rvamyanmar

rvamyanmar

ချစ်သူစုံတွဲတွေရန်ဖြစ်ကြတဲ့အခါ

အိမ်ထောင်တစ်ခုမှာဘဲဖြစ်ဖြစ် ချစ်ခြင်းမေတ္တာနဲ့ ချည်နှောင်ထားတဲ့ ချစ်သူစုံတွဲတွေမှာဘဲဖြစ်ဖြစ် တချို့လည်း မကြာခဏ တချို့လည်း အချိန်အတော်ကြာမှာ ရန်ဖြစ်ကြတာဟာ လျှို့ဝှက်ချက်တစ်ခုတော့ မဟုတ်ပါဘူးနော်။ ငြင်းကြ၊ ခုန်ကြတာ စကားနိုင် လုကြတာကြတာ၊ ရန်ဖြစ်ကြတာတွေဟာ တစ်ဦးနှင့်တစ်ဦး ချစ်တာ ခင်တာတွေ ရင်းနှီးတာတွေကို ပျက်ပြားစေနိုင်သလို စိတ်သောက တွေကိုလည်းရောက်စေနိုင်ပါတယ်။ ဒေါသအလွန်အမင်းထွက်တဲ့အတွက် တချို့စုံတွဲတွေဆိုရင် Relationship တွေ အဆုံးသတ်သွားတာ တွေရှိနေပါတယ်။ စကားများရန်ဖြစ်ကြရင် ဆင်ခြင်သင့်တာလေးတွေရှိပါတယ် အခုခေတ်စကားနဲ့ဆိုရင် အစာမကြေတော့လို့ စကားများ ရန်ဖြစ်ရင် အမှန်တကယ်ရန်ဖြစ်တဲ့အကြောင်းရင်းကနေ သွေဖယ်သွားပီးတော့ တခြားအကြောင်းအရာတွေနဲ့ အဆုံးသတ်သွားတာတွေ များပါတယ်။…

မိဘမေတ္တာငတ်နေတဲ့ကလေးများ

ဒီနေ့ သီရိဂေဟာကဏ္ဍမှာတော့ မိဘမေတ္တာ ငတ်နေတဲ့ကလေးများဆိုတဲ့အကြောင်းကို ဝေမျှပေးချင်ပါတယ်။ သောတရှင်များရှင် မိဘနှစ်ပါးစလုံးမဲ့နေတဲ့ကလေးတွေ၊ မိခင်မဲ့နေတဲ့ကလေးတွေ၊ ဖခင်မဲ့တဲ့ကလေးတွေ၊ ဒုနဲ့ဒေးရှိ နေပါပြီ။ ဒီတော့ ကျွန်မတို့ မြန်မာနိုင်ငံမှာတော့ မေတ္တာငတ်တာကတော့ မဆန်းသလိုဖြစ်လာပါပြီ။ အခုကမ္ဘာကြီးကလည်း တိုးတက်နေ တော့ ဇနီးမယားတွေက  လင်ယောကျ်ားနဲ့အပြိုင် အပြင်ထွက်ပြီးတော့ အလုပ်လုပ်လာကြတဲ့အခါမှာ သားသမီးတွေနဲ့ မိဘတွေ့ရတဲ့ အချိန်ကနည်းလာပါတယ်။ နေ့တိုင်းတွေ့ရတာဆိုရင်တော့ တွေ့ယုံသက်သက်တော်ပါသေးရဲ့ရှင်။ တစ်ချို့ကျတော့လည်း ရွှေ့ပြောင်း လုပ်သားအဖြစ်နဲ့ နိုင်ငံရပ်ခြားကို မလုပ်သွားပြီးတော့ လုပ်နေကြရတဲ့သူတွေပါ။ သားသမီးတွေကို အဖိုးအဖွား၊ အဒေါ်၊ ဦးလေးတွေနဲ့ ထားရစ်ခဲ့တယ်။ တစ်ချို့လည်း…

