rvamyanmar

rvamyanmar

St. Soter (Martyr), စိန့်ဆောတာရ် (ဓမ္မအာဇာနည်)

St. Soter (Martyr), စိန့်ဆောတာရ် (ဓမ္မအာဇာနည်) #22 April 2021 အေဒီ ၁၆၆-ခုနှစ် စိန့်အန်နီဆဲအူစ် ပျံလွန်သည့်နောက်ပိုင်း စိန့်ဆောတာရ်သည် ရဟန်းမင်းကြီး ဖြစ်လာသည်။ ရဟန်းမင်းကြီးများအနက် (၁၂)ပါးမြောက်သော ပုပ်ရဟန်းမင်းကြီးဖြစ်သည်။ သူသည် အီတလီပြည် ဖောင်ဒီနီချဲတာဇာတိဖြစ်သည်။ သူ၏(၉)နှစ်သာ အသင်းတော်အား အုပ်ချုပ်သောအချိန်မှာ အယူလွှဲမှားသူ ဖရီကျားများရှိသည်။ ၎င်းတို့၏အယူမှာ အပြစ်ခွင့်လွှတ်မရသည့် အပြစ်များရှိကြောင်း၊ ဘုရားသခင်က သန့်ရှင်းသောဝိညာဉ်တော် အကူအညီဖြင့် ငါ့အားသွန်သင်ကြောင်း ဟောပြောသူ ပေါ်လာသည်။ ထို့ကြောင့် စိန့်ဆောတာရ်က ဤကဲ့သို့သော အယူအဆ ယုံကြည်သူသည်…

St. Anselm of Canterburi (Bishop), စိန့်အန်းဆဲလ် (ဆရာတော်) (1033-1109)

St. Anselm of Canterburi (Bishop), စိန့်အန်းဆဲလ် (ဆရာတော်) (1033-1109) 21 April 2021 သူသည် အီတလီပြည် အာအိုစတာ၌ မွေးဖွားသည်။ မြင့်မြတ်သောမှူးမတ် အမျိုးအနွယ်ဖြစ်သည်။ မိခင်သည် ကောင်းမြတ်သိမ်မွေ့ရုံသာမက ဘုရားတရား ကြည်ညိုလေးစားသူလည်း ဖြစ်သည်။ ထို့ကြောင့် သူ့သား အန်းဆဲလ်အား ဘုရားတရား ကြည်ညိုယုံကြည်ရန် သွန်သင်ခဲ့သည်။ အန်းဆဲလ်သည် မိခင်သေဆုံးပြီးနောက်ပိုင်း ဖခင်က အန်းဆဲလ်အား ရက်စက်စွာ ပြုမူဆက်ဆံသည့်အတွက် ပြင်သစ်ပြည်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ နှစ်အတန်ကြာ လျှောက်သွားလာပြီး ၁၀၆၀-ခုနှစ် ဘက်နော်မံဒီတွင်…

#ခရုစူးအမှတ်အသားပြုလုပ်ခြင်း

#ခရုစူးအမှတ်အသားပြုလုပ်ခြင်း (နဖူး၊ နှုတ်ခမ်းနှင့် ရင်ဘတ်) မစ္ဆားတရားအတွင်း ဘုန်းတော်ကြီးက ဧဝံဂေလိကျမ်းမဖတ်မီ ကျမ်းစာရဲ့ နာမည်ကို ဖတ်ရင်းနဲ့ သူ့ရဲ့ နဖူး၊ နှုတ်ခမ်းနဲ့ ရင်ဘတ်တွေမှာ ညာဘက်လက်နဲ့ ခရူစူးအမှတ်အသား ပြုလုပ်ပါတယ်။ ဥပမာ – #ရဟန်း = ” (နာမည်) ရေးထားသော သန့်ရှင်းသော ဧဝံဂေလိကျမ်းတည်း။” #ပရိတ်သတ် = “အိုဘုရားသခင် ကိုယ်တော်အား ဘုန်းတော်ဂုဏ်တော် ရှိပါစေ။”… လို့ ရွတ်ဆိုရင်း ဘုန်းကြီးလိုပဲ နဖူး၊ နှုတ်ခမ်းနဲ့ ရင်ဘတ်တွေမှာ ဘာသာတူ (နှုတ်ကပ္ပါဌ်တော်ကို ကြားနာသူ) တွေက…

