rvamyanmar

rvamyanmar

St. Cletus (Martyr), စိန့်ကလေတူးစ် (ဓမ္မအာဇာနည်)  26 April 2021

Primary tabs Monday, April 26, 2021 St. Cletus (Martyr), စိန့်ကလေတူးစ် (ဓမ္မအာဇာနည်)  26 April 2021 ကလေတူးစ်နာမည်သည် အာနာကလေတူးအား အတိုကောက်အားဖြင့် ခေါ်ခြင်းဖြစ်သည်။ ပုပ်ရဟန်းမင်းကြီးမျာစာရင်းမှာ (၂)ရာစုမှ (၄)ရာစုနှစ်အတွင်း ရှေးဘာသာသူများက ရေးမှတ်ကြသည်ကို တွေ့ရသည်။ နောက်ပိုင်းတွင် ကလေတူးစ်နှင့် အာနာကလေတူးစ်တို့သည် တယောက်မဟုတ်ဘဲ တခြားစီဖြစ်ကြောင်း ဖော်ပြကြသည်။ ထို့ကြောင့် ဧပြီလ ၂၆-ရက်နေ့နှင့် ဇူလိုင် (၁၃)ရက်နေ့အား ရဟန္တာများအား ဂုဏ်ပြုကြသည်။ စိန့်ကလေတူးစ်သည် စိန့်လီနူးစ်အား ဆက်ခံသည်။…

St. Zita (Virgin), စိန့်ဇီတား (ကညာစင်) 27 April 2021

St. Zita (Virgin), စိန့်ဇီတား (ကညာစင်) 27 April 2021 ဆင်းရဲသောမိသားစုမှ မွေးဖွားသော်လည်း ဘုရားတရား ကြည်ညိုသူများဖြစ်သည်။ အစ်မသည် စီတာရှား စစ္စတာရ်ဖြစ်၍ ဦးလေးတစ်ယောက်လည်း ရသေ့ဖြစ်သည်။ အသက်(၁၂)နှစ်အရွယ်၌ လုကာ (Lucca) မိသားစု၌ ထမင်းချက်လုပ်ငန်း ဝင်လုပ်ခဲ့သည်။ ဘုရားသခင် ပြန်လည်သိမ်းပိုက်ချိန်ထိ ထမင်းချက်ခဲ့သည်။ သူမသည် ထမင်းချက်လုပ်ငန်းအား သစ္စာရှိစွာ လုပ်ခဲ့သည်။ ညပိုင်း၌ အမြဲဆုတောင်းသည်။ ဆန်ဖရန်ဒီနိုဘုရားကျောင်း၌ နံနက်တိုင်း မစ္ဆားတရားနာယူ၍ ကိုယ်တော်မြတ် ပင့်ယူလေ့ရှိသည်။ အစာရှောင်ခြင်း ခဏခဏပြုလုပ်၍ ၎င်းအစား ဆင်းရဲသားများ…

St. Mark the Evangelist, စိန့်မာ့ခ်

St. Mark the Evangelist, စိန့်မာ့ခ် 25 April 2021 စိန့်မာ့ခ်သည် တမန်တော်ဝတ္တု၌ ဖော်ပြထားသည့် မာခ်နှင့်တူသည်။ စိန့်ပီတာ ပထမစာစောင် (၅း၃)၊ စိန့်ပေါလူး ကောလော (၄း၁၀)၊ တီမောတေ (၄း၁၁) နှင့် ဖိလိ (၂၄) များ၌လည်း ဖော်ပြခဲ့သည်။ သူသည် မေရီ၏သား ဂျေရုဇလင် ခရစ်ယာန်များ အသိုင်းအဝိုင်း၌ ပါဝင်ခဲ့သည်။ စိန့်ပေါလ်နှင့် စိန့်ဘာနဘတို့နှင့်အတူ အေဒီ ၄၆-ခုနှစ်၌ အန်တီအုတ်မြို့မှ ဆိုက်ပရပ်သို့ တရားဒေသနာ ဟောကြားခဲ့ကြောင်း ပထမတွေ့ရသည်။…

