အထူးသတင်းများ

” ဘေးထွက် အနုဇီဝ ပိုးမွှားများ ”
rvamyanmarApr 18, 20201 min read

ထိန်းသိမ်းကြစေ သဘာဝအမွေ ဒီတပတ်မှာတော့ ” ဘေးထွက် အနုဇီဝ ပိုးမွှားများ ” အကြောင်းကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ တင်ဆက်/ တည်းဖြတ် – ဝီလျံ ဇော်နိုင်ဉီး

ကွာရာတင်း (Quar‌antine) နှင့်ဘာသာရေးအနက် ဖော်ပြချက်
rvamyanmarApr 16, 20205 min read

ကွာရာတင်း (Quar‌antine) နှင့်ဘာသာရေးအနက် ဖော်ပြချက် Thursday, April 16, 2020 ကွာရာတင်း (Quar‌antine) နှင့်ဘာသာရေးအနက် ဖော်ပြချက် ကိုဗစ် (၁၉) ဝင်ရောက်မွှေနှောက်လာပြီးနောက်ပိုင်း လူတန်းစားအလွှာအသီးသီးက ကွာရာတင်း စကားလုံးကိုနားနှင့်မဆန့်အောင် ကြားရ၊ သုံးနေရသည်။ ကြားရဖန်များ၊ သုံးရဖန်များ ၍နားကြားပျင်းပင်ကပ်လာပြီထင်ပါ သည်။ကွာရာတင်း သည်မူလဘာသာစကားမှာလာတင်းမှဆင်းသက်လာခြင်းဖြစ်သည်။ အဓိပါယ်မှာ လေးဆယ် ဟုဆိုလိုသည်။ ထိုရက်လေး ဆယ်နှင့်စပ်လျင်း၍သမာကျမ်းစာ၌မည်သို့ဆိုထားသည်။– ရေလွှမ်းမိုးခြင်းသည်ရက်ပေါင်းလေးဆယ်ကြာမြင့်ခဲ့သည်။– မိုးဇယ်သည်နှစ်ပေါင်းလေးဆယ်ကြာအီဂျစ်ပြည်မှတိမ်းရှောင်နေခဲ့သည်။– မိုးဇယ်သည်ရက်ပေါင်:လေးဆယ်ကြာဆီနာရီတောင် ပေါ်၌နေ၍ဘုရားသခင်ပေးမည်ပညတ် တော်ဆယ်ပါးကိုပြင်ဆင်ခံယူခဲ့သည်။– အီစွရေးလူမျိုးတို့၏အီဂျစ်ပြည်၌ကျွန်ခံရာမှလွှတ်မြောက်လာပြီး၊ ကတိထားသောပြည်သို့၀င်စား ရန်နှစ်ပေါင်းလေးဆယ်တောလမ်း ခရီးကိုဖြတ်သန်းလျှောက်လှမ်းခဲ့ရသည်။– ယေဇူးသခင်သည်ကောင်းကင်နိုင်ငံတော်နှင့်ဆိုင်သောသတင်းကောင်းကိုမဟောပြောမှီရက်ပေါင်းလေးဆယ်အစာရှောင်ဆုတောင်း…

ဖာသာရ် ပါစကား သီကိုရှင်း (SDB) သန့်ရှင်းသော ရက်သတ္တပတ်  အီစတာ တနင်္ဂနွေ ပွဲတော်နေ့ကြီး ဩဝါဒ ဧပြီလ ၁၂၊ ၂၀၂၀
rvamyanmarApr 15, 20201 min read
“အချိန်၏တန်ဖိုး”
rvamyanmarApr 14, 20202 min read

