အထူးသတင်းများ

စိန်စတီဗင်း
rvamyanmarFeb 25, 20202 min read

သံစတီးဗင်း  (+၃၆) ပထမဦးသောဓမ္မအာဇာနည် ပထမဦးဆုံးသော ဓမ္မအာဇာနည် သံစတီးဗင်းသည် ရှေးဦးအသင်းတော်ကြီးထဲ၌ ထင်ရှားသော ဦးပဥ္စင်းကြီးခုနှစ်ပါးတွင် တစ်ပါးအပါအဝင်ဖြစ်သည်။ ဘုရား၏ကောင်းကြီး တန်ခိုးတော်များနှင့် ပြည့်စုံလျက်လူအများကြီးထဲတွင် ကြီးမားသာအံ့ဖွယ်ရာများပြုလုပ် ခဲ့သည်။ ဉာဏ်ပညာပြည့်စုံ၍ ဖြူစင်သောစိတ်ထားဖြင့် သူပြောသောစကားကို မည်သူ တစ်ဦးတစ်ယောက်မျှ ကြံ ့ကြံ ့မခံနိုင်ကြပေ။ ထိုကဲ့သို့သော စွမ်းရည်များကြောင့် ဂရိတ် ဘာသာစကားပြောသော ဂျူးများမနာလိုဒေါသဖြစ်ရကာ စတီးဗင်းအား အရှက်တစ်ကွဲ ဖြစ်စေဖို့ရန် အလို့ငှာတရားရုံးရှေ ့သို့ခေါ်ဆောင်သွားခဲ့ကြလေသည်။ သို့သော် စတီးဗင်း ၏မျက်နှာသည် သိကြားတမန်ကဲ့သို့သာတောက်ပ၍ “ သင်တို့သည် သင်တို့၏…

စိန်မော်နီကား
rvamyanmarFeb 25, 20202 min read

သံတာမော်နီကား      (၃၃၁-၃၈၇) သန့်ရှင်းသောပုဂ္ဂိုလ် သံသြဂုတ်စတင်း၏မိခင်ဖြစ်သော သံတာမော်နီကားသည် (၁၃၃)ခုနှစ်၊ မြောက် အာဖရိကတိုက်၊ တာဂါစထေမြို ့တွင် ဖွားမြင်ခဲ့သည်။ သူမ၏ထူးကဲသော စိတ်ရှည် သည်းခံခြင်းကြောင့် ကြမ်းတမ်းခက်ထန်ပြီး အကျင့်ပျက်သော ဗာဟီရဝါဒီသမား တစ်ဦးဖြစ်သည့် သူမ၏ခင်ပွန်းပါထရီးရှက်စ်သည် အကျင့်တရားပြောင်းလဲလာခဲ့ သည်။ သူမဆုံးမီတစ်နှစ်အလိုတွင် ဆေးကြောခြင်းစက္ကရမင်တူးကို ရရှိခဲ့သည်။ သူမ၏သားကြီး ဖြစ်သော သံသြဂုတ်စတင်းသည်လည်း သူမအတွက် အကြီးမား ဆုံးသောပြသနာတရပ် အဖြစ် ရှိနေခဲ့ပြန်သေးသည်။ သြဂုတ်စတင်းသည် ငယ်ရွယ်စဉ် အခါ၌ပင်လျှင် အသင်းသားလောင်း စာရင်းဝင်ဖြစ်သော်လည်း သူသည်ဆေးကြောခြင်း စက္ကရမင်တူး အကြောင်းကို…

အမျိုးသမီးတွေ ကျန်းမာရေးဟာ မိသားစုအတွက် ဘယ်လောက်အရေးကြီးတယ် ဆိုတဲ့ အကြောင်း
rvamyanmarFeb 25, 20205 min read