လူရည်ချွန်

ဒီနေ့မှာ ကျောင်းသားလူငယ်လေးတွေ အတုယူအားကျနိုင်ဖို့ ရှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့၊ အ.ထ.က (၂)က နဝမတန်း ကျောင်းသား ၂ ယောက်တို့ရဲ့ ပညာသင်နှစ် ၂၀၁၇-၂၀၁၈ မှာ လူရည်ချွန်ဆုပေးပွဲအခမ်းအနားကို ကျွန်မကိုယ်တိုင် သွားရောက်မေးမြန်း ခဲ့ပုံကို တဆင့်မျှဝေပေးမှာဖြစ်ပါတယ်။             အရင်ဆုံးတင်ပြရမယ်ဆိုရင် နမ္မတူမြို့ဆိုတာ ရှမ်းလူမျိုးခွဲထွက်ရေး၊ ပလောင်ခွဲထွက်ရေး အဖွဲ့တွေနဲ့ တပ်မတော်နဲ့ တိုက်ပွဲတွေ ဖြစ်နေတာ နှစ်ပေါင်း ၅၀ မကတော့ပါဘူး။ မြို့က မအေးချမ်းပါဘူး။ တိုက်ပွဲရှောင်စခန်းတွေမှာလည်း တိုက်ပွဲရှောင်တွေ အများကြီးရှိလို့ နေတာပါ။             ဒီလိုမငြိမ်မသက်ဖြစ်နေတဲ့ကြားကမှ…

ဂိမ်းကစားတာလွန်နေပြီလား

ဒီနေ့မှာ မိမိသားသမီး ဂိမ်းစွဲလန်းတာ လွန်နေပြီလားလို့၊ အခု၂၁ ရာစုမှာ လူငယ်တော်တော်များများက ကွန်ပျူတာတက်ဗလက်၊ အိုင်ပက်၊ တယ်လီဖုန်းနည်းပညာမျိုးစုံနဲ့ အလုပ်ရှုပ်နေကြတယ်။ လူငယ်တွေက တယ်လီဖုန်းနဲ့ ဂိမ်းကစားလေ့ရှိတယ်။             လူငယ်တွေအတွက်ကတော့ ဂိမ်းကစားတယ်ဆိုတာ တနေ့တာ ပင်ပန်းနွမ်းနယ်တာတွေ စိတ်ဖိစီးတာတွေကို ဖြေပျောက်ဖို့ပဲဖြစ် ပါတယ်။             ဒါပေမယ့် မိမိရွေးချယ်ကစားတဲ့ ဂိမ်းနဲ့ ရည်ရွယ်ချက်ကိုတော့သိဖို့လိုပါတယ်။ တချို့ဂိမ်းတွေက အကြမ်းဖက်တိုက်ခိုက်တာ၊ ညှင်းပမ်းနှိပ်စက် သတ်ဖြတ်တာတွေကို အားပေးစေပါတယ်။ တချို့လူငယ်တွေကိုတော့ အသစ်ထွက်တဲ့ ဂိမ်းခွေတွေကို ဝယ်ယူကစား လေ့ရှိတယ်။             ဂိမ်းကစားတယ်ဆိုတာ ဦးနှောက်ကို…

ချစ်ခြင်းမေတ္တာဟူသည်

   ဒီနေ့ကတော့ ချစ်ခြင်းမေတ္တာဟူသည်ဆိုတဲ့ ခေါင်းစဉ်နဲ့ ကျွန်မဂျူလီယာကြူကြူခင်ကနေ တင်ဆက်ပေးချင်ပါတယ်။ သောတရှင်များရှင် ချစ်သူနှစ်ဦး ထိမ်းမြားမင်္ဂလာဆောင်ကြတယ်ဆိုတာ တစ်ဦးနဲ့တစ်ဦးချစ်ကြလို့ လက်ထပ်ကြတာပါ။ ဒီလိုပါဘဲ လူကြီးမိဘတွေ သဘောတူလို့ ပေးစားပြီးတော့ မင်္ဂလာဆောင်ကြတယ်။ ဒါတွေဟာ ဘာတွေလဲ။ လက်ထပ်ထိမ်းမြားမင်္ဂလာဆောင်တယ် ဆိုတာက ချစ်ခြင်းမေတ္တာရဲ့ အခြေခံလို့ ကျွန်မဆိုချင်ပါတယ်။ ကျွန်မတို့နေထိုင်တဲ့ကမ္ဘာကြီးပေါ်မှာ ဒုတိယအရေးကြီးဆုံးက ချစ်ခြင်း မေတ္တာလို့ စာအုပ်တစ်အုပ်မှာ ကျွန်မဖတ်ဖူးပါတယ်။ ကျွန်မတို့တတွေ လူတိုင်းဘဲ ချစ်ခြင်းမေတ္တာကိုရှာဖွေကြတယ်။ အချစ်ခံချင်ကြ တယ်။ ရလာတဲ့အချစ်ကိုလည်း တာရှည်ခံအောင် ရေရှည်တည်မြဲအောင် ဘဝတစ်သက်တာအတွက် လိုချင်ကြတယ်။ တစ်ခါတစ်လေကျ…