အားလုံးဘဲမင်္ဂလာပါ  အာဗီအေ-မြန်မာဘာသာအစီအစဉ်ကနေကြိုဆိုပါတယ်ရှင်။ဒီတစ်ပတ်တင်ဆက်ပေးမဲ့ အကြောင်းအရာလေးရဲ့ခေါင်းစဥ်က“အချိန်၏တန်ဖိုး”ဆိုတဲ့ခေါင်းစဥ်နဲ့‌‌တင်ဆက် ‌ပေသွားမှာဖြစ်ပါတယ်ရှင်။t မိတ်ဆွေများရှင်-   ငွေရှိရင်အရာအားလုံးပြည့်စုံတယ်လိုထင်တက်ကြတယ်။အရာအားလုံးဝယ်ယူနိုင်တယ်၊ ဖြည့်ဆည်းပေးနိုင်တယ်လိုယူဆကြပါတယ်။ဒါကတော့ကျွန်မတို့လူသားတွေရဲခံယူချက်ဖြစ်သလို၊အများလက်ခံနိုင်တဲ့အချက်ဖြစ်‌မဲ့အမှန်တရားတစ်ခုတော့မဟုတ်ပါဘူး။ ကမ္ဘာပေါ်မှာဝယ်လိုမရတဲ့အရာတွေထဲမှာအချိန်လည်းတစ်ခုအပါအဝင်ဖြစ်ပါတယ်။ဒါတင်မကသေးပါဘူးကျန်းမာခြင်းဆိုတာဝယ်ယူလို့မရသလို၊သေခြင်းတရားကိုလည်းဝယ်ယူလိုမရပါဘူး။ဥပမာပြောရမယ်ဆိုရင် လူတစ်ယောက်ဟာငွေကြေးအလွန်ချမ်းသာတဲ့သူဖြစ်ပင့်မဲ့လည်းမကျန်းမမာဖြစ်လာရင်တော့ငွေကုန်ကြေးကျခံပြီးဆေးကုလိုတော့ရပါတယ်။ဒါပေမဲ့ ကျန်းမာခြင်းဆိုတဲ့အရာကိုတော့ဝယ်ယူလိုတော့မရပါဘူး။ထို့နည်းတူ-သေခြင်းတရားကိုလည်းငွေနဲ့ဝယ်ပြီးနောက်ကျမှာသေပါရစေဆိုပြီးဝယ်ယူထားလိုမရပါဘူး။ကျွန်မတို့ရဲ့အတိတ်ကာလကုန်ဆုံးသွားတဲ့အချိန်တွေကိုလည်းငွေနဲ့ဝယ်ယူလိုမရ တော့ပါဘူး။အချိန်ဆိုတာကုန်သွားရင်ပြန်မရတော့တဲ့အရာ၊၊တောင်းလိုလည်းမရ၊ဝယ်လိုလည်းမရတဲ့၊ဘယ်လိုမှာပြန်မရတော့တဲ့အရာဖြစ်လို့မိတ်ဆွေတို့လည်း အချိန်ကိုအကျိုးရှိစွာအသုံးပြုပါ။ပေါ့ပေါ့ဆဆမနေဘဲအကျိုးရှိရှိအသုံးပြုလိုက်မယ်ဆို ရင်အချိန်ဖြုန်းရမရောက်တော့ဘူးပေါ့။ကျွန်မတို့တတွေတခါတခါသိရက်နဲ့မိုက်ရူးရဲဆန်ကြတယ်။တချို့တွေအချိန်ကိုဖြုန်းတီးနေတာတောင်ဖြုန်းတီးနေမှန်မသိသူတွေလည်းရှိကြပါတယ်။ဘာကြောင်းလဲဆိုရင်သူတို့ဟာအချိန်၏တန်ဖိုးကိုမသိသေးလိုဖြစ်ပါတယ်။ ဥပမာအားဖြင့်-လူတစ်ဦးဟာသူပိုင်ဆိုင်တဲ့ကားကိုရောင်းပြီးအချိန်တွေကိုဝယ်ဖို့ကြိုးစားခဲ့ပါတယ်။ဒါပေမဲ့အချိန်တွေကိုငွေနဲ့ဝယ်လိုမရခဲ့ပါဘူး။နောက်ဆုံးမှာအချိန်ရဲ့တန်ဖိုးကိုသူသိပြီးနောင်တရခဲ့ရတယ်။အချိန်ရဲ့တန်ဖိုးကိုသိတာနောက်ကျခဲ့ပါတယ်လိုပြောသွားခဲ့ပါတယ်။ မိတ်ဆွေများရှင်- မိတ်ဆွေတို့ရဲ့ဘဝမှာလဲအချိန်တွေကိုတန်ဖိုးထားနိုင်အောင်ကြိုးစားကြပါ။လောကမှာ အချိန်ဆိုတာအလကားရတာပါကွာလိုသဘောမထားကြဘဲ၊အကျိုးရှိရှိအသုံးချနိုင်ကြပါစေ။တကယ်တော့အချိန်တွေပိုနေတယ်ဆိုတာ၊အသုံးမချတက်လိုပါ။ဒီလိုအသုံးမချလေ၊ပို၍ပျင်းလာလေလေပါ။နောက်ဆုံးမှာလူပိုတစ်ယောက်ဖြစ်လာမှာဘဲဖြစ်ပါတယ်။ မိတ်ဆွေတို့လည်းအကျိုးရှိသောနေ့ရက်တွေမှာအချိန်ကိုအကောင်းဆုံးအသုံးချနိုင်ကြပါစေလို့၊အနာဂတ်ရဲ့ကြယ်ပွင့်ကလေးများဖြစ်သောလူငယ်များကိုတိုက်တွန်းအားပေးရင်ဆုမွန်တောင်းပေးလိုက်ပါတယ်။ဒီတစ်ပတ်အစီအစဉ်လေးကိုဒီလောက်နဲ့ရပ်နားပါရစေ။နားဆင် ကြည့်ရှုသူအားလုံးကျန်းမာရွှင်လန်းကြပါစေ။ကျေးဇူးတင်ပါတယ်ရှင်။ကျွန်မက စစ္စတာရ်မေရီဒိမ်ပါရှင်။

