
ပယင်း(Amber)

ပယင်းထွက်ရာမြေ မိတ်ဆွေအပေါင်းတို့ခင်ဗျာ – – – အပတ်စဉ်တိုင်း တင်ဆက်ပေးနေကျ ထိန်းသိမ်းကြစေသဘာဝအမွေဆိုတဲ့ ကဏ္ဍလေးရောက်ရှိလို့ လာခဲ့ပြန်ပါပြီ။ ဒီတပတ်ကျွန်တော်တင်ပြမှာ ကတော့ ပယင်းထွက်ရှိရာ တနည်းအားဖြင့် ဟူးကောင်းချိုင့်ဝှမ်းဒေသ အကြောင်းဘဲဖြစ်ပါတယ်။ မိတ်ဆွေများ ခင်ဗျာ- ဟူးကောင်းချိုင့်ဝှမ်းလွင်ပြင်လို့ဆိုလိုက်ရင် မသိတဲ့သူနည်းမယ်လို့ ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တော်တော်များများက ငယ်ရွယ်စဉ် စာသင်ခန်းတွေထဲမှာ သင် ကြားခဲ့ဖူးလို့ဘဲဖြစ်ပါတယ်။ ကျွန်တော်တို့ငယ်ငယ်တုန်းက သင်ကြားခဲ့ရတဲ့ အင်တော်ကြီးအိုင်၊ အင်းလေးအိုင်၊ ဟူးကောင်းချိုင့်ဝှမ်းလွင်ပြင် နောက် ဧရာဝတီ၊ချင်းတွင်း၊သံလွင်၊စစ်တောင် စတဲ မြစ်ကြီးလေးသွယ် ဒါတွေဟာ အခြေခံသိကြတဲ့ ပထဝီ ဘာသာရပ်နှင့်ဆိုင်တဲ့…






