အထူးသတင်းများ

အစ္စလာမ်ဘာသာမှာ ငြိမ်းချမ်းရေးအကြောင်းကို ဘယ်လိုသွန်သင်သလဲ?
rvamyanmarOct 28, 20245 min read

ဓမ္မမိတ်ဆွေညီအစ်ကိုမောင်နှမတို့ဘာသာတရားတွေကအကြမ်းဖက်ခြင်း၊အငြင်းပွားခြင်း၊ပဋိပက္ခတွေကိုဖြစ်စေခြင်းမဟုတ်ပဲနဲ့ဘာသာတရားအသီးသီးတိုင်းကငြိမ်းချမ်းရေးကိုအဓိကအရာအဖြစ်သွန်သင်တဲ့အကြောင်းလေ့လာနေကြတာဖြစ်ပါတယ်။ယခင်အပတ်တွေကခရစ်ရန်ဘာသာတွေကငြိမ်းချမ်းရေးအကြောင်းကိုဘယ်လိုသွန်သင်လည်းဆိုတာလေ့လာနေကြတာဖြစ်ပါတယ်။ဒီတစ်ပတ်မှာအစ္စလာမ်ဘာသာမှာငြိမ်းချမ်းရေးအကြောင်းကိုဘယ်လိုသွန်သင်လည်းဆိုတာကိုကျွန်တော်တို့ရနိုင်သလောက်လေ့လာကြည့်ကြရအောင်။ အစ္စလာမ်ဘာသာမှာ”Peace”,”shalom”ငြိမ်းချမ်းခြင်းကအလာရှင်မြတ်၏လှပသောအမည်နာမ၉၉ခုမှာတစ်ခုတစ်ခုအပါဝင်ဖြစ်ပါတယ်။မူစလင်တွေကတစ်ယောက်နှင့် တစ်‌ယေက်နုတ်ဆက်ကြတဲ့ အခါမှာ၊နေ့စဥ်ဆုတောင်း ဝတ်ပြုခြင်းပြုလုပ်ကြတဲ့အခါမှာ(Assalamualaykum)ငြိမ်းချမ်းခြင်းသင့်အပေါ်သို့သက်ရောက်ပါစေဟုဤဘုရားဂုဏ်တော်ကိုသူတစ်ပါးပေါ်၌ကမ်းလှမ်းပေးကြပါတယ်။ကိုယ်တိုင်ကြမ်းစာမှာအလာရှင်မြတ်ကသူတို့ကိုယခုဘဝမှာရောနောင်တမလွန်ဘဝမှာ‌ရောငြိမ်းချမ်းခြင်းတည်ရနေရာ ထိုနေရာသို့ဖိတ်ခေါ်တော်မှူပါတယ်။ နံနက်မိုး သောက်ချိန်ထိငြိမ်းချမ်းခြင်းရှိနေတဲ့တံခိုးတော်နှင့်ပြည့်စုံသောညတော်၌ကိုယ်တိုင်ကြမ်းစာအုပ်ကိုမိုးကောင်းကင်မှရှိတယ်လို့ယုံကြည်တဲ့အကြောင်းကိုယ်တိုင်ကြမ်းစာမှာတွေ့ရှိရပါတယ်။မိုးကောင်းကင်”Paradise”သို့ဝင်ရောက်လာကြတဲ့သူတော်သူမြတ်တွေကိုငြိမ်းချမ်းခြင်းနှုတ်ဆက်ခြင်းဖြင့်နှုတ်ဆက်တယ်လို့ယုံကြည်ကြတယ်။ အစ္စလာမ်နိုင်ငံတွေမှာဘုရားတရားကြည်ညိုတဲ့မူစလင်တစ်ယောက်ကမူဟာမက်(Muhammad)ရဲ့အမည်နာမများဖြစ်စေ၊အစောပိုင်း(Prophets)များဖြစ်ကြတဲ့နူးဟ်(Noah)၊အာဗရာဟမ်(Abraham)၊မိုးစက်စ်(Moses)၊အီဇူးတို့၏အမည်နာမတွေကိုရွတ်ဆိုကြသလိုပုံမှန်နှုတ်ဆက်ခြင်းကိုလည်းဘယ်တော့ခါမှမပျက်ကွက်ကြပါဘူး။သနားကြင်နာတော်မူသော၊ဂရုဏာမေတ္တာရှိတော်မူသောအလာအရှင်မြတ်၏နာမတော်အားဖြင့်ဟူ၍ကိုယ်တိုင်ကြမ်းစာတော်မြတ်အစပြုတော်မူခြင်းဖြစ်တယ်