ဘာသာရေးသတင်း

နှုတ်ကပါဌ်တော်အလင်း

ဖာသာရ် peter ကြည်မောင် (မန္တလေး) သာမန်ကာလအဠမမြောက်သီတင်းပတ် အင်္ဂါနေ့ သြဝါဒ ၃၀၊ ၅၊ ၂၀၂၃

ဖာသာရ် peter ကြည်မောင် (မန္တလေး) သာမန်ကာလအဠမမြောက်သီတင်းပတ် အင်္ဂါနေ့ သြဝါဒ ၃၀၊ ၅၊ ၂၀၂၃

rvamyanmarMay 30, 20232 min read

၃၀/၅/၂၀၂၃ဓမ္မမိတ်ဆွေတို့ ဒီကနေ့ကြားနာခဲ့ရတဲ့ ဧဝံဂေလိကျမ်းမှာ အရာအားလုံးကိုစွန့်ခဲ့ပြီး ကိုယ်တော်နောက်လိုက်ခဲ့ပြီ တပည်တော်တို့ဘာရမှာလည်း လို့ ရှင်ပေတရုက သခင်ခရစ်တော်ကိုမေးခဲ့တယ်။ ငါအမှန်ဆိုသည်ကား ငါ၏နှုတ်ကပါဠ်တရားတော်ကြောင့်၊…

တနင်္ဂနွေတရားဒေသနာတော်

ထိန်းသိမ်းကြစေသဘာဝအမွေ

လူသားကမ္ဘာကောင်းကျိုးဖြာ

သီရိဂေဟာ

ပုပ်ရဟန်းမင်းကြီးဒေသနာတော်

အသီးတရာအညှာတစ်ခု

Word of Light

Pope’s Message

Triple Dialogue

Saints and Hero

Family

News and Stories

Environmental Program

Latest Stories

ဘာသာအစ

ဘာသာအစ မည်သည့်အချိန်က…

ByByrvamyanmarMay 27, 2020