(၁၄) နှစ်သာရှိသဘာ၀ပတ်၀န်းကျင်ထိန်းသိမ်းရေး၌တက်ကြွလှုပ်ရှားသူမှရဟန်းမင်းကြီးဖရန်စစ်ထံတောင်းဆိုချက်

(၁၄) နှစ်သာရှိသဘာ၀ပတ်၀န်းကျင်ထိန်းသိမ်းရေး၌တက်ကြွလှုပ်ရှားသူမှရဟန်းမင်းကြီးဖရန်စစ်ထံတောင်းဆိုချက်

ဖရန်စစ္စကိုဗေးရာသည် သူ၏အသက် (၁၄) နှစ်နှင့်မမျှအောင် အတွေးအခေါ်နှင့်ဉာဏ်ရည်ဖွံ့ဖြိုးသော ထူးခြားသည့်ကလေးတစ်ဦးဖြစ်သည်။ သူ့အား ကိုလံဘီယာနိုင်ငံ၌မွေးဖွားခဲ့သည်။ သူသိတတ်စ အရွယ်မှစ၍ သူ၏အချိန်များကိုသဘာ၀ပတ်၀န်းကျင်ထိန်းသိမ်းရေးနှင့်ဆိုင်သောကိစ္စများ၌သာပါ၀င်ကူညီလုပ်ဆောင်လာခဲ့သူဖြစ်သည်ဟုဆိုသည်။

(၂၀၁၉) ခုနှစ်က အမေဇုံသစ်တော အကြီးအကျယ်နှင့်ဆိုး၀ါးစွာမီးလောင်ကျွမ်းခဲ့သည်။ ထိုစဉ်ကသူသည် (၉) နှစ်သားသာရှိသေးသည်။ သူသည် အမေဇုံသစ်တောအားကူညီရန် ကျောင်းမှသူ၏သူငယ်ချင်းများနှင့်ဆွေးနွေး၍ သဘာ၀ကိုထိန်းသိမ်းသောလှုပ်ရှားမှုတစ်ခုကိုစီစဉ်ခဲ့သည်။ ထိုလှုပ်ရှားမှုမှာခက် ခဲလှသည်မဟုတ်။ ၄င်းတို့၏လှုပ်ရှားမှုအကြောင်းကိုရှင်းပြ၍ သဘောတူပါက လက်မှတ်ရေးထိုးတောင်းဆိုသည့်လှုပ်ရှားမှုဖြစ်သည်။

ဤလှုပ်ရှားမှုသည် ‘Guardina for Life’ (အသက်ကိုစောင့်ရှောင်ခြင်း) ဟုအမည် ပေးထားသောလှုပ်ရှားမှုစတင်မွေးဖွားအသက်၀င်လာခဲ့ခြင်းဖြစ် သည်။ ဤလှုပ်ရှားမှုသည် ကလေး သူငယ်များအား သဘာ၀ပတ်၀န်းကျင်ကိုထိန်းသိမ်းစောင့်ရှောက်တတ်ရန် ပညာပေးသည့်အစီအစဉ်ဖြစ်သည်။ ကိုလံဘီယာနိုင်ငံ၌ တိရစ္ဆာန်များမှထုတ်လုပ်သော လူသုံးကုန်၊ အလှကုန်များကိုမသုံးရန်၊ ဖျက်သိမ်းပေးရန်တိုး မြင့်နှိုးဆော်ခဲ့ကြသည်။

သူသည် ငယ်ငယ်ရွယ်ရွယ်ဖြင့် အထက်ကဆိုခဲ့သောအဖွဲ့အစည်းကိုတည်ထောင်ဖြစ်လာခဲ့သည်။ သူ၏ခံယူချက်ကား သဘာ၀ပတ်၀န်းကျင်ကိုထိန်းသိမ်းစောင့်ရှောက်ခြင်း၊ ရာသီဥတုနှင့်နိုင်ငံသားများအားပညာပေးခြင်းသည် အမှန်တကယ်ပင်အဘယ်သို့အသက်ရှင်သန်ရမည်ကိုပညာပေးခြင်းဖြစ်သည်။ ဤသို့လုပ်ဆောင်နိုင်ရန်မှာ နိုင်ငံ၏မူ၀ါဒဖြစ်ရန်မလို။ ပြည်နယ်၊ မြို့နယ်၏မူ၀ါဒအဖြစ်သာသတ်မှတ်လုပ်ဆောင်နိုင်သည်။ လက်ရှိခေတ်ရေစီးကြောင်း၏အဖြစ်အခြေအနေကို ပြည်နယ်အနေဖြင့်ထည့်သွင်းစဉ်းစားရမည်။ ရာသီဥတုပြောင်းလဲပူနွေးလာမှုကိုသင်ကြားရေးရန်လိုအပ်သကဲ့သို့ ကလေးများအနေဖြင့်ရရှိလိုက်သောအသိပညာများကိုလက်တွေ့ဖော်ဆောင်ရန်လိုအပ်သည့်အရာများကိုပံ့ပိုးပေးရန်လိုအပ်သည်။ တစ်ခါသာသုံးသော ပလပ်စတစ်ပ်ဖြင့်ပြုလုပ်ထားသောလူသုံးကုန်များကိုလည်းလျော့ချပိတ်ပင်သင့်သည်။

