အဆိပ်ဖြစ်စေတဲ့အရာတွေကို ဖြတ်တောက်ပစ်ပါ
ဒီကနေ့သီရိဂေဟာ အစီအစဥ်ထဲက လူငယ်ကဏ္ဍအနေဖြင့် အဆိပ်ဖြစ်စေတဲ့အရာတွေကို ဖြတ်တောက်ပစ်ပါ ဆိုတဲ့အကြောင်းအရာလေးကို…
အကောင်းမြင်ပါ
ဒီကနေ့အတွက် ” အကောင်းမြင်ပါ ” ဆိုတဲ့အကြောင်းအရာလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ ပုံမှန်လူတစ်ယောက်ရဲ့…
မိမိကိုယ်ကို အဆုံးစီရင်ခြင်းမှကာကွယ်ရန် ရှေ့ဦးသူနာပြုစုနည်း လမ်းညွှန်
ထိန်းသိမ်းကြစေ သဘာဝအမွေ ဒီတစ်ပတ် ထိန်းသိမ်းကြစေ သဘာဝအမွေအစီအစဉ်မှာ ကောင်းသော…
မိမိအိမ်ထောင်ရေးကို ဘယ်လိုထိန်းသိမ်းရင်ဖြင့် ဆက်လက်ရှင် သန်နိုင်မလဲ
Save Marriage ဒီနေ့ခေတ် အိမ်ထောင်ရေးတွေမှာ ဇနီးမောင်နှံတွေကြား relationship…
သံတာမာဂရက်မေရီ
ဒီကနေ့အတွက် သံတာမာဂရက်မေရီရဲ့အကြောင်းကိုတင်ဆက်ပေးလိုက်ပါတယ်။သံတာမာဂရက်မေရီသည်ယေဇူးရွှေနှလုံးတော်၏တမန်တော်ဖြစ်ပြီး(၁၆၄၇)ခုနှစ်တွင်ပြင်သစ်ပြည်ဂျနောစ်မြို့၌ဖွားမြင်ခဲ့သည်။သူမ၏ဖခင်သည်သူမငယ်ရွယ်စဉ်ကပင်ကွယ်လွန်ပြီးနောက်ပိုင်း၌သူမသည်မိမိအားကျွန်ကဲ့သို့ဆက်ဆံသူအဒေါ်၏ညှင်းပန်းနှိပ်စက်မှုဒဏ်ကိုခံနိုင်ရည်ရှိရန်ကိုယ်တော်မြတ်စက္ကမင်တူးကိုခွန်အားရယူရာအဖြစ်သိရှိခဲ့သည်။အသက်(၂၀)အရွယ်တွင်သူမမိသားစု၏ကန့်ကွက်မှုများကြားမှပါရေလေမိုနီရယ်မြို့ရှိလှည့်လည်ကူညီရိုင်းပင်းသောသီလရှင်ဂိုဏ်းထဲသို့ဝင်ရောက်ခဲ့သည်။သူမ၏သီလရှင်လောင်းဘဝသက်တာသည်ခက်ခဲကြမ်းတမ်းခဲ့သည်။သို့သော်လည်း သူမသည်အခက်အခဲပေါင်းစုံကိုသည်းခံစွာခံထမ်းခဲ့သည်။(၁၆၇၃)ခုနှစ်ဒီဇင်ဘာ(၂၇)မှစ၍(၁၈)လပတ်လုံးသခင်ယေဇူးသည်သူမအားဘုရားကျောင်းမစ္ဆားပလ္လင်မှနေ၍ကိုယ်တိုင်ထင်ရှားပြခဲ့သည်။သခင်ယေဇူးသည်သူမအားဖိတ်ခေါ်၍ရွှေနှလုံးတော်၏ချစ်ခြင်းမေတ္တာကြီးမားပုံကိုဖော်ပြခဲ့သည်။ထို့အပြင်လူများထိခိုက်စော်ကားနေကြသောမကောင်းမှုများကိုပြန်လည်ပြုပြင်ပြောင်းလဲလာစေရန်ဆက်ကပ်ပူဇော်မှုများပြုလုပ်ရန်ပြောကြားခဲ့သည်။လ၏ပထမသောကြာနေ့တိုင်း၌ပူဇော်မှုများကိုသန့်ရှင်းစင်ကြယ်သောနှလုံးတော်ကိုပူဇော်ပြီးပြုလုပ်ရန်ကြာသပတေးညတိုင်းသန်းခေါင်မတိုင်မှီ(၁)နာရီအချိန်တွင်လည်းပြုလုပ်၍သော်လည်းကောင်းသန့်ရှင်းစင်ကြယ်သောနှလုံးတော်ပွဲနေ့ကိုကျင်းပပူဇော်ခြင်းအားဖြင့်သော်လည်းကောင့်းပူဇော်ပေးရန်ဖြစ်သည်။ သူမ၏အကြီးအကဲသည်သူမကိုမယုံကြည်၍တန်ခိုးလက္ခဏာတစ်ခုကိုပြရန်ပြောဆိုခဲ့သည်။တဆက်တည်းတွင်ရက်အနည်းငယ်ကြာပြီးနောက်ပိုင်း၌သူမသည်ထူးဆန်းအံ့ဩစွာဖြင့်အပြင်းဖျားရာမှပြန်လည်နေကောင်းလာလေသည်။ထို့နောက်မေရီသည်သခင်ယေဇူးကသူမအားမိန့်ကြားခဲ့သည့်ဆာတန်နတ်ဆိုး၏သွေးဆောင်ဖျားယောင်းခြင်းကိုမခံရစေရန်သင်၏အကြီးအကဲများသဘောမတူညီဘဲဘယ်အရာမျှမလုပ်ဆောင်နှင့်ဆိုသည့်စကားကိုပြန်လည်သတိယခဲ့သည်။ထိုအကြောင်းအရာသည်လူသိရှင်ကြားဖြစ်လာသောအခါတစ်ချို့ဘာသာရေးကျွမ်းကျင်သူများကယုံကြည်ရန်ငြင်းဆိုကြသည်။သို့ပေမယ့်ဘုန်းတော်ကြီးကလောက်စ်လာကိုကွန်ဘီးရေသည်ထိုပြသနာကိုတာဝန်ယူခဲ့ပြီးသာသနာဆိုင်ရာအကြီးအကဲများရှေ့မှောက်၌ထိုအံ့ဖွယ်ရူပါရုံကိုထောက်ခံကာကွယ်ခဲ့သည်။(၁၆၈၇)ခုနှစ်၌ယေဇူးရွှေနှလုံးတော်ကိုဂုဏ်ပြုသောအားဖြင့်ပရေးမြို့၌ဘုရားကျောင်းတစ်ခုကိုဆောက်လုပ်ပြီး ရွှေနှလုံးတော်အားသဒ္ဒါကြည်ညိုခြင်းအမှုသည်အသင်းတော်တစ်ဝှမ်းလုံး၌ပျံ့နှံ့လာခဲ့သည်။သံတာမာဂရက်မေရီသည်(၁၆၉၀)ခုနှစ်၌ကွယ်လွန်တော်မူခဲ့သည်။
ဆယ်ဖို့တစ်ဖို့ထည့်ခြင်းဖြင့် ဝင်ငွေအားလုံးသည်ဘုရားရှင်ရှေ့မှာသန့်ရှင်းစင်ကြယ်နိုင်ပါမလား
တန်ဖိုးထားမှ တန်ဖိုးရှိမယ်
ထိန်းသိမ်းကြစေ သဘာဝအမွေ ဒီတစ်ပတ် ထိန်းသိမ်းကြစေ သဘာဝအမွေ အစီအစဉ်မှာ…
မပျော်ရွှင်ခြင်းရဲ့အကြီးမားဆုံးအကြောင်းပြချက်
ငါ့ကို ဒီလူ မကြိုက်တော့ဘူးလား ငါ့ကို ဒီလူ စိတ်ဆိုးနေတာလား…
စိပ်ပုတီးစိပ်ခြင်း
ဒီကနေ့အတွက်စိပ်ပုတီးစိပ်ခြင်းနှင့်ဘာကြောင့်စိပ်ပုတီးစိပ်သင့်သလဲဆိုတဲ့အကြောင်းအရာလေးကိုတင်ဆက်ပေးထားပါတယ်။ဘာသာတရားတိုင်းမှာဘုရားသခင်ကိုဝတ်ပြုဆုတောင်းဆည်းကပ်ကြတဲ့မေတ္တာတို၊မေတ္တာရှည်များစွာရှိပါတယ်။အဲ့ဒီမေတ္တာတွေကိုရွတ်ဖတ်ဆုတောင်းကြရာမှာအကြိမ်အရည်တွက်ကိုရေရွတ်ဖို့နည်းလမ်းအမျိုးမျိုးကိုရှာဖွေခဲ့ကြပါတယ်။ယနေ့ကျမတို့ကိုင်ဆောင်ထားကြတဲ့စိပ်ပုတီးတစ်ကုံးဖြစ်ပေါ်လာဖို့နှစ်ရာစုပေါင်းများစွာကြာမြင့်ခဲ့ရသလိုပထမဉီးဆုံးသဲကန္တာရမှာသီတင်းသုံးနေထိုင်ကြသောရသေ့များဟာသူတို့နေ့စဉ်ရွတ်ဆိုရတဲ့မေတ္တာတွေကိုရည်တွက်ဖို့လက်ချောင်းများ(သို့)လုံးဝိုင်းတဲ့ခဲလုံးလေးတွေကိုအသုံးပြခဲ့ကပါတယ်။လက်ချောင်းတွေကိုအသုံးပြုတဲ့အခါအားနည်းချက်တစ်ခုမှာအခြားအလုပ်ကိစ္စတွေကိုမပြုလုပ်နိုင်ခြင်း၊အနှောင့်အယှက်တွေပေါ်လာတဲ့အခါမှာဘယ်နေရာမှာအဆုံးသတ်ခဲ့တာကိုမမှတ်သားနိုင်ခြင်းစတဲ့အကြောင်းအရာတွေကြောင့်အခြားရည်တွက်နည်းလမ်းတွေကိုရှာဖွေဖို့လိုအပ်လာခဲ့ကြပါတယ်။ရှေးကျတဲ့လူ့အဖွဲ့အစည်းတစ်ခုမှာအစပြုပြီးကျောက်တုံးချောလေးတွေကိုအသုံးပြုကာဆုတောင်းမေတ္တာတွေကိုစတင်ရေတွက်လာကြပါတယ်။ကျောက်တုံးလေးတွေကိုတစ်ပုံကနေတစ်ပုံရွှေ့ခြင်း၊ကျောက်တုံးများကိုလိုက်လံစုဆောင်းခြင်းနှင့်စုထားသောကျောက်တုံးများကိုတစ်လုံးစီလွှတ်ပစ်ခြင်းများပြုလုပ်ခြင်းဖြင့်ဆုတောင်းမေတ္တာများကိုရေတွက်ခဲ့ကြတယ်။ဤနည်းလမ်းတွင်လည်းမေတ္တာများကိုအာရုံပြဖို့အတွက်အဆင်မပြေတဲ့အချက်ရှိနေပြန်ပါတယ်။အဲ့တာကတော့ ကျောက်တုံးတွေကိုလိုက်ကောက်ရတာနှင့်မေတ္တာအရည်အတွက်များလာတဲ့အခါစုဆောင်းထားရသည့်ကျောက်တုံးအရည်အတွက်များခြင်းတို့ဖြစ်လာပါတယ်။ထိုအချိန်တွင်နောက်နည်းလမ်းအသစ်တစ်ခုပေါ်ပေါက်လာခဲ့ပါတယ်။အဲ့ဒါကတော့ကြိုးချဉ်မျှင်ငယ်များကိုကျစ်ထားသောကြိုးတစ်စကိုအသုံးပြုခြင်းဖြစ်သည်။ထိုကြိုးပေါ်တွင်အထုံးလေးများပြုလုပ်ကာအရည်အတွက်ကိုမှတ်သားနိုင်သကဲ့သို့ခရီးသွားတဲ့အခါမှာလည်းလွယ်ကူစွာသယ်ဆောင်သွားလာနိုင်ခဲ့ကြသည်။ဤနည်းလမ်းမှာအရမ်းလွယ်ကူပြီးမေတ္တာများကိုအာရုံပြုဖို့ရန်အတွက်လည်းအထောက်အကူပြုလာပါတယ်။ဒီနည်းလမ်းကိုအသုံးပြုခဲ့ချိန်မှာအားနည်းချက်တစ်ခုကတော့ အချိန်ကြာလာတာနဲ့အမျှကြိုးတွေဟာညစ်ပတ်ပေတေလာခြင်းပဲဖြစ်ပါတယ်။အလှအပကြိုက်သူများအတွက်စိတ်ကျေနပ်မှုကိုလည်းမပေးနိုင်တော့ပါဘူး။ဒါကြောင့်အလုံးလေးတွေကိုသံ၊ကြေးကွင်းများဖြင့်ချိတ်ဆွဲထားသောကြိုးများပေါ်ပေါက်လာခဲ့ပါတယ်။သံ၊ကြေးကွင်းများဖြင့်ချိတ်ဆွဲထားတဲ့အလုံးလေးများမှာလှပသပ်ရပ်မှုရှိရုံသာမကကြာရှည်ခံခြင်း၊သပ်ရပ်ခြင်းများကိုပေးနိုင်ခဲ့ခြင်းကြောင့်သံ၊ကြေးကွင်းဖြင့်ပြုလုပ်ထားသောအလုံးလေးများကိုစတင်အသုံးပြုလာခဲ့ကြပါတယ်။ကြိုးထုံးလေးများကိုသီကုံးထားသောကြိုးတစ်ချောင်းကိုအသုံးပြုကာမေတ္တာဆိုခြင်းကိုအလယ်ရာစုခေတ်မှာပိုမိုတွင်ကျယ်စွာအသုံးပြုခဲ့ခြင်းကိုသမိုင်းအထောက်အထားများအရတွေ့ရှိရပါတယ်။အလယ်ရာစုခေတ်တွင်ရှိခဲ့သောရသေ့ကျောင်းများမှာမစ္ဆားတရားချိန်ပြင်ပ၌နေ့စဉ်ဒါဝိတ်မင်းကြီးရေးစပ်ထားသောဆာလံကျမ်း၁၅၀အားလုံးကိုရသေ့များနေ့စဉ်ဆုတောင်းမှုအသက်တာတစ်ခုအဖြစ်ရွတ်ဆိုလေ့ရှိကြသည်။ဆာလံများမှာလက်တင်းဘာသာဖြင့်ရေးသားထားခြင်းကြောင့်ရသေ့တချို့မှာလိုက်မဆိုနိုင်ခဲ့ကြပါ။ဒါကြောင့် ဆာလံ ၁၅၀ အစား…