rvamyanmar

rvamyanmar

ဇွန်လ။ ၄ ရက်နေ့။ #ကိုယ်တော်မြတ်စက္ကရမင်တူးတွင်ကိန်းအောင်းတော်မူသော_ယေဇူးရွှေနှလုံးတော်။

ဇွန်လ။ ၄ ရက်နေ့။ #ကိုယ်တော်မြတ်စက္ကရမင်တူးတွင်ကိန်းအောင်းတော်မူသော_ယေဇူးရွှေနှလုံးတော်။ ငါ့သား၊ မစ္ဆားယဇ်ပူဇော်ခြင်းပြီးဆုံးသည်ဖြစ်၍ ရဟန်းသည် ဘုရားစင်ခန်းမှထွက်ခွါသွားလေပြီ။ သိကြား တမန်တော်များမူကား မစ္ဆားယဇ်ပူဇော်ရာပလ္လင်ကို ဝန်းရံကာ ရှိခိုးကိုးကွယ်လျက်ရှိနေကြသေး၏။ ငါ့သား၊ မကြောက်ပါနှင့်။ သင့်ကိုငါပစ်ထားသည်မဟုတ်ပါ။ ကိုယ်တော်မြတ်ခွက်ထဲတွင်ရှိသော သြစတီးယားမုန့်အချပ်တိုင်း ၌ ငါသည်ဘုရားအဖြစ်လူ့အဖြစ်နှစ်ပါးနှင့်တကွ ကောင်းကင်ဘုံမှာကဲ့သို့ ကိန်းအောင်းလျက်ရှိသည်ဖြစ်၍ ငါ့ကိုပင့် ယူလိုသောသူတို့ထံသို့ကြွလာရန် ချစ်ခြင်းစိတ်ဇောနှင့် ငါ၏နှလုံးတော်သည်ခုန်လျက်ရှိနေ၏။ သို့ဖြစ်၍ ငါဖိတ်ခေါ် နေသည်ကိုမငြင်းပယ်ပါလေနှင့်။ သင်၏နှလုံးထဲသို့ ငါကြွလာနိုင်တော်မူရန် ကိုယ်တော်မြတ်စားပွဲတော်သို့ နေ့စဉ် နံ နက်တိုင်းချည်းကပ်ပါလော့။ ဆည်းလည်းသံကလေးကား ရဟန်းသည်ငါ၏တန်ခိုးအာဏာနှင့် ကောင်းကင်ဘုံမှ ဘုရားစင်ပေါ်သို့ ဆင်း ကြွလာရန်ငါ့အားဖိတ်ခေါ်နေသည်ကိုကြေညာလျက်ရှိ၏။ ငါ့သား၊ ကိုယ်တော်မြတ်ကျောင်းဆောင်အတွင်းမှ ငါ့ကို…

ဇွန်လ။ ၃ ရက်နေ့။ မစ္ဆားယဇ်ပူဇော်ခြင်းအမှု၌ ပါဝင်တော်မူသော ယေဇူး၏ရွှေနှလုံးတော်။

ဇွန်လ။ ၃ ရက်နေ့။ မစ္ဆားယဇ်ပူဇော်ခြင်းအမှု၌ ပါဝင်တော်မူသော ယေဇူး၏ရွှေနှလုံးတော်။ ငါ့သား၊ ဘုရားစင်အနီးသို့ချဉ်းကပ်၍ တင်ပူဇော်မည့်ဆဲဆဲဖြစ်သောမစ္ဆားယဇ်ပူဇော်ခြင်းအမှုကို အာရုံစိုက်၍ ကြည့်ပါလော့။ ရဟန်းသည် ဘုရားစင်ခြေရင်း၌ငုံ့လျက် အပြစ်လျောက်ခြင်းမေတ္တာကိုစ၍ဆို၏။ သိကြားတမန်တို့ သည် တပ်မဟာဗိုလ်အပေါင်းနှင့် ဘုရားစင်ကိုဝန်းရံကြလျက် ကြွလာတော်မူအံ့သောဘုရင်ကိုစောင့်ငံ့လျက်နေကြ ၏။ ရဟန်းသည် မစ္ဆားတရားတော်ကို ဆည်းလည်းကလေးလှုပ်သည့်တိုင်အောင်ဆက်လက်၍ဟောနေ၏။ ဆည်း လည်းကလေး၏ အသံကားငါကျေကျေနပ်နပ် ချစ်ရတော့မည့်အချိန်နီးကပ်လျက်ရှိကြောင်းကိုသတိပေးလေ၏။ ရဟန်းတော်ကား ငါသည်အဆင်သင့်ရှိပြီဟုတီးတိုးပြောဆိုလျက် ငါ၏လက်တော်များကို သူ့အပေါ်မှာ ကောင်းကြီးပေးသည့်အနေနှင့်မိုးထား၏။ သန့်ရှင်းတော်မူ၏။ သန့်ရှင်းတော်မူ၏။ သန့်ရှင်းတော်မူ၏။ ဟူသော စကားကိုသီဆိုသည်နှင့်တပြိုင်နက် ကောင်းကင်ဗိုလ်ခြေတို့သည် အံ့သြဖွယ်ရာနက်နဲလှစွာသောအချက်ပြည့်စုံခြင်း သို့ရောက်ပြီဟုဦးညွတ်ကြကုန်၏။…

