rvamyanmar

rvamyanmar

St. Pius V (Pope), စိန့်ပီအူးစ် (၅) (1504-1572) 30 April 2021

St. Pius V (Pope), စိန့်ပီအူးစ် (၅) (1504-1572) 30 April 2021 မီချယ်လီကီစလက်ရီသည် ပီအေမွန်၌ ဂုဏ်ရှိသောမိသားစုမှ မွေးဖွားခဲ့သည်။ အသက် (၁၄)နှစ်အရွယ်၌ တရားဟောပြောခြင်း အဖွဲ့၌ဖြစ်သည်။ အသက်(၂၄)နှစ်၌ ရဟန်းသိက္ခာ ခံယူခဲ့သည်။ (၁၆)နှစ်အထိ ဖီလော်ဆော်ဖီနှင့် သီအော်လော်ဂျီ ပညာသင်ကြားရေး၌ တာဝန်ယူ သင်ပေးသည်။ ရိုးသားဖြူစင်ခြင်း၊ မိမိကိုယ်ကို စည်းကမ်းသေဝပ်ခြင်း၊ ဆုတောင်းမေတ္တာ၌ ပျော်မွေ့ခြင်း၊ ဆင်းရဲခြင်း ပါရမီကျင့်၍ နယ်လှည့်ခရီးသွားပါက ခြေလျှင်ဖြင့်သွားခြင်း စသည့်ပါရမီများ ကျင့်ခဲ့သည်။ ၁၅၅၆-ခုနှစ်၌ စူထရီဆရာတော်ကြီး ဖြစ်လာသည်။…

မေလ (၁)ရက်နေ့ စိန့်ဂျိုးဇက်အလုပ်သမားနေ့ အကြောင်းသိကောင်းစရာများ

မေလ (၁)ရက်နေ့ စိန့်ဂျိုးဇက်အလုပ်သမားနေ့ အကြောင်းသိကောင်းစရာများ ****—–*****——–****—-*** ကွန်မြူနစ်ဝါဒသည် အစပိုင်း၌ သိပ်မဆိုးလှသော စနစ်တစ်ခုဖြစ်သည်ဟု နိုင်ငံအများပိုင်းက လက်ခံခဲ့ကြသည်။ ကမ္ဘာစစ်ကြီးဖြစ်ရန် လှုပ်နိုးခဲ့သော ဖက်ဆစ်စနစ်သည် ကမ္ဘာသူ ကမ္ဘာသားများတွက် မုန်းတီးစရာဖြစ်လာခဲ့သည်။ ထို့အပြင် မှားယွင်း‌ေသာ အရင်းရှင်စနစ်ကြီးသည်လည်း ဆင်းရဲသားများအား ပိုဆင်းရဲအောင် ချမ်းသာသူများကိုပိုချမ်းသာအောင် လုပ်ပေးသည်ဖြစ်ရာ သာမန်လုပ်သားများတွက် ဘယ်တော့မှ အသက်ရှူမချောင်ခဲ့။ သို့သော် ကွန်မြူနစ်စနစ်သည် ပို၍ပင် ဆိုးဝါးလေသည်။ သူ၏ ဝါဒအရ လူသည် အလုပ်၏ ကျေးကျွန်ပမာဖြစ်သည်။ လူ၏တန်ဖိုးသည် အလုပ်လုပ်နိုင်စွမ်းရှိမရှိပေါ် မူတည်သည်။ အလုပ်လုပ်…

St. Catherine of Siena (Virgin), စိန့်ကက်သရင်း (ကညာစင်) (1347-1380)  29 April 2021

St. Catherine of Siena (Virgin), စိန့်ကက်သရင်း (ကညာစင်) (1347-1380)  29 April 2021 သူမသည် စီအေနာ၌ မွေးဖွားခဲ့သည်။ ကလေး(၂၅)ဦး မိသားစုမှ ဖြစ်သည်။ မိသားစုများသည် သစ်သားများ ဆေးဆိုး၊ ဆေးချယ်လုပ်ငန်းဖြင့် အသက်မွေးသူ ဖြစ်သည်။ စိန့်ကက်သရင်းသည် ငယ်စဉ်ဘဝကစပြီး ဘုရားတရားဆိုင်ရာ ကြည်ညို ကျင့်သုံးခဲ့သည်။ အသက်(၁၆)နှစ်အရွယ်မှာ ဒေါမီနီကန်သီလရှင်ဂိုဏ်းဝင်ရန် မိမိအိမ်၌ (၃)နှစ်ကျင့်ယူရသည်။ ၎င်းနောက် အနူစွဲသူများနှင့် ကင်ဆာရောဂါသည်များအား ကြည့်ရှုစောင့်ရှောက်ရန် မိမိကိုယ်ကို ပူဇော်ခဲ့သည်။ ကိုယ်တော်မြတ် ရှေ့မှောက်မှာ…