။မူစလင်တွေကဆုတောင်းခြင်းပဲဖြစ်ဖြစ်မိန့်ခွန်းပြောရာမှာပဲဖြစ်ဖြစ်မကြာခဏအခုနကလိုပြောပီးတော့အစပြုလေ့ရှိကြပါတယ်။”Mercy”သနားခြင်း၊”Compersion”ကြင်နာခြင်း၊”Peace”ငြိမ်းချမ်းခြင်းတို့ကကိုယ်တိုင်ကြမ်းစာထဲမှာမကြာခဏတွေ့ရတဲ့အရာဖြစ်ပါတယ်။ကိုယ်တိုင်ရဲ့သွန်သင်ချက်ကငြိမ်းချမ်းခြင်းဖြင့်နှုတ်ဆက်ခံရတဲ့သူတွေကငြိမ်းချမ်းခြင်းမှာကောင်းကြီးပေးခြင်းထပ်ပေါင်းပြီးတော့ပြန်နှုတ်ဆက်ရမှာဖြစ်ပါတယ်။ သင်သည်နှုတ်ဆက်ခြင်းခံရသည့်အခါမှာထိုနှုတ်ဆက်ခြင်းထက်ပို၍ကောင်းသောနှုတ်ဆက်ခြင်းဖြင့်နှုတ်ဆက်လော့သို့မဟုတ်ထိုတိုင်းပြန်၍နှုတ်ဆက်လော့။အဲ့ကြောင့်မူစလင်တွေက(Assalamualaykum)လို့နှုတ်ဆက်ခံရတဲ့အခါမှာသင့်အပေါ်၌ငြိမ်းချမ်းခြင်းရှိပါစေအလာရှင်မြတ်၏ကောင်းကြီးနှင့်ငြိမ်းချမ်းခြင်းသင့်အပေါ်သို့သက်ရောက်ပါစေလို့ပြန်ပြီးတော့နှုတ်ဆက်ပါတယ်။ အစ်စ္စလာမ်မှာ”Tradition”တစ်ခုရှိတယ်တစ်ခါကလူတစ်ယောက်ကမူဟာမက်(Muhammad)အခုလိုမေးလျှောက်ပါတယ်အိုပ‌ရောဖက်တပည့်တော်၏ဘဝရဲ့ကိစ္စတွေအားလုံးဖြေရှင်းနိုင်စွမ်းရှိရအောင်တပည့်တော်ကိုအကြံအနည်းငယ်လောက်မဆပါ။မူဟာမက်(Muhammad)ကအခုလိုပြန်ဖြေတယ်‌ဒေါသအမြတ်မထွက်နဲ့ငြိမ်းချမ်းတွက်ဒီအရာဟာအလွန်ကောင်းတဲ့အကြံဖြစ်ပါတယ်။နောက်“Tradition”တစ်ခုလည်းရှိတယ်သင့်ရဲ့ရန်သူနှင့်ထိပ်တိုက်ရင်ဆိုင်သောဆန္ဒမရှိနဲ့ငြိမ်းချမ်းခြင်းကိုသာအလာရှင်မြတ်ထံမှာအစဥ်တောင်းရှောက်ပါဟူ၍မူဟာမက်(Muhammad)အရှင်သူမြတ်ကအခုလိုမိန့်ဆိုခဲ့ပါတယ်။ အကယ်၍တစ်စုံတစ်ယောက်ကမကောင်းမူကိုကောင်းမူနှင့်တုံပြန်ပါကရန်သူကိုမိတ်ဆွေဖြစ်လာစေခြင်းဖြင့်အနိုင်ရလိမ်းမည်လို့ကိုယ်ရန်ကြမ်းမှာဆိုထားပါတယ်။မကောင်းမူနှင့်ကောင်းမူသည်ညီမျှခြင်းတူသည်မဟုတ်ပို၍မျှတသောအရာဖြင့်တုန့်ပြန်ပါကြည့်လော့သင်နှင့်သူ့ကြားရှိသောရန်ငြိုးသည်သူသည်သင်၏သစ္စာရှိသောမိတ်ဆွေသကဲ့သို့ဖြစ်လာလိမ့်မည်။(Jihad)ကိုဘာသာရေးစစ်ပွဲသန့်ရှင်းသောစစ်ပွဲအဖြစ်နှင့်သိကြပါတယ်ဒါပေမယ့်၎င်းကထိုစကားလုံးရဲ့မူလအစ္စလာမ်မစ်အဓိပ္ပာယ်မဟတ်ဘူးလို့ကျွမ်းကျင်သူပညာရှင်များကဆိုကြပါတယ်။(Jihad)ရဲ့အဓိပ္ပာယ်ကယေဘုယျအားဖြင့်ကြိုးပန်းအားထုတ်ခြင်း၊ကြိုးစားခြင်း၊ရုံးကန်ခြင်းဟူ၍ဖြစ်ပါတယ်(Jihad)ရဲ့အဓိပ္ပာယ်ကဂုဏ်ပြုချီးကြူးထိုက်တဲ့ရည်ရွယ်ချက်အတွက်ကြိုးပန်းခြင်းဖြစ်ပါတယ်။ ဘာသာတရားရေးကဏ္ဍမှာဆိုရင်(Jihad)ရဲ့အဓိပ္ပာယ်ကမိမိ၏မကောင်းတဲ့စိတ်ယိမ်းယိုင်မှုတွေကိုဆန့်ကျင်ရုန်းကန်ခြင်း၊လူ့အသိုင်းဝိုင်းရဲ့ကိုယ်ကျင့်တရားမြင့်တက်အောင်ကြိုးပန်းအားထုတ်ခြင်းနောက်ပြီးတော့အစ္စလာမ်ဘာသာတရားပြန့်နှံအောင်ကြိုးပန်းအားထုတ်ခြင်းတို့ဖြစ်ပါတယ်။နှုတ်ဖြင့်(Jihad)ပြုလုပ်ခြင်း၊ကလောင်စာပေဖြင့်(Jihad)ပြုလုပ်ခြင်းဤအရာတွေကငြိမ်းချမ်းစွာဆောင်ရွက်ကြတဲ့အရာတွေဖြစ်ပြီးတော့ဒါကဖြင့်(Jihad)ပြုလုပ်ခြင်းကတော့အကြမ်းနည်းကိုသုံးခြင်းပါဝင်နိုင်ပါတယ်ငြင်းပန်းနှိတ်စက်ခြင်းမရှိတော့တဲ့အချိန်ထိတိုင်အောင်အလာအရှင်မြတ်၏ဘာသာတရားဖြစ်သည့်တိုင်အောင်၎င်းတို့ကိုတိုက်ခိုက်လော့ထို့နောက်အကယ်၍ထိုသူတို့မှအရှုံးပေးလျှင်ရန်ရှိတော့မည်မဟုတ်၊မကောင်းမူပြုသူများကိုချမ်းသာ‌ပေးလော့။ဘုရားတရားကြည်ညိုပြီးတော့တရားကျင့်ကြံအားထုပ်တဲ့အစ္စလာမ်မစ်အသိုင်းအဝိုင်းများမှာဝိညာဥ်ရေးပိုင်းဆိုင်ရာကိုယ်ကျင့်တရားပိုင်းဆိုင်ရာ(Jihad)ကိုပိုပြီးတော့အလေးပေးကြတယ်။ဒါကို”GreaterJihad”မဟာ(Jihad)လို့လည်းခေါ်ကြပါတယ်။ တရားစီရင်ရာနေ့ရက်မှာအလာရှင်မြတ်သည်သစ္စာရှိသောသူအားဤကဲ့သို့မိန့်ဆိုလိမ့်မည်ငြိမ်းချမ်းခြင်းရှိသောအိုဝိညာဥ်သင်၏အရှင်ထံသို့ပြန်လာလေလော့”Paradise”ကိုငြိမ်းချမ်းခြင်းရှိရာဘုရား၏အိမ်တော်အဖြစ်အစ္စလာမ်ဘာသာကရှု့မြင်ပါတယ်။ဒါပေမဲ့ထိုနေရာသို့‌ရောက်ရှိနိုင်ဖို့ဤကမ္ဘာကြီးပေါ်အသက်ရှင်စဉ်လူတွေကအလာရှင်မြတ်ကိုနာခံကြရမယ်။အစ္စလာမ်ရဲ့အဆိုတစ်ခုရှိပါတယ်ငြိမ်းချမ်းခြင်းစီသို့အလာရှင်မြတ်ကလမ်းညွှန်ခေါ်စောင်လိမ့်မယ်အကယ်၍သူတို့သည်လိုက်နာကြမည်ဆိုပါကစိတ်၏အမှောင်ထုမှငြိမ်းချမ်းခြင်းအလင်းစီသို့ခေါ်ဆောင်တော်မူလိမ့်မယ်။ဓမ္မမိတ်ဆွေညီအစ်ကိုမောင်နှမများဘာသာတရားတို့၏အမှန်တကယ်သွန်သင်ရာအချက်များကိုလေ့လာနေခြင်းအားဖြင့်ငြိမ်းချမ်းခြင်းကိုပါဝင်တည်ဆောက်သူများဖြစ်ကြပါစေ။