ဇွန်လ။ ၂ ရက်နေ့။ ကျေးဇူးတော်၏မူလရင်းဖြစ်တော်မူသော ယေဇူး၏နှလုံးတော်။

ဇွန်လ။ ၂ ရက်နေ့။ ကျေးဇူးတော်၏မူလရင်းဖြစ်တော်မူသော ယေဇူး၏နှလုံးတော်။ ငါ့သား၊ မည်သည့်အချိန်မှာမဆို ကျေးဇူးတော်လို၏။ အထူးသဖြင့်ဝိညာဉ်များ ငါနှင့်ဝေးလေအောင် နေရာတိုင်းတွင် တစ်လုံးတစ်စည်းတည်း အင်တိုက်အားတိုက်ဆောင်ရွက်နေကြသည့် ယခုအချိန်ကြီးမှာသာ၍ လို၏။ ငါ၏ရွှေနှလုံးတော်သည် ကျေးဇူးတော်၏မူလရင်းဖြစ်ရကား ထိုနှလုံးအတွင်မှ ဖြစ်နှစ်သ်ွစီးဆင်းလျက်ရှိ၏။ ပဌမမြစ်တစ်သွယ်သည် ငါ၏လကျာ်ဘက်မှစီးဆင်း၍ ဖန်ဆင်းခြင်းကျေးဇူးတော်နှင့် ဖြောင့်မတ်ခြင်း ကျေးဇူးတော် ကိုလူအပေါင်းတို့အားပေး၏။ ငါ၏လက်ဝဲဘက်မှစီးဆင်းသော ဒုတိယမြစ်တစ်သွယ်မူကား စောင်မခြင်းကျေးူးများ အထူးသဖြင့်ခေါ်တော်မူခြင်းကျေးဇူးကိုပေး၏။ ငါ့ကိုလုံးလုံးလျားလျားချစ်ခင်သောနှလုံးကိုငါတွေ့သောအခါ ထိုမြစ် နှစ်သွယ်ကို ပေါင်းတွဲပြီးလျှင် ကျေးဇူးအမြောက်အများပေးလျက်ထိုနှလုံးက ငါ့အားဖြည့်တင်းပေး၏။ ရဟန္တာများ အား ငါပေးသောကျေးဇူးများကား ဤသို့သောကျေးဇူးများပင်ဖြစ်သတည်း။ သန့်ရှင်းစင်ကြယ်ခြင်းသို့ရောက်အောင် ကြိုးစားသူအမြောက်အများရှိပါက…

