ဒီနေ့ သီရိဂေဟာကဏ္ဍမှာ အောင်မြင်သောယောကျာ်းကောင်းတစ်ယောက်ဆိုသော ခေါင်းစဉ်နှင့် တင်ဆက်ပေးပါ့မယ်ရှင်။ဘဝရဲ့ အရေးကြီးသော အစိတ်အပိုင်းများပြုပြင်ပြောင်းလဲလိုတဲ့ ယောကျာ်းသားများအတွက် ကျွန်မဒီနေ့တင်ဆက်ပေးပါ့မယ်။ပထမဆုံးအနေနဲ့ကတော့ ဇနီးမယားနှင့်ဆက်ဆံရေး၊သားသမီးနှင့်ဆက်ဆံရေး၊ သူစိမ်းယောကျာ်းသားများနှင့် ဆက်ဆံ ရေး၊ မိဘညီအစ်ကိုမောင်နှမများနှင့်ဆက်ဆံရေးတွေဟာ ဘဝမှာ အထူးအရေးကြီးတဲ့ အချက်တွေပါပဲ။ ဒါ့အပြင် မိမိလုပ်ငန်းခွင်နှင့်ဆက်ဆံရေး၊ ငွေကြေးဆက်ဆံရေး၊မိမိနေထိုင်ရာ လူမှုပတ်ဝန်းကျင်နှင့်ဆက်ဆံရေးများကလည်း အဓိကကျလှပါတယ်။ လူ့လောကဘဝ ဇာတ်ခုံမှာ ကျင်လည်ကြရတဲ့အခါ ဒီအိမ်ထောင်ဦးစီးများဟာ မိမိခန္ဓာကိုယ်နှင့်တကွမိမိနေထိုင် ရာ လူမှုပတ်ဝန်းကျင်နှင့်ဆက်ဆံကြရတဲ့ အခါတွေမှာ မိမိကိုယ်မိမိ အိုမင်းမစွမ်း ဖြစ်သလို ခံစားရတာဖြစ်စေ၊ တာဝန်ဝတ္တရားများ ဖိစီးခံစားရတာဖြစ်စေ၊ အတွေးသစ်တွေဝင်လာတဲ့ အခါမှာ မိမိတို့ ဆင်ခြင်ရအောင်…