အထူးသတင်းများ

ကလဲ့စားပြန်ချေခြင်းကို ရှောင်ရှားကြရမယ်။
rvamyanmarOct 21, 20243 min read

ဓမ္မမိတ်ဆွေညီအစ်ကိုမောင်နှမတို့ငြိမ်းချမ်းရေးအတွက်ဘာသာတရားများဆိုတဲ့အကြောင်းအရာကိုကျွန်ုပ်တို့တတွေလေ့လာနေခဲ့ကြတာဖြစ်ပါတယ်။ဒီတစ်ခါ ခရစ်ရန်ဘာသာတရားကငြိမ်းချမ်းရေးအကြောင်းဘာတွေပြောလဲ ဆိုတာကိုဒီတစ်ပတ်မှာလေ့လာကြရအောင်။ ရန်သူတွေအပါဝင်လူတိုင်းကိုချစ်ရမည့်အကြောင်းရှင်ပေါလ်လုက‌ရောမမြို့သားတို့ဆီရေးသားခဲ့ပါတယ်။ကလဲ့စားပြန်‌ချေခြင်းကို‌ရှောင်ရှားကြရမယ်၊သင်၏ ရန်သူသည်ဆာလောင်နေလျှင်သူ့အား‌အစားစာကြွေးမွေးလော့၊ သူ ရေငတ်နေလျှင်သူ့အားသောက်စရာပေးလော့၊အကြောင်းမူကားသင်သည်ထိုသို့ပြုခြင်းဖြင့်သူ၏ဦးခေါင်းပေါ်၌မီးခဲကိုပုံထားသကဲ့သို့ဖြစ်လိမ့်မည်။ မကောင်းမူသည်သင်တို့ကိုအနိုင်မယူစေနှင့်‌ကောင်းကျိုးကိုပြုခြင်းဖြင့် မကောင်းမူကိုအနိုင်ယူကြလော့။ ဤနေရာမှာရှင်ပေါ်လ်လုကခရစ်တော်၏ရှင်းလင်းတဲ့သွန်သင်ချက်ကိုလိုက်နာမိန့်ဆိုနေခြင်းဖြစ်တယ်။မျက်စိအစားမျက်စိ၊ သွားအစားသွားရှိသည်ဟူသော်ပညတ်စကားရှိသည်ကိုသင်တို့ကြားခဲ့ရလေပြီ။ သို့တော်သင် တို့အား ငါဆိုသည်မှာဆိုးယုတ်သောသူကိုမတုန့်ပြန်ကြနှင့်တစ်စုံတစ်ယောက်သည်သင်၏ညာဘက်ပါးကိုရိုက်လျှင်ကျန်ပါးတစ်ဖက်ကိုလဲသူ့ထံသို့လှည့်ပေးဉီးလော့၊ တစ်စုံတစ်ယောက်သည်သင်၏အင်္ကျီကိုရယူလို၍သင့်ကို တရားစွဲ လိုလျှင်သူ့အားသင်၏ဝတ်ရုံကိုလည်းပေးစေလော့၊တစ်စုံတစ်ယောက်သည်သင့်ကိုအနိုင်ထက်ပြု၍ခရီးတစ်မိုင်ကိုသွားစေလိုလျှင်ထိုသူနှင့်အတူခရီးနှစ်မိုင်သွားလော့၊သင့်၌တောင်းခံသောသူအားပေးကန်းလော့၊သင့်ထံမှချေးငှားလိုသောသူတို့ကိုလည်းမငြင်းပယ်လေနှင့်။ ရှင်မတေးဦး ၅း၃၈-၄၂ ဒီသွန်သင်ချက်ကအရှုံး‌ပေးခြင်း၊အားနည်းခြင်းမဟုတ်ပါဘူး။အားသန်ခြင်း၊ခိုင်မာခြင်းသွန်သင်ချက်ဖြစ်ပါတယ်။အကယ်၍လူအယောက်တိုင်းကဒီသွန်သင်ချက်ကိုလက်ခံပြီးတော့ကျင့်ကြံကြမယ်ဆိုရင်ကမ္ဘာကြီးပေါ်မှာဘယ်လောက်ထိနက်ရှိုင်းတဲ့ငြိမ်းချမ်‌ရေးကိုရရှိနိုင်မယ်ဆိုတာကိုစဥ်းစားကြည့်လို့ရနိုင်ပါတယ်။ဒါ့ကြောင့်ခရစ်ယာန်တရားတော်ကချီးမွန်းထောပနာပြုတဲ့ငြိမ်းချမ်းရေးကဘုရားကိုချစ်ခြင်းနှင့်လူအခြင်းခြင်းချစ်မြတ်နိုးခြင်းဖြစ်ပြီးတော့အတ္တဝါဒကိုအစဥ်မြဲတိုက်ထုပ်နေဖို့လိုအပ်ပါတယ်။နှေက်ပြီးတော့မိမိ၏လက်ဝါးကားတိုင်ကိုထမ်းယူပြီးတော့ကိုယ်တော်ရှင်၏နှောက်တော်သို့လိုက်ရန်ဆန္ဒလည်းရှိနေရမှာဖြစ်ပါတယ်။ အေဖက်စုဩဝါဒစာ ၂း၁၄ မှာရှင်ပေါ်လ်လုက၊ခရစ်တော်ကို(OurPeace) ကျွန်ုပ်တို့၏ငြိမ်းချမ်းခြင်း ဟုခေါ် ဆို ပါတယ်။ ဘာကြောင့်လဲဆိုတော့ကိုယ်တော်၏ဒုက္ခဝေသနာအားဖြင့်၊ နာခံခြင်းအားဖြင့်စာတန်နတ်ဆိုး၏ ပါဝါကို ခြေဖျက်ခဲ့တယ်၊သေခြင်းကိုအောင်နိုင်ခဲ့တယ်၊လူနှင့်ဘုရားအကြားကင်းကွာနေခြင်းကိုပြန်လည်ပေါင်းစပ်စေခဲ့တယ်။ဂျူးလူမျိုးနှင့်လူမျိုးခြားတွေအကြားတစ်ယာက်နှင့်တစ်ယောက်ပြန်လည်ကြေအေးသင့်မြတ်စေခဲ့တယ်လူသားအားလုံးနှင့်ဘုရားအကြားပြန်လည်ပေါင်းစပ်စေခဲ့တယ်။အသင်းတော်၏ရာဇဝင်သမိုင်းမှာရဟန္တာစိန့်အောဂတ်စတင်းအောဖ်ဟစ်ပိုလ်ကငြိမ်းချမ်း‌ရေးအကြောင်းသွန်သင်ဟောပြောရာမှာထင်ရှားတဲ့သူတော်မြတ်တစ်ပါးဖြစ်ပါတယ်။ လူ၏ငြမ်းချမ်းခြင်းဆိုတာကဘုရား၏ထာဝရဥပဒေကိုနာခံခြင်းဖြစ်တာကြောင့်၊ထာဝရဘုရား၏မြို့တော်၏ငြိမ်းချမ်းခြင်းဆိုတာလူရဲ့နှလုံးသားများအားလုံး လုံးဝပြည့်စုံစွာပေါင်းဖတ်ခြင်း၊ ထာဝရဘုရား၏ ဝမ်းမြောက်ခြင်း၌ ပါဝင်ခြင်းဖြစ်တယ်။ထာဝရဘုရားထံတော်၌လူသားများတစ်ယောက်နှင့်တစ်ယောက်ပေါင်းစပ်ကြခြင်းဖြစ်တယ်လို့စိန့်အော်ဂတ်စတင်းက စာအုပ်မှာရေးသားခဲ့ခြင်းဖြစ်ပါတယ်။ ခရစ်ယာန်ဝတ်ပြုကိုးကွယ်ခြင်းမှာသင်တို့၌ငြိမ်းချမ်းသာယာခြင်းရှိပါစေဆိုတဲ့ငြိမ်းချမ်းခြင်းအတွေးအခေါ်ကိုထင်ရှားစွာတွေ့ရပါတယ်။လက်တင်ဝတ်ပြုကိုးကွယ်ခြင်းဝိနည်းမှာဘုရားသခင်၏ငြိမ်းချမ်းသာယာခြင်းသည်သင်တို့နှင့်အတူရှိပါစေဆိုတယ့်ဝတ်ပြုကိုးကွယ်ခြင်းဆိုင်ရာနှုတ်ဆက်ခြင်းများကကျွန်တော်တို့နှင့်အကြွမ်းတစ်ဝင်ရှိတဲ့နှုတ်ဆက်ခြင်းပဲဖြစ်ပါတယ်။လက်တင်ကိုးကွယ်ဝတ်ပြုခြင်းဝိနည်းမှာကိုယ်‌တော်မြတ်ကိုမပင့်ယူခင်တစ်ဦးနှင့်တစ်ဦးငြိမ်းချမ်းခြင်းအမတ်လက္ခဏာကိုကမ်းလမ်းခြင်းဓလေ့ပြုလုပ်ကြပါတယ်။ဒါကြောင့်ခရစ်ယာန်တရားတော်ကငြိမ်းချမ်းရေးတွက်လေးလေးနက်နက်ပတ်သက်လုပ်ဆောင်မူရှိခြင်းကိုအထင်အရှားတွေ့မြင်ရပါတယ်။ ဓမ္မမိတ်ဆွေညီအစ်ကိုမောင်နမအယောက်စီတိုင်းဘုရား၏ငြိမ်းချမ်းခြင်းဖြင့်နေ့စဥ်ဘဝသက်တာတွေကိုရှင်သန်နိုင်ကြပါစေ။

