ဘုရားရှင်ကိုဗဟိုပြုသောလင်နဲ့မယား

အားလုံးပဲမင်္ဂလာပါရှင်အာဗီအေမြန်မာဘာသာအစီအစဥ်ကနေကြိုဆိုပါတယ်။ဗုဒ္ဓဟူးနေ့တိုင်းတင်ဆက်နေတဲ့သီရိဂေဟာအစီအစဥ်လေးရောက်ရှိလိုလာပါပြီ။ဒီနေ့တင်ဆက်ပေးမဲ့အကြောင်းအရာလေးကတော့ “ဘုရားရှင်ကိုဗဟိုပြုသောလင်နဲ့မယား “ ဆိုတဲ့ခေါင်းစဥ်လေးနဲ့တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဤအကြောင်းအရာလေးဟာစာရေးဆရာ-နီလာရိုင်းရဲ့(သက်ဆုံးတိုင်) စာအုပ်မှာကိုးကားဖော်ပြထားတာဖြစ်ပါတယ်ရှင်။သော်တရှင်များရှင်- လင်နဲ့မယားနှစ်ဦးစလုံးဟာမေတ္တာနှောင်ကြိုးနဲ့ရစ်ပတ်ထားတာဖြစ်ပါတယ်။သစ္စာနှောင်ကြိုးဖြင်းလည်းပေါင်းဖက်ထားတာဖြစ်ပါတယ်။ဒါကြောင့်လင်နဲ့မယားဆိုတာအတူနေမှာပြည့်စုံတာ။တနည်းအားဖြင့်ရွှေငွေစည်းစိမ်းတွေဘယ်လောက်ဘဲပြည့်စုံချမ်သားနေပါစေခင်ပွန်းမရှိတဲ့ဇနီးတစ်ယောက်နဲ့ဘ၀ဟာလုံခြုံမှုမရှိသလိုဇနီးမရှိတဲ့ခင်ပွန်းဘ၀ဟာလည်းအလားတူပါပဲ။မပြည့်စုံပါဘူး။ဒါအပြင်…

မိမိကိုယ့်ကိုချစ်ခြင်း

အားလုံးပဲမင်္ဂလာပါအာဗီအေမြန်မာဘာသာအစီအစဥ်ကနေကြိုဆိုပါတယ်။အားလုံးကိုပျော်ရွှင်သောနှစ်သစ်လေးဖြစ်ပါစေလိုနုတ်ဆက်လိုက်ပါတယ်။၂၀၂၁ခုနှစ်ရောက်လာပြီဆိုတော့ရည်မှန်းချက်အသစ်တွေ၊ပြောင်းလဲမှုအသစ်တွေ၊ချစ်ခြင်းမေတ္တာအသစ်တွေနဲ့နှစ်သစ်ကိုအစပြုကြရအောင်။ပြီးခဲ့တဲ့နှစ်မှာ မိမိကိုယ့်ကိုချစ်ဖို့၊ဂရုစိုက်ဖို့မေ့နေခဲ့မယ်ဆိုရင်လဲ အခုကစပြီးကျန်ရှိအချိန်ကာလေးကိုမိမိကိုယ့်ကိုပိုချစ်ကြစို့လားကွယ်။ဒီတစ်ပတ်အတွက်တင်ဆက်ပေးမယ့်အကြောင်းအရာလေးကလည်း“မိမိကိုယ့်ကိုချစ်ခြင်း” ဆိုတဲ့ခေါင်းစဥ်လေးနဲ့တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။ဤဆောင်းပါးလေးကိုစာရေးဆရာမာကု(ဒဿန)ရေးသားခဲ့သော(လှုပ်ခတ်နေသောရှင်သန်ခွင့်လေးများ )စာအုပ်မှ ကိုးကားထားတာဖြစ်ပါတယ်ရှင်။ချစ်ခြင်းကို…

