သံဂျိုးဇက် (မယ်တော်မာရီးယား၏ခင်ပွန်းတော်) ပထမရာစုနှစ် ကညာစင်မာရီးယား၏ ခင်ပွန်းတော်၊ သခင်ယေဇူး၏ မွေးစားဖခင်ဖြစ်သော သံဂျိုးဇက်သည် ဒါ၀ိဒ်မင်း၏အမျိုးအနွယ်ဝင်တစ်ဦးဖြစ်သည်။ သံဂျိုးဇက်သည် နာဇရက် မြို့ကလေးတွင်နေထိုင်သော လက်သမားအလုပ်လုပ်ကိုင်လျှက်ရှိပြီး၊ တစ်ချိန်တည်းမှာ ပင်မာရီယားနှင့် လက်ထပ်ရန်စေ့စပ်ကြောင်းလမ်းထားသူဖြစ်သည်။ ရှေးဓလေ့ထုံးတမ်း အစဉ်အလာသမိုင်းမှတ်တမ်းများအရ သံဂျိုးဇက်သည် မာရီယားကိုလက်ထပ်ရန်ပိုးပန်း သူအများအပြားကြားမှ ရွေးနှုတ်ခြင်းခံခဲ့ရသည်။ အဘယ်ကြောင့်ဆိုသော် သူ၏တောင် ဝှေးမှ နှင်းပန်းများဖူးပွင့်ခဲ့သောကြောင့်ဖြစ်သည်။ မာရီယားသည် သံဂျိုးဇက်နှင့်စေ့စပ် ထားသောနှစ်မှာပင်၊ ပဋိသန္ဓေစွဲခဲ့လေသည်။ အလွန်ရိုးသားဖြောင့်မတ်သောဂျိုးဇက် သည်၊ ထိုအကြောင်းအရာကိုသိရှိသောအခါ သူမအကြောင်းကို လူဘုံအလယ်မှာအ ရှက်တကွဲ ထုတ်ဖော်ပြောကြားရန်ထက် သူမကိုတိတ်တိိတ်ကလေးကွာရှင်းပြစ်ရန် ဆုံးဖြတ်ခဲ့လေသည်။ ဂျိုးဇက်ကား…