ဖာသာရ် Augustine တင်မောင်ထွန်း (မန္တလေး) ၂၉ ကြိမ်မြောက်သာမန်ကာလ တနင်္လာနေ့ဩဝါဒ ၂၁၊ ၁၀၊ ၂၀၂၄
rvamyanmarOct 21, 20241 min read
ဖာသာရ် Augustine တင်မောင်ထွန်း (မန္တလေး) ၂၉ ကြိမ်မြောက်သာမန်ကာလ တနင်္ဂနွေနေ့ဩဝါဒ ၂၀၊ ၁၀၊ ၂၀၂၄
rvamyanmarOct 20, 20241 min read
ထိန်းသိမ်းကြစေ သဘာဝအမွေ ဒီတစ်ပတ် ထိန်းသိမ်းကြစေ သဘာဝအမွေအစီအစဉ်လေးမှာတော့ “မြေအောင်းအဏုဇီဝသက်ရှိတွေက ဘယ်လိုလုပ်ဆောင်ပေးလဲ”ဆိုတဲ့ ခေါင်းစဉ်လေးနဲ့ တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။
rvamyanmarOct 19, 20244 min read

“မြေအောင်းအဏုဇီဝသက်ရှိတွေက ဘယ်လိုလုပ်ဆောင်ပေးလဲ” ဦကြီးတို့ရေ စိုက်ပျိုးရေးမှာ သီးနှံအရည်အသွေးနဲ့ အထွက်နှုန်းကို ထိခိုက်စေတဲ့ ဖျက်ပိုးတွေ အမျာကြီးရှိပြီး ၎င်းတို့ကိုကာကွယ်ဟန့်တားပေးမယ့် အကျိုးပြုပိုးတွေလည်း ရှိပါတယ်နော်။ ကျွန်တော်မျှဝေလိုတဲ့ အကြောင်းအရာလေးကတော့ မြေအောက်မှာရှိတဲ့ အကျိုးပြုသက်ရှိတွေအကြောင်း ဖြစ်ပါတယ်။ အပင်ရဲ့ အရေးကြီးတဲ့အစိတ်အပိုင်းဖြစ်တဲ့ အမြစ်အဖွဲ့အစည်း ကောင်းမွန်စွာရှင်သန်နိုင်ဖို့ ဒီသက်ရှိလေးတွေကနေ များစွာ အထောက်အကူရရှိစေပါတယ်။ မြေကြီးရဲ့ အပေါ်ယံမျက်နှာပြင် လက်ဖက်စားဇွန်းတစ်ဇွန်းမှာပင် သာမာန်မျက်စိနဲ့ မမြင်နိုင်တဲ့ ပိုးမွှား ဆဲလ်ပေါင်း ၁ ဘီလီယံခန့်ရှိပြီး မတူညီတဲ့မျိုးစိတ်ပေါင်း တစ်သောင်းနီးပါးခန့် ရှိပါတယ်။ ဒီသက်ရှိလေးတွေက အပင်တွေအတွက် လိုအပ်တဲ့ လုပ်ငန်းတာဝန်တွေကို…