Woman’s health             ဒီနေ့မှာ အမျိုးသမီးတွေရဲ့ ကျန်းမာရေးက မိသားစုအတွက် ဘယ်လောက်အရေးကြီးတယ်၊ ဘယ်လောက်အရေးပါတယ်ဆိုတဲ့ အကြောင်းကို မျှဝေပေးချင်ပါတယ်။             ဥပမာလေးတစ်ခုနဲ့ အရင်ဆုံးတင်ပြပေးချင်ပါတယ်။ မိသားစုတစ်စုကို ခြုံစောင်တစ်ထည်နဲ့ ဥပမာထားချင်ပါတယ်။ ဒီခြုံစောင်မှာ အပေါက်အပြဲတစ်ခုရှိခဲ့ရင် အိပ်တဲ့အခါမှာ အပေါက်သေးပေမဲ့ လေးတိုးတဲ့အတွက် အိပ်ရတာ အစဉ်မပြေဘူး။ အိပ်ရေးပျက်သလိုဖြစ်တယ်။ ဒီအပေါက်လေးကို ဖာ လိုက်မှ ခြုံရတာအဆင်ပြေသွားတယ်။ အိပ်ရတာ အနှောက်အယှက်မဖြစ်တော့သလို အိမ်ထောင်ရှင် အမျိုးသမီးတစ်ယောက်ရဲ့ ကျန်းမာရေးဆိုတာလဲ ဒီခြုံစောင်လိုပါပဲ အမျိုးသမီးရဲ့ကျန်းမာရေးကို အသေးအမွှားထဲက ကုသမှသာ ကျန်းမာတဲ့ အမျိုးသမီးတစ်ယောက်ဖြစ်လာမယ်။…

ဖေ‌ဖော်ဝါရီလ ၂၃ ရက် သတ္တမအကြိမ်မြောက် သာမန် တနဂ်နွေနေ့
rvamyanmarFeb 24, 20204 min read

 ဖေ‌ဖော်ဝါရီလ ၂၃ ရက် ဓမ္မမိတ်ဆွေတို့ ဒီကနေ့ ဖေ‌ဖော်ဝါရီလ ၂၃ ရက် သတ္တမအကြိမ်မြောက် သာမန် တနဂ်နွေနေ့မှာ ဖြူစင်ခြင်းပါရမီကိုကျင့်ကြံကြဖို့တိုက်တွန်းနှိုးဆော်နေပါတယ်။ ပထမကျမ်းစာ ဝတ်ပြုရာကျမ်းမှာ ဘုရားသခင်သည် သန့်ရှင်းတော်မူသကဲ့သို့ ကျွန်ုပ်တို့သည်လည်း သန့်ရှင်းစင်ကြယ်ရမည့်အကြောင်း၊ ချစ်ခြင်းမေတ္တာသည် ဖြူစင်ခြင်းကျေးဇူးတော်တိုးပွားစေတယ် ဒါကြောင့် ဘုရားပေးသည့် ချစ်ခြင်းမေတ္တာကိုတိုးပွားရန် တစ်ပါးသူကို မိမိကိုယ်ကို ချစ်သကဲ့သို့ ချစ်ခင်ကြရမည့်အကြောင်းကို သင်ကြားပေးနေတယ်၊ ဆာလံကျမ်းမှာ ဘုရားသခင်သည် သနားကြင်နာတော်မူသော အရှင်သခင်ဖြစ်သည့်အကြောင်း၊ ဒုတိယကျမ်းမှာ တမန်တော်ပေါလူမှ ဖြူစင်ခြင်းပါရမီကျင့်အပ်သည့်အကြောင်းတို့ကို ထပ်လောင်းပြောဆိုဆုံးမထားသည်ကို ကျွန်တော်တို့ ကြားနာခဲ့ရတယ်။ ရှင်မာတေးဦး ကျမ်းစာမှာတော့…

ဘာသာရေးသတင်း

ထိန်းသိမ်းကြစေသဘာဝအမွေ

လူသားကမ္ဘာကောင်းကျိုးဖြာ

သီရိဂေဟာ

ပုပ်ရဟန်းမင်းကြီးဒေသနာတော်

အသီးတရာအညှာတစ်ခု

Word of Light

Pope’s Message

Triple Dialogue

Saints and Hero

Family

News and Stories

Environmental Program