ဧပြီလ၊ ၂၅ရက်၊ ပါစကားပွဲကာလ၏စတုတ္ထတနင်္ဂနွေနေ့ ကာဒီနယ်ချားစ်၏ ဩဝါဒ

ဧပြီလ၊ ၂၅ရက်၊ ပါစကားပွဲကာလ၏စတုတ္ထတနင်္ဂနွေနေ့ ကာဒီနယ်ချားစ်၏ ဩဝါဒ “ကောင်းမြတ်သောသိုးထိန်းတော်တနင်္ဂနွေနေ့’’      “ အိုသိမ်မွေ့လှသောသိုးထိန်းတော်မြတ် ၊ ကျွနု်ပ်၏လူများကိုစိမ်းလန်းစိုပြေသည့် မျှော်လင့်အေးချမ်းခြင်းမျက်ခင်း/စာကျက်ကွင်းသို့ပို့ဆောင်ပေးတော်မူပါ။ ’’ -ခရစ်တော်၌ ရိုသေချစ်ခင်အပ်သောသားသမီးအပေါင်းတို့ – ကောင်းမြတ်လှတဲ့သိုးထိန်းတော်သခင်ခရစ်တော်ဟာစားဝတ်နေရေးနှင့် အသက်ရှင်ရေးတို့အတွက်ရုံးကန်နေကြရရှာတဲ့ ကျွနု်ပ်တို့ပြည်သူပြည်သားများကိုကာကွယ်စောင့်ရှောက်ပေးတော်မူပါစေသောဝ်။        -ပါစကားပွဲကာလရဲ့စတုတ္ထတနင်္ဂနွေနေ့၊ ကောင်းသောသိုးထိန်းတော်မြတ်တနင်္ဂနွေနေ့လို့လည်းသိကြတဲ့ဒီနေ့ကိုပုပ်ဖရန်စစ်အရှင်သူမြတ်က “ ကမ္ဘာ့ခေါ်တော်မူခြင်းများနေ့” လို့လည်းသမုတ်ထားပါတယ်။ ဘုရားသခင်ဟာသူ့ခေါ်သံကြားဖို့၊ သူ့နောက်တော်သို့လိုက်ဖို့ အစဉ််မပြတ်ကျွနု်ပ်တို့ရဲ့နှလုံးသားတံခါးများကိုခေါက်နေပါတယ်။ လတ်တလောမြန်မာပြည်ကြီးရဲ့အခြေအနေများဟာဗရမ်းဗတာလက်လွတ်ဖြစ်နေကြပြီ။ ဘုရားသခင်ရဲ့ အနန္တဂရုဏာမေတ္တာတော်ကသာဝေဒနာအားလုံးကို ချုပ်ငြိမ်းပေးနိုင်ပါတော့တယ်။      -တစ်တိုင်းပြည်လုံးကအသက်နှင့်အလင်းသခင်ဘုရားရှင်ကိုဆုတောင်းကြရမယ်။  ခရစ်တော်ကပျောက်တဲ့သိုးကိုရှာတယ်၊ စိတ်ဝင်တစားရှိတယ်၊…

St. Fidelis of Sigmaringen (Martyr), စိန့်ဖီဒဲလစ် (ဓမ္မအာဇာနည်) (1577-1622)

St. Fidelis of Sigmaringen (Martyr), စိန့်ဖီဒဲလစ် (ဓမ္မအာဇာနည်) (1577-1622) 24 April 2021 မာဒ်ရောသည် ဂျာမဏီတောင်ပိုင်း စီမာရီဂျင်မြို့၌ မွေးဖွားသည်။ သူ့ဖခင်သည် ၎င်းမြို့၌ မေဂျာတစ်ဦးဖြစ်သည်။ (၆)နှစ် ဥပဒေပညာ သင်ယူဆည်းပူးသည်။ သူ၏ခြိုးခြံ၍ ရိုးသားစွာကျင့်ခြင်းဖြင့် နာမည်ကျော်သည်။ သူ့ကိုသူဆင်းရဲသားများ၏ ကရုဏာရှင်ဟု ထင်ခဲ့သည်။ ၁၆၁၁-ခုနှစ် အသက် ၂၄-နှစ်တွင် ဥပဒေဆိုင်ရာ အကျင့်များ လူတွေပျက်ပြားသည့်အတွက် ဘုရားအတွက် သာသနာအမှုထမ်းရန် ဆုံးဖြတ်သည်။ သူ့လုပ်ငန်းများကို ထားခဲ့သည်။ ရဟန်းဘောင်သို့ဝင်၍ သိက္ခာခံယူပြီး…

St. George (Martyr), စိန့်ဂျော့ (ဓမ္မအာဇာနည်)

St. George (Martyr), စိန့်ဂျော့ (ဓမ္မအာဇာနည်) #23 April 2021 စိန့်ဂျော့သည် ဒေအိုကလေရှား လက်ထက်၌ ဒီအိုပိုလစ်၊ ပါလက်စတိုင်းနိုင်ငံ၌ တရားတော်အတွက် အသေခံခဲ့သည်။ သူ၏ကိုးကွယ်ယုံကြည်ခြင်းသည် ရှေးကျလှသည်။ ဂါလီလေအိုင်အရှေ့ဘက် ထရာခေါနီခရိုင်၌ တရားဟောခဲ့သည်။ ၁၈၆၈-ခုနှစ်၌ သူ၏အုတ်ဂူသင်္ချိုင်းကို တွေ့ခဲ့ကြသည်။ ဂရိတ်လူမျိုးများ၏ကိုးစားရာ ရဟန္တာကြီးဖြစ်၍ အထူးသဖြင့် တပ်မတော်၊ စစ်မှုထမ်းများ ကိုးစားရာ ရဟန္တာဖြစ်သည်။ အနောက်နိုင်ငံများ၌ စစ်သည်သူရဲကောင်းများ၏ စံနမူနာနှင့် မိန်းကလေးများ ကာကွယ်စောင့်ရှောက်သူအဖြစ် ထင်ရှားကျော်ကြားသည်။ ပုပ်ရဟန်းမင်းကြီး ကယ်လာစီအုစ်က အေဒီ ၄၉၅-ခုနှစ်၌…