခင်သည်အချိန်၏ကန့်သတ်မှုအောက်၌မတည်ရှိပေ။သို့သောဘုရားသခင်လူ့အဖြစ်ယူခြင်းသည်အချိန်အခါ၊နေရာတစ်ခုဖြစ်ပါသည်။ဘုရား၏သားတော်လူ့အဖြစ်ယူခြင်းသည်အင်အားချည့်နဲ့သောလူသား၏သဘောသဘာဝကိုမျှဝေ၊ယူတင်ဝတ်ဆောင်ခြင်းဖြစ်သည်။ဤအရာသည်ကားကြီးမားလှသောဘုရားသခင်၏ချစ်ခြင်းမေတ္တာဖြစ်သည်။ဘုရားသခင်လူ့အဖြစ်ယူခြင်းသည်အစဉ်ထာဝရတည်တံ့သည့်ဘုရားအဖြစ်တော်ကိုပြောင်းလဲသွားမည်မဟုတ်ပေ။ဘုရားသခင်၏သားတော်လူ့ဇာတိအဖြစ်ယူရခြင်းသည်ချို့ယွင်းချက်မရှိလူသားမျိုးနွယ်အားလုံးကိုအပြစ်မှပြန်လည်ရွေးနှုတ်ခြင်းဖြစ်ပါသည်။သခင်ခရစ်တော်သည်မိမိကိုယ်ကိုနှိမ့်ချခြင်းဖြင့်ကြောက်မက်ဖွယ်ကောင်းသောထာဝရပျက်စီးခြင်းအခြေအနေမှကျွန်ုပ်တို့ကိုကယ်တင်ခဲ့သည်။အပြစ်တရားသည်ဘုရားနှင့်လူသားကြားတံတိုင်းကြီးသဖွယ်ကာရံထားပြီးစကြဝဠာကိုလည်းကစဉ့်ကလျားဖြစ်စေသည်။သို့ပင်ငြားလည်းဘုရားသခင်သည်ကျွန်ုပ်တို့၏အပြစ်များအတွက်အပြစ်ဖြေရာယဇ်ကောင်အဖြစ်စေလွှတ်တော်မူခဲ့ခြင်းဖြစ်သည်။နှုတ်ကပါတ်တော်လူ့အဖြစ်ယူခြင်းသည်အပြစ်တရား၏အကျိုးဆက်ဖြစ်သောဝမ်းနည်းကြေကွဲခြင်း၊ကျေးကျွန်ဘဝမှလွတ်မြောက်ရန်နှင့်ကျွန်ုပ်တို့၏အပြစ်အနာအဆာများကိုကုသဖို့ရန်ဖြစ်ပါသည်။သခင်ခရစ်တော်ဤလောကသို့ကြွလာခြင်းသည်အပြစ်ရင်းကြောင့်လူသားမျိုးနွယ်တစ်ရပ်လုံးခံစားနေရသောဒုက္ခများကိုယူဆောင်သွားခြင်းဖြစ်သည်ဟုသံသောမတ်စ်အကွိုင်းနက်ကဆိုခဲ့သည်။အပြစ်ကျေးကျွန်ဘဝ၌နစ်မွန်းနေသောလူသားအားလုံးကိုရွေးနှုတ်ခြင်းသည်လူ့ဇာတိအဖြစ်ယူရခြင်း၏အဓိကအခြေခံကျသောရည်ရွယ်ချက်ဖြစ်ပြီးဘုရားသခင်နှင့်အတူဘုန်းတော်ပြန်လည်ဝင်စားရခြင်းသည်လည်းအဆုံးစွန်သောရည်ရွယ်ချက်ဖြစ်သည်။ဘုရားသခင်၏သားတော်လူ့ဇာတိအဖြစ်ယူရခြင်း၏အကြောင်းရင်းသည်မကြာခဏကျဆုံးတတ်သောလူသားတို့သည်မိမိကိုယ်ကိုမကယ်တင်နိုင်ခြင်းကြောင့်ဖြစ်သည်။ဘုရားသခင်၏သားတော်လူ့ဇာတိအဖြစ်ယူရခြင်း၏အကြောင်းရင်းသည်လူသားတို့ဆုံးရှုံးခဲ့ရသောကျေးဇူးတော်အခြေအနေမှတစ်ဖန်ကျေးဇူးတော်ပြန်လည်ရရန်အတွက်မိမိတစ်ပါးတည်းသောသားတော်၏သွေးသွန်းအသေခံခြင်းအားဖြင့်အသင့်လျော်ဆုံးသောအရာဖြစ်သည်။ဘုရားသခင်သည်မကောင်းသောအရာများကိုအလိုမရှိပေ။သို့သောမကောင်းသောအရာများကိုခွင့်ပြုသည်။အကြောင်းမူကားပို၍ကောင်းမြတ်သောအရာများကိုရရှိဖို့ရန်အတွက်ဖြစ်သည်။အပြစ်ကျူးလွန်မှုတိုးပွားစေခြင်းငှါပညတ်တရားရောက်လာခဲ့၏။သို့သော်အပြစ်ဒုစရိုက်တိုးပွားသည့်အရပ်၌ကျေးဇူးတော်သည်ပို၍ကြွယ်ဝလေ၏။ဘုရားသခင်၏သားတော်လူ့ဇာတိအဖြစ်ယူရခြင်း၏အကြောင်းရင်းသည်လူသားတိုင်းမဖြစ်မနေကြုံတွေ့နေရသောဆင်းရဲဒုက္ခများကိုမျှဝေခံထမ်းဖို့ဖြစ်ပါသည်။ဆင်းရဲဒုက္ခသည်တစ်လောကလုံးအတွက်ဖြစ်ရပ်ဆန်းတစ်ခုဖြစ်ပါသည်။နာကျင်မှု၊ကိုယ်ခန္ဓာ၊စိတ်ထိတ်လန့်မှု၊သေခြင်း၊ဆာလောင်ခြင်းစသောအရာများသည်အာဒံနှင့်ဧဝတို့၏မနာခံမှုအကျိုးဆက်ကြောင့်ဖြစ်သည်။ငါတို့၏ကယ်တင်ခြင်းအတွက်သခင်ခရစ်တော်သည်ဒုက္ခခံတော်မူ၏။လူတစ်ယောက်သောသူတည်းဟူသောသခင်ခရစ်တော်၏အကျိုးတို့သည်လူများအတွက်ပို၍ကြွယ်ဝပြည့်စုံတော်မူ၏။ဘုရားသခင်၏သားတော်လူ့ဇာတိအဖြစ်ယူရခြင်းသည်ကျွန်ုပ်တို့အားလုံးဘုရားသခင်၏အဖြစ်တော်၌ပါဝင်ခံစားရန်နှင့်သန့်ရှင်းမြင့်မြတ်ခြင်း၌ကျွန်ုပ်တို့၏စံပြုထိုက်သူဖြစ်သည်။ဥပမာ-ယေဇူးကငါသည်လမ်းခရီးဖြစ်၏သမ္မာတရားလည်းဖြစ်၏။အသက်လည်းဖြစ်၏။ငါ့ကိုအမှီမပြုဘဲမည်သူမျှခမည်းတော်ထံသို့မလာနိုင်။နှုတ်တော်ထွက်စကားဇာတိအဖြစ်ယူရခြင်းသည်ကျွန်ုပ်တို့ကိုသန့်ရှင်းမြင့်မြတ်သောဘုရားသခင်အဖြစ်တော်၌ပါဝင်စေရန်နှင့်ဘုရားသခင်၏သားသမီးအဖြစ်သို့တင်မြှောက်ခြင်းပင်ဖြစ်ပါကြောင်းတင်ဆက်ပေးလိုက်ပါတယ်။

