
ဇွန်လ(၈)#နှိမ့်ချတော်မူသောယေဇူး၏ရွှေနှလုံးတော်။

ဇွန်လ(၈)#နှိမ့်ချတော်မူသောယေဇူး၏ရွှေနှလုံးတော်။ ငါ့သား၊ ငါ၏ရွှေနှလုံးတော်ကျောင်းသို့လာ၍ သင့်အားငါဝေငှလိုသော သင်္ခန်းစာများကိုသင်ကြားပါလော့။ ငါသည် နူးညံ့သိမ်မွေ့နိမ့်ချသောနှလုံးရှိသည်ကိုငါ့ထံ၌သင်ကြားပါလော့။ နိမ့်ချခြင်းကြောင့်သာလျှင် အထက် ကောင်းကင်မှ ဗက်သလေဟိမ်နွားစားခွက်သို့ ငါဆင်းလာခဲ့၏။ ငါ၏ဖွားမြင်ခြင်းသည် မထင်မရှား၊ သိမ်ငယ်လှသ ဖြင့် ကောင်းကင်တမန်တော်များက မကြေငြာခဲ့ပါလျှင် ဤလောကသို့ငါဆင်းကြွလာသည်ကိုပင် လူတို့တွင်တစ်ဦး တစ်ယောက်မျှ သိနိုင်မည်မဟုတ်ပေ။ ငါ၏ဖွားမြင်ခြင်းတွင် အဦးဆုံးသောနန်းတွင်းသူ နန်းတွင်းသားများကား သိုးထိန်းများဖြစ်ကြသတည်း။ ငါ၏စစ်တပ်၌ကား ဆင်းရဲသားတံငါ (၁၂)ယောက်သာရှိ၏။ ငါ၏နန်းတွင်းကား သေး ငယ်သောရွာကလေး၌ သေးငယ်သောအိမ်ကလေးပင်ဖြစ်သည်။ ငါ၏သာသနာကိုစတင်ဟောပြောသောအခါ၌ နာ ဇရက်မှ ကောင်းသောအရာတစ်စုံတခုမျှ ဖြစ်လာနိုင်သလားဟု မခန့်မညားအမေးခံခဲ့ရ၏။ ငါ၏ယဇ်ပလ္လင်ကား ကာလ်ဝါရီတောင်ပေါ်မှ ကရုစူးတံကျင်ပင်ဖြစ်လေ၏။…