ဖာသာရ်  Peter Yan Naung (မန္တလေး) ၃၀ ကြိမ်မြောက်သာမန်ကာလ တနင်္လာနေ့ဩဝါဒ ၂၈၊ ၁၀၊ ၂၀၂၄
rvamyanmarOct 28, 20241 min read
ဖာသာရ် Augustine တင်မောင်ထွန်း (မန္တလေး) ၃၀ ကြိမ်မြောက်သာမန်ကာလ တနင်္ဂနွေနေ့ဩဝါဒ ၂၇၊ ၁၀၊ ၂၀၂၄
rvamyanmarOct 27, 20241 min read
ဖာသာရ် Augustine တင်မောင်ထွန်း (မန္တလေး) ၃၀ ကြိမ်မြောက်သာမန်ကာလ တနင်္ဂနွေနေ့ဩဝါဒ ၂၇၊ ၁၀၊ ၂၀၂၄
rvamyanmarOct 27, 20241 min read

ဘာသာရေးသတင်း

အမေရိကန်ပြည်ထောင်စု၊ တက်ဆက်စ်ပြည်နယ်၌ကျွန်စနစ်ဖျက်သိမ်းသည့်နှစ်ပတ်လည်နေ့ကျင်းပ

အမေရိကန်ပြည်ထောင်စု၊ တက်ဆက်စ်ပြည်နယ်၌ကျွန်စနစ်ဖျက်သိမ်းသည့်နှစ်ပတ်လည်နေ့ကျင်းပ

အမေရိကန်ပြည်ထောင်စု၊ တက်ဆက်စ်ပြည်နယ်၌ကျွန်စနစ်ဖျက်သိမ်းသည့်နှစ်ပတ်လည်နေ့ကျင်းပ ဇွန်လ (၁၉) ရက်နေ့သည်…

rvamyanmarJul 4, 20242 min read
ကင်ညာနိုင်ငံ၌ သီလရှင်ညီအစ်မများလူမှုကွန်ရက်အဖွဲ့ကိုစတင်