ဘာသာရေးသတင်း

သူတော်မြတ် ကာလိုအာကူးတစ် ကို ရဟန္တာတင်မြှောက်ဘို့ ဗာတီကန်က မီးစိမ်းပြ အတည်ပြုလိုက်ပါပြီ။

သူတော်မြတ် ကာလိုအာကူးတစ် ကို ရဟန္တာတင်မြှောက်ဘို့ ဗာတီကန်က မီးစိမ်းပြ အတည်ပြုလိုက်ပါပြီ။

သူတော်မြတ် ကာလိုအာကူးတစ် ကို ရဟန္တာတင်မြှောက်ဘို့ ဗာတီကန်က…

rvamyanmarJul 4, 20241 min read
အမေရိကား ကိုယ်တော်မြတ်ပွဲတော်ကြီးအတွက် ပုပ်ဖရန်စစ်မှ ကာဒီနယ် တာ့ဂလယ်အား အထူးသံတမန်အဖြစ်ခန့်အပ်

အမေရိကား ကိုယ်တော်မြတ်ပွဲတော်ကြီးအတွက် ပုပ်ဖရန်စစ်မှ ကာဒီနယ် တာ့ဂလယ်အား အထူးသံတမန်အဖြစ်ခန့်အပ်

အမေရိကား ကိုယ်တော်မြတ်ပွဲတော်ကြီးအတွက် ပုပ်ဖရန်စစ်မှ ကာဒီနယ် တာ့ဂလယ်အား…

rvamyanmarJun 13, 20241 min read
အမေရိကား ကိုယ်တော်မြတ်ပွဲတော်ကြီးအတွက် ပုပ်ဖရန်စစ်မှ ကာဒီနယ် တာ့ဂလယ်အား အထူးသံတမန်အဖြစ်ခန့်အပ်

အမေရိကား ကိုယ်တော်မြတ်ပွဲတော်ကြီးအတွက် ပုပ်ဖရန်စစ်မှ ကာဒီနယ် တာ့ဂလယ်အား အထူးသံတမန်အဖြစ်ခန့်အပ်

အမေရိကား ကိုယ်တော်မြတ်ပွဲတော်ကြီးအတွက် ပုပ်ဖရန်စစ်မှ ကာဒီနယ် တာ့ဂလယ်အား…

rvamyanmarJun 13, 20241 min read

ထိန်းသိမ်းကြစေသဘာဝအမွေ

စိတ်ကျန်းမာရေး ကြိုတင်ကာကွယ်ပေးရအောင်

စိတ်ကျန်းမာရေး ကြိုတင်ကာကွယ်ပေးရအောင်

rvamyanmarApr 20, 20248 min read

စိတ်ကျန်းမာရေး ကြိုတင်ကာကွယ်ပေးရအောင် ထိန်းသိမ်းကြစေ သဘာဝအမွေ ဒီတစ်ပတ်…

လူသားကမ္ဘာကောင်းကျိုးဖြာ

ရဟန္တာဗင်းဆင်းဒီပေါလ်

ရဟန္တာဗင်းဆင်းဒီပေါလ်

rvamyanmarSep 26, 20231 min read

ဆင်းရဲသားတွေကိုအစေခံခြင်းဟာခရစ်တော်ဘုရားရှင်ကို အစေခံခြင်းပဲ ဖြစ်တယ်လို့ ရဟန္တာဗင်းဆင်းဒီပေါလ်ကဆိုပါတယ်။

သီရိဂေဟာ
တာထွက်ချိန်ချင်းမတူကြပါ

တာထွက်ချိန်ချင်းမတူကြပါ

rvamyanmarDec 27, 20232 min read

တာထွက်ချိန်ချင်းမတူကြပါ အိုဘားမားက အသက်၅၅နှစ်မှာ အနားယူတယ်။ ဒေါ်နယ်ထရမ့်ပ်က…

ပုပ်ရဟန်းမင်းကြီးဒေသနာတော်

Word of Light

Pope’s Message

Triple Dialogue

Saints and Hero

Family

News and Stories

Environmental Program