အထူးသတင်းများ

ဖာသာရ်  Paul Thet Khaing (မန္တလေး) ၂၅ ကြိမ်မြောက်သာမန်ကာလ ဗုဒ္ဓဟူးနေ့ဩဝါဒ ၂၅၊ ၉၊ ၂၀၂၄
rvamyanmarSep 25, 20241 min read
ရှင်ဗင်းဆင်းဒီပေါလ် အကြောင်းကို တင်ဆက်ပေးထာပါတယ်
rvamyanmarSep 24, 20244 min read

ဆင်းရဲသားများကိုအစေခံခြင်းဟာခရစ်တော်ဘုရားရှင်ကိုအစေခံခြင်းဖြစ်ပါတယ်လို့ဗင်းဆင်းဆိုသူကက်သလစ်ရဟန်းတော်တစ်ပါးကဆိုခဲ့ပါတယ်။သူဆိုခဲ့တဲ့အတိုင်းပဲသူ့ရဲ့ဘဝတစ်လျောက်လုံးမှာလည်းဆင်းရဲသားများရဲ့ဘဝများအတွက်အသက်ရှင်ပေးဆပ်ခဲ့ပါတယ်။ဗင်းဆင်းဆိုခဲ့သလိုဆင်းရဲသားများအားအစေခံခြင်းဟာမိမိတို့ကိုးကွယ်ယုံကြည်ရာဘုရားရှင်ရဲ့ဆုံးမ သွန်သင်ချက်တွေနဲ့တရားတော်တွေကိုလိုက်နာကျင့်ကြံခြင်းဖြစ်ပါတယ်လို့အာဗီအေကိုကြည့်ရှု့အားပေးနားသောတဆင်နေကြသောအမိအဖညီအစ်ကိုမောင်နှမများအတွက်သတင်းကောင်းပါးချင်ပါတယ်။ဗင်းဆင်းကို၁၅၈၀ခုနှစ်မှာပြင်သစ်ပြည်တောင်ပိုင်းကရွာလေးတစ်ရွာမှာဆင်းရဲသားလယ်သမားမိသားစုမှမွေးဖွားခဲ့ပါတယ်။မွေးချင်း(၇)ယောက်ထဲမှာဗင်းဆင်းဟာ တတိယမြောက်သားဖြစ်ပါတယ်။ဗင်းဆင်းကိုမိဘတွေကရဟန်းတစ်ပါးဖြစ်စေလိုတဲ့အတွက်ပညာသင်ကြားနိုင်ဖို့လယ်ယာမှာအသုံးပြုနေတဲ့နွားတွေကိုရောင်းပြီးပညာသင်ပေးခဲ့ကြပါတယ်။ဆင်းရဲကြတဲ့အတွက်အခက်အခဲမျိုးစုံရှိပေမဲ့ရဟန်းတစ်ပါးဖြစ်နိုင်ဖို့မိဘတွေကအမြဲအားပေးခဲ့ကြပါတယ်။၁၆၀၀ခုနှစ်စက်တင်ဘာလ၂၃ရက်နေ့အသက် (၂၀)အရွယ်မှာပဲရဟန်းသိက္ခာခံယူခဲ့ပါတယ်။ရဟန်းတော်ဗင်းဆင်းဟာရည်မှန်းချက်ကြီးမားသူဖြစ်ပါတယ်။ငယ်ရွယ်သူတို့သဘာဝအရကြွယ်ဝချမ်းသာမှုကိုလဲလိုချင်ခဲ့ပါတယ်။ရဟန်းခံယူပြီးတဲ့နောက်ချမ်းသာတဲ့သူတွေသာတတ်နိုင်တဲ့ကျောင်းတစ်ကျောင်းမှာညွန်ကြားရေးမှုးတစ်ဉီးအဖြစ်တာဝန်ပေးအပ်ခံခဲ့ရပါတယ်။အဲဒီနောက်ပြင်သစ်ပြည်မှာချမ်းသာတဲ့ကျောင်းသား တွေကိုပဲစာသင်ကြားပေးခဲ့ရပါတယ်။ငယ်ရွယ်စဉ်မှာပဲပြင်သစ်ပြည်တစ်လျောက်သဘေ္်ာနဲ့ခရီးသွားစဉ်တူရကီပင်လယ်ဓားပြတွေနဲ့ကြုံတွေ့ပြီးဗင်းဆင်းနဲ့အတူခရီးသည်တွေကိုဖမ်းကာတခြားလူမျိုးခြားတွေထံကျွန်အဖြစ်ရောင်းစားခဲ့ကြပါတယ်။ဗင်းဆင်းဟာမွတ်ဆလင်တံငါသည်တစ်ဉီးဆီမှာကျွန်အဖြစ်ရောင်းစားခြင်းခံခဲ့ရပါတယ်။ဗင်းဆင်းဟာပင်လယ်ပြင်မှာ သူ့သခင်လိုက်ရပါတယ်လိုက်တိုင်းလှိုင်းမူးတတ်တာကြောင့်သူ့ရဲ့သခင်ကတခြားတစ်ယောက်ထံသူ့ကိုရောင်းစားလိုက်ပါတယ်။ဗင်းဆင်းရဲ့ကံကြမ္မာဘယ်လောက်ဆိုးလိုက်ပါသလဲ။ဒါပေမဲ့ဗင်းဆင်းကတော့စိတ်မပျက်ပါဘူး။နောက်ထပ်သူ့ရဲ့သခင်ဟာမြေပိုင်ရှင်တစ်ဉီးပါ။သူကဗင်းဆင်းကိုအလင်းရောင်မရှိတဲ့ညစ်ပတ်နံစော်နေတဲ့တဲထဲမှာထားပြီးနေ့စဉ်ကျောက်မြေတွေကို တူးခိုင်းပါတယ်။ဗင်းဆင်းမှာစကားပြောဖော်မရှိ၊မစ္ဆားတရားတော်မြတ်လဲမပူဇော်နိုင်တာအချိန်တွေတော်တော်ကြာနေပါပြီ။သူ့ရဲ့မွန်းကြပ်ပိတ်လှောင်မှုတွေကိုသီးချင်းအဖြစ်အသွင်ပြောင်းကာကျယ်လောင်စွာသီဆိုခြင်းဖြင့်ဖြေဖျောက်လေ့ရှိပါတယ်။ဗင်းဆင်းရဲ့သခင်ဟာဘာသာတရားပေါ့ဆနေတဲ့ခရစ်ယာန်တစ်ဉီးပါ။အခုလိုငယ်ရွယ်တဲ့ရဟန်းတော်တစ်ပါးရဲ့ကြိုးစားအား ထုတ်မှုနဲ့သူသီဆိုတဲ့ဓမ္မသီချင်းတွေကသူတို့မိသားစုရဲ့နှလုံးသားကိုပျော့ပြောင်းလာစေပါတယ်။ဒီလိုနဲ့ယုံကြည်ခြင်းမှာပြန်လည်ရှင်သန်လာတဲ့သူ့သခင်ဟာဗင်းဆင်းကိုကျွန်အဖြစ်ကနေလွတ်မြောက်ခွင့်ပေးခဲ့ပါတယ်။ဗင်းဆင်းဟာနှစ်နှစ်တာကျွန်အဖြစ်နေခဲ့ပြီးနောက်ပြင်သစ်ကိုပြန်လည်ရောက်ရှိလာပါတယ်။ဒီနှစ်နှစ်တာမှာသူကြုံတွေ့ခဲ့ရတဲ့အတွေ့အကြုံအဖြစ်အပျက်တွေ ကသူ့ရဲ့ဘဝကိုပြောင်းလဲပစ်လိုက်ပါတယ်။တစ်ချိန်တစ်ခါကအထက်တန်းလွှာလူတန်းစားတွေရဲ့အိမ်ကြီးအိမ်ကောင်းတွေနဲ့ရဲတိုက်တွေမှာဘဝကိုပျော်ရွှင်စွာဖြတ်သန်းနေထိုင်ရတာကိုခုံမင်ခဲ့ပေမဲ့အခုချိန်မှာတော့ဒုက္ခဝေဒနာခံထမ်းနေရတဲ့ဆင်းရဲသားတွေကိုအစေခံဖို့သူတို့အတွက်တစ်ခုခုလုပ်ပေးဖို့ဗင်းဆင်းတမ်းတလာခဲ့ပါတယ်။ကျွန်ဘဝရဲ့ဆိုးဝါးတဲ့အချိန်တွေဟာသူ့အတွက် စစ်မှန်တဲ့ပြောင်းလဲမှုနဲ့ဘဝရဲ့အဓိပ္ပါယ်ကိုရှာဖွေနိုင်ခဲ့ပါပြီ။ဒီနောက်မှာတော့ဗင်းဆင်းဟာပင်လယ်ဆိပ်ကမ်းတွေမှာကူလီလုပ်နေရတဲ့ကျေးကျွန်တွေဆီသွားတယ်။တုပ်နှောင်ခံနေရတဲ့ကျွန်တွေကိုလွတ်မြောက်ခွင့်ပေးဖို့ကြိုးစားတယ်။သူ့ရဲ့ကြိုးပမ်းမှုတွေမအောင်မြင်သေးပေမယ့်သူရဲ့သနားကြင်နာမှုတွေကြောင့်ဆင်းရဲသားကျေးကျွန်တွေအတွက်နှစ်သိမ့်မှုတွေတော့ခံစားခဲ့ပါတယ်။ ရဟန်းတော်ဗင်းဆင်းဟာချမ်းသာတဲ့တော်ဝင်မိသားစုနဲ့ရင်းနှီးကာပါရီမြို့ကကြီးမားတဲ့အိမ်ကြီးတစ်လုံးကိုအလှူရခဲ့ပါတယ်။သူတို့မိသားစုကတဆင့်ပြင်သစ်ဘုရင်နဲ့မိဖုရားအပါအဝင်ဿြဇာကြီးမားသူတွေနဲ့ပတ်သက်ခွင့်ရခဲ့ပါတယ်။နောက်ပိုင်းဆင်းရဲသားတွေကိုအကူအညီပေးရာမှာထိုသူတွေဟာဗင်းဆင်းအတွက်အထောက်အပံ့မဏ္ဏိုင်ကြီးတွေဖြစ်ခဲ့ပါတယ်။ ဒါ့အပြင်မဒမ်လူဝီးလ်ဆိုသူကလည်းသူမရဲ့ချမ်းသာကြွယ်ဝမှုတွေကိုဗင်းဆင်းလုပ်နေတဲ့ဆင်းရဲသားများအားကူညီထောက်ပံ့မှုအတွက်လှူဒါန်းကာသူမကိုယ်တိုင်ပူးပေါင်းပါဝင်ခဲ့ပါတယ်။ဗင်းဆင်းဟာဆင်းရဲသားတွေအတွက်စားစရာ၊အဝတ်အထည်၊ဆေးဝါးနဲ့ပညာသင်စရိတ်တွေကိုထောက်ပံ့ပေးပါတယ်။စိတ်ဒုက္ခခံစားနေရသူတွေဆီသွာရောက်ကာသူတို့ကိုနားထောင် ပေးတယ်၊နှစ်သိမ့်ကြင်နာမှုတွေပေးခဲ့ပါတယ်။အဲဒီခေတ်အခါကပြင်သစ်ပြည်မှာပြည်တွင်းစစ်ပွဲကြီးဟာတစ်နှစ်ပတ်လုံးမရပ်မနားဖြစ်ပွားနေချိန်ပါ။စစ်သားတွေကကျွဲ၊နွားတိရိစ္ဆာန်တွေကိုသတ်ဖြတ်ပြီးသီးနှံတွေကိုဖျက်ဆီးကြပါတယ်။လူထောင်ပေါင်းများစွာဟာအစာငတ်မွတ်ခေါင်းပါးကြရပါတယ်။ရာသီဥတုဒဏ်ကိုမခံနိုင်တာကြောင့်အသက်ပေါင်းများစွာဆုံးရှုံးကြရ ပါတယ်။ဒါကြောင့်အိမ်နဲ့လမ်းတွေပေါ်မှာသေကျေပုပ်ပွကြရပါတယ်။ရဟန်းတော်ဗင်းဆင်းဟာဒီဖြစ်ရပ်ဆိုးကြီးကို(၁၃)ကြိမ်မြောက်ဘုရင်လူဝီးထံလျောက်တင်ကာကယ်ဆယ်ရေးလုပ်ငန်းတွေကိုသူ့အဖွဲ့အစည်းတွေနဲ့စွမ်းစွမ်းတမံလုပ်ဆောင်ခဲ့ကြပါတယ်။ရဟန်းတော်ဗင်းဆင်းကတော့သူ့ရဲ့ဘဝတစ်လျောက်လုံးဆင်းရဲသားတွေကိုကူညီရင်း၁၆၆၀၊စက်တင်ဘာ၂၇မှာ ပျံလွန်တော်မူခဲ့ပါတယ်။ယနေ့ကမ္ဘာမှာစိန့်ဗင်းဆင်းဒီပေါလ်အဖွဲ့အစည်းဟာရဟန်းတော်၊သီလရှင်မျာနဲ့လူပုဂ္ဂိုလ်တွေစုပေါင်းကာဆင်းရဲသားများအားဆက်လက်ကူညီထောက်ပံ့လျက်ရှိပါတယ်။အာဗီအေမြန်မာဘာသာအစီအစဉ်ကိုကြည့်ရှုနားသောတဆင်နေကြသောပုဂ္ဂိုလ်တိုင်းလဲမိမိတို့နီးစပ်ရာကဆင်းရဲသားများကိုတတ်နိုင်သလောက်ကူညီထောက်ပံ့နိုင်ကြပါစေလို့၏ ဆုမွန်တောင်းရင်းတင်ဆက်ပေးလိုက်ပါတယ်။