ကင်ညာနိုင်ငံ၌ သီလရှင်ညီအစ်မများလူမှုကွန်ရက်အဖွဲ့ကိုစတင်

ကင်ညာနိုင်ငံ၌ သီလရှင်ညီအစ်မများလူမှုကွန်ရက်အဖွဲ့ကိုစတင် ကင်ညာနိုင်ငံ၌…

rvamyanmarJul 4, 20242 min read
ကင်ညာနိုင်ငံ၌ သီလရှင်ညီအစ်မများလူမှုကွန်ရက်အဖွဲ့ကိုစတင်

ကင်ညာနိုင်ငံ၌ သီလရှင်ညီအစ်မများလူမှုကွန်ရက်အဖွဲ့ကိုစတင်

ကင်ညာနိုင်ငံ၌ သီလရှင်ညီအစ်မများလူမှုကွန်ရက်အဖွဲ့ကိုစတင် ကင်ညာနိုင်ငံ၌ ကက်သလစ်သီလရှင်ညီအစ်မများအဖွဲ့ကပင်လျှင် ၄င်းတို့၏ဆက်ကပ်ရှင်သန်သောအသက်တာအတွက်အကျိုးဖြစ်စေမည့်အကြောင်းအရာများကိုမျှ‌ဝေဝေင်ရန်ရည်ရွယ်၍…

rvamyanmarJul 4, 20242 min read
ကင်ညာနိုင်ငံ၌ သီလရှင်ညီအစ်မများလူမှုကွန်ရက်အဖွဲ့ကိုစတင်

ကင်ညာနိုင်ငံ၌ သီလရှင်ညီအစ်မများလူမှုကွန်ရက်အဖွဲ့ကိုစတင်

ကင်ညာနိုင်ငံ၌ သီလရှင်ညီအစ်မများလူမှုကွန်ရက်အဖွဲ့ကိုစတင် ကင်ညာနိုင်ငံ၌ ကက်သလစ်သီလရှင်ညီအစ်မများအဖွဲ့ကပင်လျှင် ၄င်းတို့၏ဆက်ကပ်ရှင်သန်သောအသက်တာအတွက်အကျိုးဖြစ်စေမည့်အကြောင်းအရာများကိုမျှ‌ဝေဝေင်ရန်ရည်ရွယ်၍…

rvamyanmarJul 4, 20242 min read

ထိန်းသိမ်းကြစေသဘာဝအမွေ

အစားအသောက်လေလွင့်မှု နှင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှု

အစားအသောက်လေလွင့်မှု နှင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှု

rvamyanmarMay 11, 20246 min read

အစားအသောက်လေလွင့်မှု နှင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှု———————————————– ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (World…

လူသားကမ္ဘာကောင်းကျိုးဖြာ

အတ္တဗဟိုပြုတဲ့အတွေးတွေကို ကျော်လွန်ပါ

အတ္တဗဟိုပြုတဲ့အတွေးတွေကို ကျော်လွန်ပါ

rvamyanmarOct 17, 20233 min read

“တစ်ယောက်ယောက်အပါ် ဆုံးဖြတ်ချက်ချမယ် မှတ်ချက်ပြုတော့မယ်ဆို သူ့ဘက်ကဘယ်လိုအခြေအနေရှိနေလဲဆိုတာ အရင်စဉ်းစားသင့်တယ်။”…

ပုပ်ရဟန်းမင်းကြီးဒေသနာတော်

Word of Light

Pope’s Message

Triple Dialogue

Saints and Hero

Family

News and Stories

Environmental Program