++အသင်းတော်ရာဇ၀င်++
rvamyanmarDec 20, 202127 min read

++အသင်းတော်ရာဇ၀င်++ နိဒါန်း To Tell You…

ဖာသာရ် ဩဂုတ်စတင်း တင်မောင်ထွန် အာရ်ဝင်းတူးကာလ စတုတ္ထရက်သတ္တပတ် တနလ်ာနေ့ ဩဝါဒ ဒီဇင်ဘာလ ၂၀ ၊ ၂၀၂၁
rvamyanmarDec 20, 20211 min read

ဘာသာရေးသတင်း

ထိန်းသိမ်းကြစေသဘာဝအမွေ

လူသားကမ္ဘာကောင်းကျိုးဖြာ

သီရိဂေဟာ

ပုပ်ရဟန်းမင်းကြီးဒေသနာတော်

အသီးတရာအညှာတစ်ခု

Word of Light

Pope’s Message

Triple Dialogue

Saints and Hero

Family

News and Stories

Environmental Program

Latest Stories

ရှေ့ဆက်သွားပါ

အဝေးပြေးလမ်းမကြီးတစ်ခုပေါ်တွင်မိန်းမပျိုတစ်ယောက်ကားတစ်စီးကိုကိုယ်တိုင်မောင်းနှင်နေသည်။သူမဘေးထိုင်ခုံမှာတော့သူမ၏အဖေထိုင်နေ၏။သူမသည်ကားမောင်းလာခဲ့ရာခရီးအတော်ရောက်လာတော့သူမတို့သားအဖနှစ် ယောက်မုန်တိုင်းတစ်ခုထဲ…

ByByrvamyanmarFeb 15, 2022