အသက်အရွယ်ကြီးလာတဲ့ မိဘတွေနဲ့အချိန်ပေးပြီး အတူတူစကားပြောပေးခြင်း

The Talkဒီနေ့မှာ အိုမင်းလာပြီဖြစ်တဲ့ မိဘတွေ (ဝါ) ကိုယ်ချစ်ခင်နှစ်သက်တဲ့ အသက်အရွယ်ကြီးသွား တဲ့ သူတွေရဲ့ အချိန်တစ်ခုကိုပေးပြီး သူတို့ရဲ့ ကျန်းမာရေးနဲ့ လုံခြုံမှုရှိစေဖို့ ဆွေးနွေးပြောကြရအောင် ပါဆိုတဲ့ အကြောင်းလေး ပြောချင်ပါတယ်။တဖြည်းဖြည်းနဲ့ ဇရာကို ရောက်လာတဲ့သူတွေဟာ အိုမင်းတဲ့လက္ခဏာတွေ အပြုအမူတွေကို လူလတ်ပိုင်း ရောက်နေတဲ့ သားသမီးတွေက မြင်တွေ့နေရပါပြီ။ မိဘကို ဒီအတိုင်း ကြည့်နေ့လို့တော့ မဖြစ်တော့ဘူး။ တစ်ခုခုတော့ စီစဉ်ရတော့မယ်လို့ သားသမီးတွေ အချင်းချင်း တိုင်ပင်ရတော့မယ်။ သားသမီးတစ်ဦးတစ်ယောက်ထဲက မဖြစ်နိုင်ပါဘူး။ဒီတော့က ဘာတွေ ဘယ်လိုစီစဉ်ကြမလဲ။ သားသမီးတွေစုပြီး မိဘတွေရှေ့မှာ…

” ယေဇူးရွှေနှလုံးတော်”

ယေဇူးရွှေနှလုံးတော်ကို ချစ်မြတ်နိုးပြီး၊ သဒ္ဓါကြည်ညိုကြသော မိတ်ဆွေများအတွက် (ဇွန်လ) တစ်လတာလုံးကို ယေဇူး ရွှေနှလုံးတော်နှင့် နှလုံးသားချင်းပေါင်းစပ်လျှက်ဖြတ်သန်းသွားလိုသူများအတွက် ထောက်ရှုစရာလေးနဲ့ ပုံပြင်တို လေးတွေကို ဖတ်ရင်း ဝိညာဉ်ခွန်အားတိုးပွါးစေကြောင်း ကြိုးစားဝေမျှလိုက်ပါတယ်။ ” ယေဇူးရွှေနှလုံးတော်” ဇွန်လ အတွင်းမှာ ယေဇူး ရွှေနှလုံးတော်ပွဲကို ကျင်းပ ကြပါတယ်။ ဒီပွဲ ဖြစ်ပေါ်လာတာ က တော့ ၁၆၇၃ ခုနှစ် ဒီဇင်ဘာလက စတင်ပြီး ခရစ်တော် ကိုယ်တိုင် အမိန့်တော် ပြန်ခြင်း သီလရှင်ဂိုဏ်းမှ Sr.မာဂရက္ကို ထင်ရှားပြခြင်းကြောင့် ဖြစ်ပါတယ်။ ထင်ရှားပြခြင်း…

ဇွန်လ (၁): #ပြင်းပြစွာတောင်းခံလျက်ရှိသော_ယေဇူးရွှေနှလုံးတော်။

ဇွန်လ (၁): #ပြင်းပြစွာတောင်းခံလျက်ရှိသော_ယေဇူးရွှေနှလုံးတော်။ ငါ့သား၊ ငါသည် ဤလောကသို့ ဆင်းလာပြီးလျင် ကယ်ချွတ်ရသော ဝိညာဉ်များအတွက် တောင်းဆိုလျက်၊ ထာဝရဘုရား၏ ယဇ်ပလ္လင်ရှေ့တော်မှာရပ်လျက်နေ၏။ ကလေးသူငယ်များ ဖြူစင်ခြင်းရရှိစေရန် ငါတောင်းဆို၏။ ငယ်ရွယ်သူများသည်လည်း လမ်းလွဲ၍နှောင့်ယှက်ခြင်းသို့ မကျရောက်စေရန် ငါဆုတောင်း၏။ အသက်အရွယ်ကြီး ရင့်၍ လောက၏ဘေးရန်ကို နားလည်သောသူများသည် မိမိတို့၏ကောင်းသောပုံသက်သေနှင့် အကြံကောင်း ဉာဏ်ကောင်းပေးခြင်းအားဖြင့် ငယ်ရွယ်သူများအား လမ်းကောင်းပြကြလျက် မကောင်းသော ဘေးအန္တရာယ်မှ ကာကွယ်ပေးနိုင်ကြရန် ငါဆုတောင်း၏။ ငါ့သား၊ သင်ဝင်ရောက်ခိုလှုံနိုင်ရန် ငါ၏နှလုံးတော်ကိုသင့်အား ငါဖွင့်ထား၏။ ဤလအတွင်းမှာ ငါနှင့်ပိုမိုနီး ကပ်စွာနေလျက် နေ့စဉ်လူတို့ပြုကြသောအပြစ်များအားဖြင့် ငါ၏နှလုံးတော်အား…