
ပြဿနာ
ပြဿနာရှိတိုင်း ဆက်ဆံရေးပျက်ရမလားဆိုတဲ့ အတွေးနဲ့အမေးဟာ တစ်ဦးချင်းကိစ္စ ကနေ ကျေးရွာ၊မြို့နယ်အထိအကျုံဝင်ပါလိမ့်မယ်။ ဒါတင်မက နိုင်ငံတစ်နိုင်ငံ ဒေသတစ်ခုအထိလည်း ကျယ်ပြန့်တတ်ပါတယ်။ ဒီတော့ အသိုင်းအဝိုင်းများမှာ ပြဿနာတစ်ခုခုဖြစ်လာခဲ့ရင် ဓမ္မတာအတိုင်း တစ်ယောက်နဲ့တစ်ယောက်၊ တစ်ဖက်နဲ့တစ်ဖက်ဟာ ဆက်ဆံရေးတွေ ပျက်ယွင်းချို့တဲ့သွားတတ်ပါ တယ်။ ဆက်ဆံရေးပျက်ယွင်တာဟာ ကောင်းတဲ့ကိစ္စတော့ မဟုတ်ပါဘူး။ မကောင်းတဲ့ ဆိုးကျိုးတွေ ကြီးကြီး မားမား ပေါ်လာတတ်ပြီး သေးတဲ့ပြဿနာကကြီးလာပြီး ကြီးတဲ့ပြဿနာက ထိန်းညှိလို့မရအောင် ပေါက် ကွဲသွားတတ်ပါတယ်။ ဒီလိုအခြင်းအရာမျိုးဟာ နှစ်စလုံးအတွက် အကျိုးရှိစေမှာတော့ မဟုတ်ပါဘူး။ အရင်က ကာလရှည်စွာတည်ဆောက်ခဲ့ရတဲ့ ရင်းနှီးကျွမ်းဝင်မှု၊ သဘောထားကြီးမှုတွေဟာ…