ဖရန်စစ္စကိုသည်ရောမမြို့သို့တိုင်အရောက်လာခဲ့ပြီး ရဟန်းမင်းကြီးဖရန်စစ်အား ကလေးသူ ငယ်များအနေဖြင့်လည်း သဘာ၀ပတ်၀န်းကျင်ထိန်းသိမ်းရေး၌ပါ၀င်ရမည့်၊ ပါ၀င်နိုင်သည့်အကြောင်းများကိုရေးသားပေးရန်ပန်ကြားခဲ့သည်။ တစ်ခုသော ဗုဒ္ဓဟူးနေ့နံနက် စိန့်ပီတာရင်ပြင်တွင် ဘုရားဖူးဘာသာတူများနှင့်တွေ့ဆုံသည့်အစီအစဉ်၌ သူသည်ရဟန်း မင်းကြီးဖရန်စစ်နှင့်လူချင်းတိုက်ရိုက်စကားပြောဆိုခွင့်ရရှိခဲ့သည်။ ရဟန်း မင်းကြီးနှင့်တွေ့ဆုံ၍စကားပြောခွင့်ရခဲ့သည့်ခံစားချက်နှင့်စပ်လျင်း၍ လွန်စွာစိတ်လှုပ်ရှားခဲ့ရကြောင်း၊ ကျေနပ်အားရမှုကိုလည်းအဘယ်သို့ဖော်ပြရမည်ကိုမသိတော့ကြောင်း၊ ရဟန်းမင်း ကြီးနှင့်လူတွေ့စကားပြောဆိုခွင့်ရခဲ့ခြင်းသည် သူ့အတွက်အိမ်မက်ပမာဖြစ်ကြောင်း၊ သို့သော် ယခုကဲ့သို့သော အခွင့်အခါကောင်း၌ သူ၏ကြီးမားပြင်းပြသောဆန္ဒကို ရဟန်းမင်းကြီးအားဖွင့်ဟပြောပြနိုင်ခဲ့ကြောင်း၊ ရဟ န်းမင်းကြီး၏ Laudato si စာချွန်တော်ထဲ၌ရေးသားထားသကဲ့သို့လူသားအားလုံး၏ဘုံစံအိမ်ကိုစောင့်ရှောက်ထိန်းသိမ်းရမည်ဖြစ်ကြောင်းကိုပြောကြားနိုင်ခဲ့သည်။

ဖရန်စစ္စကိုသည် အသက်အရွယ်ငယ်သော်လည်း (၂၀၂၃) ခုနှစ်၌ ‘the Young Acivist Summit Ward’ (ငယ်ရွယ်သောတက်ကြွလှုပ်ရှားသူတို့အားချီးမြှင့်သောဆုတံဆိပ်) ကိုရရှိထားသူဖြစ်သည်။ ဤဆုကို ကုလ ကချီးမြှင့်ခဲ့သည်။ ဤသို့ချီးမြောက်ဂုဏ်ပြုရခြင်းမှာ လူငယ်များပင်ဖြစ်သော်လည်း ယခုကဲ့သို့ ရေရှည်ခံပြီး လူသားအကျိုးပြုသည့်စီမံကိန်းမျိုးကိုလုပ်ဆောင်တတ်ရန် အားပေးထားခြင်းဖြစ်သည်။

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားသယ်

https://bitly.cx/h13RL
Myanmar RVA
Myanmar RVA
Articles: 16

Leave a Reply

Your email address will not be published. Required fields are marked *