St. Agnes of Montepulciano (Virgin), စိန့်အာဂနက်စ် (ကညာစင်) (1268-1317)

St. Agnes of Montepulciano (Virgin), စိန့်အာဂနက်စ် (ကညာစင်) (1268-1317)20 April 2021အာဂနက်စ်သည် တာစ်ဂနစ်မှ မှူးမတ်အနွယ် သမီးတစ်ဦးဖြစ်သည်။ ငယ်ရွယ်စဉ်ကစပြီး ဝိညာဉ်ထက်သန်ကြောင်း ထင်ရှားသည်။ အသက်(၉)နှစ် သမီးအရွယ်ကစပြီး ဒေလ်ဆာရိုရှိ စည်းကမ်းတင်းကျပ်စွာ ဖွဲ့စည်းသည်။ ဖရန်စစ် စစ္စတာကျောင်းသို့ ဝင်ခဲ့သည်။ (၁၅)နှစ်အချိန်မှာ ပါရိုချဲနိုရှိ ဒေါမီနစ်ကန်ကွန်ဗင့် အကြီးအကဲအဖြစ် ရွေးချယ်ခြင်းခံရသည်။ ၎င်းကွန်ဗင့်အား ပုပ်ရဟန်းမင်းကြီး နီကောလာစ် စတုတ္ထမြောက်(၄)က တည်ထောင်ပေးခြင်းဖြစ်သည်။ သူမ၏ဇာတိရွာသားများက မွန်တေပိုရှားနိုမှာ ဒေါမိနစ်ကန်သီလရှင်ကျောင်းဖွင့်ရန် တောင်းဆိုကြသည်။ ၁၂၉၈-ခုနှစ်၌ (Celebrated…

St. Leo IX (Pope), စိန့်လေအို (၉) (ဆရာတော်) (1002-1054)

St. Leo IX (Pope), စိန့်လေအို (၉) (ဆရာတော်) (1002-1054) 19 April 2021 ဘရုနုသည် ဧကရာဇ်မင်း ကုန်ရတ်နှင့် ဆွေမျိုးတော်သူဖြစ်သည်။ ဘရုနုသည် အသင်းတော် ဥပဒေဆိုင်ရာပုဂ္ဂိုလ် (၁၅)ဦးအနက် (Toul)တိုလ်အတွက် တစ်ဦးဖြစ်သည်။ ဆရာတော်များ (၂၅)ပါးလည်းပါသည်။ ၎င်းအချိန်မှာ အသင်းတော်သည် နှစ်ပေါင်း(၂၀)အတွင်း ဒုက္ခအခက်အခဲ ကြုံတွေ့ချိန်ဖြစ်သည်။ ၁၀၄၉-ခုနှစ်၌ ရောမမြို့သို့ ခရီးလှည့်သည့်အချိန်မှာ ရဟန်းမင်းကြီးအဖြစ် တင်မြောက်တော်မူခြင်းအား လက်ခံသည်။ (၅)နှစ်အတွင်းသာဖြစ်သည်။ သူသည် အချိန်တိုတောင်းလှသော အုပ်ချုပ်ချိန်မှာ ကြိုးစားစွာ ပြုပြင်ပြောင်းလဲရေးအား…

St. Galdinus (Bishop), စိန့်ကားလ်ဒီနူးစ် (ဆရာတော်)

Sunday, April 18, 2021 St. Galdinus (Bishop), စိန့်ကားလ်ဒီနူးစ် (ဆရာတော်) 18 April 2021 စိန့်ကားလ်ဒီနူးစ်သည် မီလန်မြို့၏ကိုးစားရာ ရဟန္တာအဖြစ် သတ်မှတ်ကြသည်။ သူ့နာမည်အား လီတာနီဆုတောင်းရာ၌ စိန့်အာမ်ဘရုစ်နှင့် စိန့်ချာလ်စ်ဘရိုမေရိုတို့ပြီးရင် အမြဲတမ်း သူ့နာမည်က ပါဝင်ရသည်။ သူသည် မီလန်ဆရာတော်၏ အတိုင်ပင်ခံသူလည်းဖြစ်သည်။ ၁၁၅၀-ခုနှစ် ပုပ်ရဟန်းမင်းကြီး အလက်ဇန္ဒြား(၃) ရွေးကောက်သည့်အချိန်မှာ တချို့ကာဒီနယ်များက အတိုက်အခံ ပြုလုပ်ကြသည်။ မီလန်မြို့က အာဏာပိုင်အစိုးရအား အာခံခဲ့ပြီးဖြစ်သည်။ ဖရက်ဒီများက မြို့အားဝင်ရောက်သိမ်းပိုက်၍ ဆရာတော်ဟူးဘတ်နှင့် ဦးပဉ္စင်းကြီး…