မိတ်ကောင်းဆွေကောင်း

အားလုံးပဲမင်္ဂလာပါရှင်အာဗီအေမြန်မာဘာသာအစီအစဥ်ကနေကြိုဆိုလိုက်ပါတယ်။ဒီနေ့တင်ဆက်ပေးမဲ့အကြောင်းအရာလေးကတော့မိတ်ကောင်းဆွေကောင်း ဆိုတဲ့ခေါင်းစဥ်လေးနဲ့တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။သော်တရှင်မိတ်ဆွေအပေါင်းတို့ရှင်“ A Man is not an Irland “ ဆိုတဲ့အတိုင်းပဲ လူဆိုတာ ကျွန်းလေးတစ်ကျွန်းလိုမဟုတ်ပါဘူး။လူရယ်လိုဖြစ်လာရင်အဖွဲ့အစည်းတစ်ခုခု(သို့) ပတ်၀န်းကျင်အသိုင်းအ၀ိုင်းတစ်ခုခုမှာရပ်တည်နေထိုင်နေကြရစမြဲပါ။ဒါကြောင့်မိမိပတ်၀န်းကျင်မှာရှိနေတဲ့လူတွေအားလုံးနဲ့ဆက်ဆံရာမှာအဆင်ပြေသင့်မြတ်နိုင်ဖို့အတွက်မိမိဟာမိတ်ဆွေကောင်းတစ်ယောက်ဖြစ်နေဖို့အရေးကြီးသလို မိမိကို ဖျက်ဆီနိုင်တဲ့မိတ်ဆွေတုမိတ်ဆွေအယာင်ဆောင်တို့ကိုလည်း လိမ်မာပါးနပ်စွာနဲ့ရှောင်ကြဥ်နိုင်အောင် “ မိတ်ကောင်းဆွေကောင်း “ဆိုတဲ့အကြောင်းအရာလေးကိုတင်ဆက်လေးလိုက်ခြင်းဖြစ်ပါတယ်။သော်တရှင်များရှင်-မိမိတို့နေ့စဥ်ကြုံတွေ့နေရတဲ့အသိအကျွမ်းတွေ၊မိတ်ဆွေတွေ၊များကြီးရှိမှာပါ။ဒီလူတွေအားလုံးကိုမိမိတို့ကယဥ်ယဥ်ကျေးကျေး၊ကြင်ကြင်နာနာ၊ပြုမှုဆက်ဆံကူညီရိုင်းပင်ဖို့၊လိုအပ်ပါတယ်။ဒါမှာသာလျှင် မိမိနဲ့နီးစပ်တဲ့သူတွေအတွက်စစ်မှန်တဲ့မိတ်ဆွေတွေဖြစ်လာနိုင်မှာဖြစ်ပါတယ်။ကျွန်မတို့တတွေမှာအကျွမ်းတွေမိတ်ဆွေတွေသူငယ်ချင်းတွေများသလောက်မိတ်ဆွေကောင်းမိတ်ဆွေစစ်ဟာအလွန်နည်းပါးလှပါတယ်။ဒီလိုအချိန်ခါမျိုးမှာမိတ်ကောင်းဆွေကောင်းတွေဟာနေရာတိုင်းလိုလိုရှာပါလာပါပြီ။မိတ်ဆွေကောင်းတစ်ယောက်ရရှိဖို့ရန်အတွက်အချိန်ယူပြီလေ့လာရမှာလည်းဖြစ်ပါတယ်။တချို့မိတ်ဆွေကျတော့အပြင်ပိုင်းကသဘောထားပြည့်၀တဲ့သူတွေလည်းရှိကြသလိုတချို့ကျပြန်တော့အတွင်းစိတ်ဓာတ်လေးတွေဟာမရိုးသားတဲ့သူတွေ၊ညာစားတဲ့သူတွေလည်းရှိပါတယ်။တကယ်တမ်းအနီးကပ်ပေါင်းသင်းကြည့်လိုက်မှာသာလျှင်အတွင်းစိတ်ဓာတ်လေးတွေကိုသိရှိလာတာဖြစ်ပါတယ်။လူတွေကဟန်ဆောင်နိုင်တာခဏပါ။ရွှေအကြောင်းဖယောင်းသိသလို ၊လူတွေအကြောင်းပေါင်းကြည့်မှာသိတာပါပဲ။ဂျပန်လူမျိုးစကားမှာမိတ်ဆွေတုကပေးတဲ့ပျားရည်ကိုသောက်သုံးအရသာခံခြင်းထက် မိတ်ဆွေစစ်ကမှားပေးတဲ့ အဆိပ်သောက်ရေကို သောက်သုံးအရသာခံခြင်းကပို ကောင်းပိုမြတ်တယ်လို့ဆိုထားပါတယ်။မိတ်ဆွေကောင်းတစ်ဦးရဲ့အစွမ်းအစတွေကိုမိမိအခက်အခဲ၊ဘေးဒုက္ခတွေတွေ့ကြုံရတဲ့အခါကျမှာ သိနိုင်၊မြင်နိုင်တာပါ။တချို့မိတ်ဆွေတွေကျတော့ သာတုန်းမှာနားကြပြီး၊တကယ်တမ်းဘေးဒုက္ခကြုံတွေကျရောက်တဲ့အချိန်၊ဆင်းရဲတဲ့အချိန်ကျရောကိုယ့်နားကခွာသွားကြရော။သာတုန်းနားကြတဲ့နားတော့ရှောင်တဲ့မိတ်ဆွေအယောင်ဆောင်တွေဘဲဖြစ်ပါတယ်။မိတ်ဆွေကောင်းတစ်ယောက်ဟာအလွန်တန်းဖိုးရှိတဲ့ရတနာတစ်ခုပါဘဲ။မိတ်ဆွေကောင်းတွေကိုကျွန်မတို့ရွေးချယ်ရမှာမဟုတ်ပါဘူး။မိတ်ဆွေကောင်းတွေကကျွန်မတို့ကိုရွေးချယ်ရမှာဖြစ်ပါတယ်။ဒါကြောင့်ကျွန်မတို့ဟာ သူတပါးအတွက်မိတ်ဆွေကောင်းဖြစ်ရဲ့လားဆိုတာမိမိကိုယ့်ကိုပြန်မေးကြည့်သင့်ပါတယ်။မိတ်ဆွေကောင်းတစ်ယောက်ဖြစ်ဖို့ရန်အတွက်မိမိတို့ဟာအမြဲတမ်းသစ္စာရှိရမယ်။ကူညီတဲ့အခါမှာလည်းအောင်မြင်သည်ဖြစ်စေ၊ကျဆုံးသည်ဖြစ်စေ၊ကျန်းမာသည်ဖြစ်စေ၊ဖျားနားသည်ဖြစ်စေ၀မ်းသာ၊၀မ်းနည်းသည်ဖြစ်စေ၊ဘယ်အခြေနေမျိုးမှာမဆိုအကူအညီပေးဖို့ရန်အမြဲအသင့်ရှိနေရမှာဖြစ်ပါတယ်။စစ်မှန်တဲ့မိတ်ဆွေဖွဲ့ခြင်းဆိုတာရိုသားမှုနဲ့အမှန်တရားအပေါ်မှာတည်ဆောက်ရမှာဖြစ်ပါတယ်။မာနကြီးတခွဲသားနဲ့မိမိကိုယ်ကိုအထင်ကြီးပြီးဘ၀င်မြင်နေမယ်ဆိုရင် မိမိတို့ဟာမိတ်ဆွေကောင်းဖြစ်လာနိုင်မှာမဟုတ်ပါဘူး။ကျွန်မတို့တတွေမိတ်ဆွေကောင်းဖြစ်လာနိုင်ဖို့အတွက်အရည်အချင်းတွေသိဖို့လိုအပ်သလို ၊မိတ်ဆွေကောင်းဖွဲ့ခြင်းကိုလည်းဖျက်ဆီးနိုင်တဲ့မကောင်းမှုတွေကို သိထားဖို့လိုအပ်ပါတယ်။မိတ်ဆွေကောင်းဟာသူတပါးနဲ့အမှားကိုပြင်ဖို့ပြောသလို၊ကိုယ့်ရဲ့အမှားကိုထောက်ပြလာလျှင် လည်းပြင်ဖို့၀န်မလေးတက်တဲ့သူတွေဖြစ်ပါတယ်။သော်တရှင်မိတ်ဆွေများရှင် – ကျွန်မတို့ရဲ့မိတ်ကောင်း၊ဆွေကောင်းတွေအပေါ်မှာမေတ္တာပို့ဆုတောင်းပေးဖို့လိုအပ်ပါတယ်နော်။ ဘာကြောင့်လဲဆိုရင်ကျွန်မတို့တတွေဟာလောကရဲ့ဘုရားဖူးခရီစဥ်အသက်တာမှာဘုရားရှင်ရဲ့မိတ်ဆွေကောင်းများအားဖြင့်မိမိရဲ့နီးစပ်သူတွေအတွက်မိတ်ဆွေကောင်းများအဖြစ်နေ့စဥ်လျှောက်လှမ်းသွားနိုင်ဖို့လိုအပ်ပါတယ်။လျှောက်လှမ်းနိုင်ကြပါစေလို့လဲဆုတောင်းမေတ္တာပို့သအပ်ပါတယ်။နားဆင်ကြည့်ရှုသူအားလုံးဘုရားရှင်ကောင်ကြီးတော်များခံစားပါစေ။မိတ်ကောင်း၊ဆွေကောင်းများနဲ့တွေ့ဆုံကြပါစေလိုဆုမွန်ချွေလျက်ပါ။ကျေးဇူးတင်ပါတယ်ရှင်။ ကျွန်မက တော့စစ္စတာရ်မေရီဒိမ် ပါရှင်။