ကလေးတွေကို ဘယ်လိုပြုစုပျိုးထောင်မှာလဲ

 ဒီနေ့မှာ ကလေးသူငယ်ပြုစုစောင့်ရှောက်ရေး parenting style အကြောင်းကို တင်ပြပေးချင်ပါတယ်။           မိဘတွေအနေနဲ့ ကလေးသူငယ်များတွေကို ဘယ်လိုစောင့်ရှောက်သင့်သလဲ?           အရမ်းချုပ်ခြယ်ရင် ကောင်းမလား?           အရမ်းလွတ်လပ်ခွင့်ပေးရင်ကောင်းမလား?           အရမ်းဂရုစိုက်လွန်းရင်ကော ကောင်းမလား?           ဘယ်လိုပုံစံမျိုးနဲ့ ပြုစုပျိုးထောင်သင့်သလဲ?           ကျွန်မတို့ မြန်မာ့ယဉ်ကျေးမှုအရကော ကလေးရဲ့ life ကဘယ်လိုရှိသလဲ? ဒါဆိုရင် မိဘကကော ဘယ်လိုပြုစုပျိုးထောင်မလဲ?           အခုချုပ်ခြယ်ပြီးတော့ ပျိုးထောင်ရင်ကော၊ ချယ်ခြယ်တယ်ဆိုတာက ဟိုဟာမလုပ်နဲ့၊ ဒါမလုပ်နဲ့၊ ဟိုမသွားနဲ့၊ ဒါမစားနဲ့၊ ဘာကို လုပ်ရမယ်။…

သားသမီးပြုစု ပျိုးထောင်သွန်သင်ခြင်း

သားသမီးပြုစု ပျိုးထောင်သွန်သင်ခြင်း သားသမီးတစ်ယောက် အရွယ်ရောက်လာဖို့ လူ့လောကအလယ်မှာ အောင်မြင်ဖို့ဆိုတာ မိဘရဲ့ တာဝန်ပါ။မိဘရဲ့ ပြုစု ပျိုးထောင်ပုံ၊မိဘရဲ့  လေ့ကျင့်ပျိုးထောင်မှုတွေ အများကြီး လိုအပ်ပါတယ် ဒါမှလည်းအောင်မြင်မှာပါ။ဒီလိုအောင်မြင်ဖို့ဆိုတာကလည်း မိဘနှစ်ပါးစလုံးမှာ တာဝန်ရှိပါတယ်။အထူးသဖြင့် သားသမီးရအောင်လို့ မိမိတို့ ယုံကြည်ကိုးကွယ်ရာ မြတ်ဘုရားထံမှာ မိဘနှစ်ပါးစလုံးက ဆုပန်တောင်းခဲ့ကြ လို့ ဒီ ဝိညာဉ်နဲ့ လူသားလေးတစ်ယောက်ရလာပါပြီ ။ အင်မတန်မှလည်း တန်ဖိုးရှိပါတယ်။ သူ့ဘဝရဲ့ တစ်သက်စာ ထာဝရ ကံကြမ္မာဟာလည်း ဒီ မိဘနှစ်ပါးပေါ်မှာ အခြေပြု စတင်လာတာပဲဖြစ်ပါတယ်။ဒါကြောင့်မို့ သားသမီးတစ်ယောက်ကို မှန်ကန်တဲ့ လေ့ကျင့်မှုတွေနဲ့…