ရှင်ဗင်းဆင်းဒီပေါလ် အကြောင်းကို တင်ဆက်ပေးထာပါတယ်
rvamyanmarSep 24, 20241 min read
ဖာသာရ်  Alphonse Aung Ko Latt (မန္တလေး) ၂၅ ကြိမ်မြောက်သာမန်ကာလ အင်္ဂါနေ့ဩဝါဒ ၂၄၊ ၉၊ ၂၀၂၄
rvamyanmarSep 24, 20241 min read

ဘာသာရေးသတင်း

ရဟန်းမင်းကြီးဖရန်စစ် ဗင်းနစ်မြို့ရှိစိန့်မာခ်ရင်ပြင်၌မစ္ဆားပူဇော်မည်။

ရဟန်းမင်းကြီးဖရန်စစ် ဗင်းနစ်မြို့ရှိစိန့်မာခ်ရင်ပြင်၌မစ္ဆားပူဇော်မည်။

ရဟန်းမင်းကြီးဖရန်စစ် ဗင်းနစ်မြို့ရှိစိန့်မာခ်ရင်ပြင်၌မစ္ဆားပူဇော်မည်။ ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်သည် လာမည့် (ဧပြီ…

rvamyanmarApr 27, 20243 min read

ထိန်းသိမ်းကြစေသဘာဝအမွေ

လူ့အသက်တန်ဖိုး

လူ့အသက်တန်ဖိုး

rvamyanmarMar 2, 20231 min read

ထိန်းသိမ်းကြစေ သဘာဝအမွေ ဒီတစ်ပတ် ထိန်းသိမ်းကြစေ သဘာဝအမွေအစီအစဉ်မှာ…

လူသားကမ္ဘာကောင်းကျိုးဖြာ

လယ်သမားများကိုမှိုင်းမသောသံအိစီဒို

လယ်သမားများကိုမှိုင်းမသောသံအိစီဒို

rvamyanmarMay 9, 20231 min read

ဒီကနေ့အတွက် လယ်သမားများကို မှိုင်းမသောသံအီစီဒိုရဲ့ အကြောင်းကို တင်ဆက်ပေးလိုက်ပါတယ်။

သီရိဂေဟာ
ဘဝမှာလက်ကိုင်ထားသင့်တဲ့အရာများ

ဘဝမှာလက်ကိုင်ထားသင့်တဲ့အရာများ

rvamyanmarOct 4, 20234 min read

ဘဝတသက်စာ လက်ကိုင်ထားသင့်သည့်အရာများ ဘဝမှာ အကောင်းဆုံးသောအရာတွေကို အလကားရကောင်းရနိုင်ပါလိမ့်မယ်။ဒါပေမယ့်…

Word of Light

Pope’s Message

Triple Dialogue

Saints and Hero

Family

News and Stories

Environmental Program