St. Peter Chanel (Martyr), စိန့်ပီတာ #28 April 2021

St. Peter Chanel (Martyr), စိန့်ပီတာ #28 April 2021 သူသည် ၁၈၀၃-ခုနှစ်၌ ဘေလီသာသနာ၌ မွေးဖွားသည်။ သမုဒ္ဒယာပင်လယ်ဒေသ၌ ပထမဦးဆုံးတရားတော်အတွက် အသေခံသော စိန့်မေရီအဖွဲ့အစည်းမှ တစ်ဦးဖြစ်သည်။ အသက်(၇)နှစ်၌ သိုးများထိန်းကျောင်းခဲ့သည်။ တနေ့ သိုးကျောင်းနေချိန် ကရာစ်ကျောင်းထိုင်ဘုန်းတော်ကြီး အာဘေထရောပီနှင့် တွေ့ဆုံ၏။ သူ၏ဉာဏ်ထက်မြက်ခြင်းကို ဘုန်းတော်ကြီးသိ၍ မိဘတို့အားစွန့်ခဲ့၍ လာတင်းကျောင်း၌ ပညာသင်ကြားရန် ဖိတ်ခေါ်၏။ ဘုန်းတော်ကြီး ဖိတ်ခေါ်သည့်အတိုင်းလိုက်၍ ကျောင်း၌လည်း ပညာထူးချွန်၍ မကြာခင် ရဟန်းဖြစ်ကျောင်းသို့ ဝင်ခွင့်ရသည်။ ဆရာတော်ကြီးကလည်း သူ့အား ကြိုတင်ဟောကိန်း ထုတ်သည်မှာ…