အားလုံးဘဲမင်္ဂလာပါရှင် အာဗီအေ မြန်မာဘာသာအစီအစဉ်ကနေတဖန်ကြိုဆိုပါတယ်။လူငယ်ကဏ္ဍအစီအစဉ်လေးရောက်ရှိလိုလာပါ ပါပြီး။ဒီနေ့တင်ဆက်ပေးမဲ့အကြောင်းအရာလေးကတော့ “လူငယ်နှင့် တန်ဖိုး” ဆိုတဲ့ခေါင်းစဉ်လေးနဲ့ ကျွန်မစစ္စတာရ် မေရီ မှ တင်ဆက်ဝေမျှပေးသွားမှာဖြစ်ပါတယ်ရှင်။ ချစ်သောလူငယ်များရှင်- ကျွန်မတို့တစ်ဦးစီဘာတွေကိုတန်ဖိုးထားကြတာလဲ၊ ကျွန်မတို့တစ်ဦးစီကြိုက် နှစ်သက်တာတွေ၊မြတ်နိုးထားတဲ့အရာဝတ္ထုတွေ၊လူပုဂ္ဂိုလ်တွေ၊အသုံးအဆောင်ပစ္စည်းတွေ၊အစားအသောက်တွေ၊စိန်တွေ၊ ရွှေတွေ၊ငွေတွေအပေါ်မှာတန်ဖိုးထားကြတာလား။တစ်ယောက်နဲ့တစ်ယောက်မတူညီတဲ့ အကြိုက်တွေအပေါ်တန်ဖိုးသိပြီးတန်ဖိုးထားတက်ကြပါတယ်။ဒါဟာလည်းမတူညီကြတဲ့တန်ဖိုးထားခြင်းတွေပါဘဲ။ အဲဒီအထဲမှာမှ လူငယ်တွေရဲ့တန်ဖိုးရှိပုံကိုပြောပြချင်ပါတယ်။လူငယ်တွေအနေနဲ့ငယ်ရွယ်နုပျိုချိန်ဟာ အရမ်းကိုတန်ဖိုးရှိလှပါတယ်။ဘာကြောင့်လည်းဆိုတော့ငယ်ရွယ်နုပျိုလူငယ်ဘဝကိုနှစ်ခါပြန်မရနိုင်တဲ့အ တွက်ကြောင့်၊အကောင်းဆုံးအခိုက်အတန်ကာလအတွင်းမှာ-မိမိတို့ရဲ့တန်ဖိုးကိုသိရှိပြီတော့အခြားအရာတွေ ရဲ့တန်ဖိုးသိအောင်လည်းကြိုးစားကြပါလူငယ်များတို့။ လူငယ်များရှင်- မိမိတို့ရဲ့တန်ဖိုးကိုသိကြရဲ့လား ၊တန်ဖိုးသိလေ၊တန်ဖိုးရှိလေ၊တန်ဖိုးရှိလေတန်ဖိုးထား လေ၊ဆိုတာကိုလူငယ်တွေသိဖို့လိုပါတယ်နော်။ဒါကြောင့်ကိုယ်ကိုကိုယ့်တန်ဖိုးထားမြတ်နိုးကြပါစေ။ လူငယ်များမောင်မယ်များရှင်- မိမိရဲ့တန်ဖိုးကိုအမြဲမြင့်တင်ထားပါ။မိမိကိုယ်၌တန်ဖိုးရှိနေမှာအခြားလူငယ်တွေကပါလေး စားကြမယ်။ရိုသေကြမယ်။အားကိုးယုံကြည်ကြမှာဖြစ်ပါတယ်။လူငယ်တွေမှာလည်းသူတန်ဖိုးနဲ့သူရှိနေပါတယ်။တချို့လူငယ်တွေ ကိုယ်ကိုကိုယ့်တန်ဖိုးမထားတက်၊တန်ဖိုးမရှိသူလိုဆိုပြီးတော့လမ်းမှားရောက်ပြီးပျက်စီးနေကြတဲ့လူငယ်တွေလည်းကျွန်မတို့ ပတ်ဝန်းကျင်မှာတွေ့မြင်နေကြရပါတယ်။ဥပမာ-ငွေနှင့်လူငယ်ဘဝ တန်ဖိုးကိုကြည့်ကြပါစို့။ငွေတန်ဖိုးနဲ့ကိုယ်တန်ဖိုးကိုမလဲမိပါစေနဲ့နော်။ငွေသာတန်ဖိုးအရှိဆုံးလိုလဲမထင် လိုက်ပါနဲ့နော်။ငွေဟာကြားခံပစ္စည်းတစ်ခုသာဖြစ်ပါတယ်ဆိုတာကိုအမြဲသတိရှိကြပါ။ လူငယ်ဘဝဟာ- အရမ်းပျှော်စရာကောင်းတဲ့အချိန်၊သင်ယူလေ့လာဆည်းပူရချိန်၊လွတ်လပ်အပူအပင်ကင်းချိန်၊သွက်လက် ၊ထက်မြက်၊လူချစ်လူခင်ပေါတဲ့ချိန်၊တက်ကြွာ၊လှုပ်ရှားမှုတွေလုပ်ရတဲ့ချိန်ဖြစ်လို-ကိုယ်တန်ဖိုးကိုအမြဲသတိ ရှိပါ။မြင့်တင်ပါ။ဘာအကြောင်းကြောင်းနဲ့မှမိမိတန်ဖိုးကိုယုတ်လျှော့မသွားပါစေနဲ့။အသိတရား၊သတိတရား အမြဲကပ်ထားပါ။တခါတရံမှာ-လူစိတ်ပျောက်ချိန်၊ကိုယ်ကိုကိုယ့်သတိမထားမိချိန်တွေမှာအမှားတွေလုပ်မိ တက်ကြပါတယ်။လူငယ်ဘဝအချိန်ဟာ-အဖြူရောင်ပိတ်စလိုပါဘဲ။စွန့်ထင်လွယ်တယ်၊မှားလွယ်၊ မှန်လွယ်တက်တဲ့အရွယ်မဟုတ်လား။ဒါကြောင့်မို့မိမိတို့ရဲ့လုပ်ဆောင်ချက်တိုင်းမှာအထူးဂရုပြုဖို့လိုပါတယ်။ ကိုယ်ကိုကိုယ့်မှေးမှိန်မသွားပါစေနဲ့နော်။ရှေ့မဆက်နိုင်ပဲစိတ်ပျက်၊အားငယ်၊သိမ့်ငယ်နေကြတဲ့လူငယ်များ လောကဓရဲ့နှိပ်စက်ခံရလိုအရှုံးပေးနေကြတဲ့လူငယ်များနှင့်မိမိဘဝတစ်ခါရှုံးရုံနဲ့လုံးဝရှုံးသွားပြီလိုသတ်မှတ်…