St. Anicetus (Martyr), စိန့်အာနီချေတုစ် (ဓမ္မအာဇာနည်) (17 April)

St. Anicetus (Martyr), စိန့်အာနီချေတုစ် (ဓမ္မအာဇာနည်) (17 April) သူသည် စီရီယားပြည် အေမေဆာမြို့၌ မွေးဖွားခဲ့သည်။ ရှင်ပီတာပြီး (၁၁)ပါးမြောက်သော ပုပ်ရဟန်းမင်းကြီး ဖြစ်သည်။ အေဒီ ၁၅၅-ခုနှစ်တွင် စိန့်ပီအူးစ် (၁)အား ဆက်ခံသည်။ သူအုပ်ချုပ်ပြီး (၁၁)နှစ်လောက် ကြာသောအချိန်မှာ ရောမမှာနေသောတချို့က အတိုက်အခံပြု၍ အနှောက်အယှက် ပေးကြသည်။ ၁၅၅-ခုနှစ်တွင် စိန့်ပေါလီကဒ်၊ စမီနာဆရာတော်ကြီးသည် စိန့်အာနီချေတုစ်နှင့် ပါစကားပွဲ ကျင်းပရမည့် နေ့ရက်အား ဆွေးနွေးတိုင်ပင်ခဲ့ကြသည်။ ဆရာတော်ကြီးများသည် စည်းလုံးညီညွတ်စွာ နေလိုကြသည်။ အာရှတိုက်မှာနေသော အသင်းတော်သည်…

++ဓမ္မဟောင်းကျမ်းလာ၊ ဂျူးလူမျိုးတို့၏၊ ပါစကားပွဲတော် (သို့) သိုးငယ်တော်၏ညစာစားပွဲသမိုင်း++

++ဓမ္မဟောင်းကျမ်းလာ၊ ဂျူးလူမျိုးတို့၏၊ ပါစကားပွဲတော် (သို့) သိုးငယ်တော်၏ညစာစားပွဲသမိုင်း++ အမိအသင်းတော်သည်၊ သခင်ယေဇူး၏ကယ်တင်ခြင်းလုပ်ငန်းစဉ်အတွက်၊ အရေးကြီး သောအ ချိန်ကာလတစ်ခုဖြစ်သည့်၊ ပါစကားပွဲတော်ကိုကျင်းပရန်၊ ဂျေရူးစလင်မြို့တွင်းသို့၀င်ရောက်ခြင်းပွဲကိုအမှတ်ရကျင်းပပါ သည်။ ထို့ပွဲတော်ကို မေတ္တာပန်းပွဲတနင်္ဂနွေ (သို့) သန့်ရှင်းသောရက်တ္တပတ်ဟုလည်းခေါ်ပါသည်။ သခင်ယေဇူးဂျေရူးစလင်သို့ကြွ သွားခြင်းမှာ၊ ပါစကားပွဲတော်ဆိုင်ရာ၊ ဘာသာရေး၀တ်တရားကိုဖြည့်ဆည်းရန်ဖြစ်ပါသည် #အဘယ်ကြောင့်ဂျေရူးစလင်သွားရသနည်း။ ဂျူးအမျိုးသားများသည်၊ ၄င်းတို့၏ဘာသာရေးဥပဒေအရ၊ အသက် (၁၂) ပြည့်ပြီးသည်နှင့်၊ ဂျေရူးစလင် ဘုရားကျောင်းဗိမာန်သို့၊ တစ်နှစ်လျှင် (၃) ကြိမ်မဖြစ်မနေသွားရောက်၍၊ သတ်မှတ်ထားသောဘာသာရေး၀တ္တရားများကိုဖြည့်ဆည်းရပါ သည်။ ပျက်ကွက်ပါက၊ ကြီးမားသောဘာသာရေး၀တ္တရားကိုပျက်ကွက်သူဖြစ်ပါသည်။ ဂျေရူးစလင်သို့မဖြစ် မနေသွားရောက်၍၊ ဘာသာရေးသတ္တရားဖြည့်ဆည်းရန်သတ်မှတ်ထား သောပွဲတော်…