သူငယ်တော်ယေဇူးလေးမွေးဖွားသန့်စင်ခဲ့တဲ့နွားတင်းကုပ်လေးစတင်ခဲ့ခြင်းအကြောင်း
သူငယ်တော်ယေဇူးလေးမွေးဖွားသန့်စင်ခဲ့တဲ့နွားတင်းကုပ်လေးစတင်ခဲ့ခြင်းအကြောင်း

ဒီကနေ့လူသားးကမ္ဘာကောင်းကျိုးဖြာအစီအစဉ်တွက်သူငယ်တော်ယေဇူးလေးမွေးဖွားသန့်စင်ခဲ့တဲ့နွားတင်းကုပ်လေးတွေကိုဘယ်သူကစတင်ပြုလုပ်ခဲ့ပြီးဘယ်လိုရည်ရွယ်ချက်လေးနဲ့ပြုလုပ်ခဲ့တယ်ဆိုတဲ့အကြောင်းအရာလေးကိုတင်ဆက်ပေးထားပါတယ်။ကမ္ဘာအနှံနှံအပြားပြားမှာရှိတဲ့ကက်သလစ်ဘုရားကျောင်းအသီးသီးနဲ့တချို့အိမ်လေးတွေမှာခရစ္စမတ်အချိန်ခရစ်တော်ဖွားမြင်တော်မူခန်းကိုပြန်လည်အောက်မေ့သတိရစေဖို့နွားတင်ကုပ်လေးတွေကိုဖန်တီးတည်ဆောက်ကြပါတယ်။အဲဒီနွားတင်းကုပ်လေးတွေထဲမှာဆင်းတုတော်လေးတွေပုံတော်လေးတွေထည့်ပြီးခရစ်တော်ဖွားမြင်တော်မူခန်းကိုပုံဖော်ကြပါတယ်။နွားတင်းကုပ်လေးတွေရဲ့မူလအစတီထွင်သူကတော့အီတလီနိုင်ငံသားဖရန်စစ်အစီစီပဲဖြစ်ပါတယ်။ခရစ်တော်ဘုရားရှင်ရဲ့နွားစားခွက်တွင်းဘဝကိုကွတ်ကွတ်ကွင်းကွင်းမြင်ယောင်စေဖို့ရန်အတွက်နှင့်ခရစ်တော်ဘုရားရှင်ရဲ့နှိမ့်ချစွာလူ့အဖြစ်ယူခြင်းကိုအတုယူစေဖို့ရန်အတွက်နွားတင်းကုပ်လေးတွေကိုစတင်ဖန်တီးခဲ့တာဖြစ်ပါတယ်။ဒီလိုနဲ့ခရစ်တော်ဘုရားရှင်ရဲ့ဖွားမြင်တော်မူခြင်းပုံစံနွားတင်းကုပ်လေးကိုလူတိုင်းနှစ်သက်မြတ်နိုးကြပြီးနွားတင်းကုပ်ပုံစံငယ်လေးတွေလုပ်တဲ့ဓလေ့ထုံတမ်းဟာကမ္ဘာအနှံအပြားပျံ့နှံသွားခဲ့ပါတယ်။ကျွန်မတို့အသီးသီးဟာခရစ္စမတ်အချိန်ရောက်တိုင်းနွားတင်းကုပ်လေးတွေတည်ဆောက်ဖို့မမေ့ကြသလိုနွားတင်းကုပ်လေးတည်ဆောက်ခြင်းရဲ့နောက်ကွယ်မှာရှိတဲ့နှိမ့်ချခြင်းပါရမီကိုလဲမမေ့သင့်ပါဘူး။

Daily Programs

အထူးသတင်းများ

အဘိုးအဘွားတွေကိုစောင့်ရှောက်ရမယ့် မြေးတွေရဲ့တာဝန်
rvamyanmarSep 6, 20184 min read

အားလုံးပဲ မင်္ဂလာပါရှင် ကျွန်မကတော့ အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း…

ချစ်သူစုံတွဲတွေရန်ဖြစ်ကြတဲ့အခါ
rvamyanmarSep 6, 20183 min read

အိမ်ထောင်တစ်ခုမှာဘဲဖြစ်ဖြစ် ချစ်ခြင်းမေတ္တာနဲ့ ချည်နှောင်ထားတဲ့ ချစ်သူစုံတွဲတွေမှာဘဲဖြစ်ဖြစ် တချို့လည်း…

မိဘမေတ္တာငတ်နေတဲ့ကလေးများ
rvamyanmarSep 6, 20184 min read

ဒီနေ့ သီရိဂေဟာကဏ္ဍမှာတော့ မိဘမေတ္တာ ငတ်နေတဲ့ကလေးများဆိုတဲ့အကြောင်းကို ဝေမျှပေးချင်ပါတယ်။…

လူရည်ချွန်
rvamyanmarSep 6, 20185 min read

https://youtu.be/VYA4Cw8OgWU ဒီနေ့မှာ ကျောင်းသားလူငယ်လေးတွေ အတုယူအားကျနိုင်ဖို့ ရှမ်းပြည်မြောက်ပိုင်း…

ဘာသာရေးသတင်း

ထိန်းသိမ်းကြစေသဘာဝအမွေ

လူသားကမ္ဘာကောင်းကျိုးဖြာ

သီရိဂေဟာ

ပုပ်ရဟန်းမင်းကြီးဒေသနာတော်

အသီးတရာအညှာတစ်ခု

Word of Light

Pope’s Message

Triple Dialogue

Saints and Hero

Family

News and Stories

Environmental Program