လူငယ်များရဲ့အင်အား

အားလုံးပဲမင်္ဂလာပါအာဗီအေမြန်မာဘာသာအစီအစဥ်ကနေတဖန်ကြိုဆိုလိုက်ပါတယ်။ဒီတစ်ပတ်လူငယ်အစီအစဥ်ကို “လူငယ်များရဲ့အင်အား”ဆိုတဲ့ခေါင်းစဥ်လေးနဲ့ကျွန်မကနေတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။မိတ်ဆွေလူငယ်များတို့-ဤဆောင်းပါးလေးဟာစာရေးဆရာမောင်မင်းစိုးရဲ့လူငယ်နဲ့အရွေ့စာအုပ်ထဲကနေကောက်နုတ်တင်ပြထားတာဖြစ်ပါတယ်ရှင်။လူငယ်များရှင်-လူငယ်တွေရဲ့အင်အားများဟာတိုင်းပြည်အတွက်ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းကိုလျှောက်တဲအချိန်မှာအရမ်းကိုပဲအရေးကြီးပါတယ်။လူငယ်တွေစုပေါင်းပြီးလုပ်ဆောင်နေကြတဲ့အသင်းအဖွဲ့အစည်းတွေဟာယခုနှစ်ပိုင်းတွေမှာနေရာအသီးသီးမှာအဟုန်ပြင်းပြင်းနဲ့ချီတက်တိုးတက်လာနေတာကိုအားရစရာကောင်းအောင်တွေ့နေရတယ်အပြင်အောင်မြင်မှုတွေကိုလဲမြင်တွေ့နေရပါတယ်။ခုလိုချိန်မှာကမ္ဘာနိုင်ငံများနှင့်နေရာဒေသအသီးသီးမှာဖြစ်ပွားနေတဲ့ကမ္ဘာကပ်ရောဂါြဖစ်တဲ့ကိုးဗစ်19၊အတွက်ရှေ့တန်းကနေတိုက်ပွဲ၀င်နေကြတဲ့လူငယ်တွေရဲ့ကြိုးစားအားထုပ်မှုတွေ၊အနစ်နာခံတဲ့စိတ်ဓာတ်တွေ၊အများပြည်သူအတွက်၊မိမိရဲ့အသက်ကိုမငဲ့ကွက်ပဲလုပ်ဆောင်ပေးနေကြတဲ့၊လူငယ်မောင်မယ်တွေ၊ဆရာ၀န်တွေ၊ဆရာမတွေနဲ့တာ၀န်ရှိသက်ဆိုင်ရာအကြီးအကဲတွေအပြင်အဖွဲ့အစည်းအသီးသီးမှာလူငယ်မောင်မယ်စွမ်းအားရှင်တွေရဲ့ဆက်ကပ်ပေးဆပ်မှုတွေကိုကျွန်မတို့အားလုံးတွေ့မြင်နေတာအမှန်ပါပဲ။ပရဟိတလုပ်ငန်းတွေမှာအခုလိုထဲထဲ၀င်၀င်တာ၀န်သိသိနဲ့ပါ၀င်လာတာဟာပိုပြီးအားရစရာကောင်းလှပါတယ်။ဆက်လက်ပြီးတော့လည်းမိမိစွမ်းဆောင်နိုင်တဲ့ဘက်ကနေထမ်းဆောင်ကြဖို့တိုက်တွန်းအားပေးချင်ပါတယ်။လူငယ်တွေအနေနဲ့ခြေလှမ်းသွက်သွက်နဲ့မဆုတ်မနစ်တဲ့စိတ်ဓါတ်တွေနဲ့ရွက်လွှင့်နိုင်မယ်ဆိုရင်တော့မကြာတော့နဲ့အချိန်မှာတိုင်းပြည်ဟာလူလားမြောက်လာပါတော့မယ်။ခုလိုအချိန်မှာပွင့်လင်းမှုရောင်ခြည်သန်းလာပြီဆိုတော့ဒီလိုပရဟိတလုပ်ငန်းတွေမှာလူငယ်တွေဦးဆောင်ပြီးလုပ်ဆောင်နေခြင်းကိုမကူညီချင်နေပါ၊မနှောက်ယှက်ပါနဲ့လိုဆိုရမှာဘဲဖြစ်ပါတယ်။လူငယ်တွေရဲ့အဖွဲ့အစည်းတောက်ပြောင်လာဖို့အောင်မြင်လာဖို့အတွက်လူငယ်တွေအနေနဲ့လက်ကိုင်ထားသင့်တဲ့အချက်အလက်လေးတွေကိုအနည်းငယ်ပြောပြလိုပါတယ်။ဒီနည်းလမ်းအတိုင်းသွားမယ်ဆိုရင်အောင်မြင်တဲ့အသီးအပွင့်တွေရရှိလာမှာဖြစ်ပါတယ်။အချက်(၅)ချက်ရှိပါတယ်။ ဒီအချက်တွေဟာဘ၀မှာပိုမိုအောင်မြင်လာနိုင်ပါတယ်။ပထမဦးဆုံး(၁) အနေနဲ့ကတော့ ကိုယ်ကျင့်သီလပါပဲ-ကိုယ်ကျင့်သီလဆိုတာလူသားဖြစ်တည်မှုအတွက်အဓိကကျတဲ့လက်နက်တစ်ခုပါပဲ။အကျင့်သီလနဲ့ပြည်စုံတဲ့သူဟာအလိုလိုရဲ့ရင့်တယ်၊တက်ကြွတယ်၊သတ္တိရှိကြတယ်။ဒါကြောင့်ကိုယ်ကျင့်တရားကောင်းဖို့လိုအပ်ပါလိမ့်တယ်။ဒီတော့လူငယ်တွေအနေနဲ့မိမိကိုယ်တိုင်လုပ်ဆောင်နေတဲ့လုပ်ငန်းအသီးသီးမှာ အောင်မြင်မှု၊ကျော်ကြားမှု၊အများရဲ့ယုံကြည့်အားထားမှု၊လေးစားမှု၊ချစ်ခင်မှုတွေနဲ့အမှန်တကယ်တိုးတက်ချင်တယ်ဆိုရင်တော့ကိုယ်ကျင့်သီလနဲ့ပြည့်စုံဖို့လိုအပ်ပါတယ်။ဒါကြောင့်လူအဖွဲ့အစည်းကြီးတစ်ခုလုံးမှာလည်းဒီကိုယ်ကျင့်သီလဟာအရေးပါတဲ့အခြေခံအုတ်မြစ်ဖြစ်ပါတယ်။နံပါတ်(၂)အနေနဲ့ကတောနိုးကြားတက်ကြွမှုရှိခြင်းပါပဲ-ဒါဟာလည်းအောင်မြင်မှုအတွက်လိုက်နာရမဲ့ကျင့်စဥ်တစ်ခုဘဲဖြစ်ပါတယ်။ထိုင်နေလိုတော့ဘာမှာဖြစ်မလာဘူးဆိုတဲ့ဆိုရိုးစကားတစ်ခုလိုပေါ့။ကိုယ်ကျင့်တရားကောင်းရုံလောက်နဲ့လည်းမပြည့်စုံသေးပြန်ပါဘူး။မိမိရဲ့အဖွဲ့အစည်း၊မိမိရဲ့လုပ်ရပ်ထိပ်ကိုရောက်ချင်တယ်ဆိုရင်နိုကြားတက်ကြွမှုဆိုတာလည်းရှိနေဖို့လိုအပ်ပါတယ်။ဒီလိုတက်တက်ကြွကြွမခိုးမကပ်ပဲမိမိကိုယ်တိုင်ဦးဆောင်နိုင်မှာလည်းအောင်မြင်မှုသရဖူကိုဆောင်းနိုင်မှာဖြစ်ပါတယ်။လူငယ်ပီပီထုံထိုင်းမနေဘဲအမြဲစိတ်ပိုင်းဆိုင်ရာရော၊ရုပ်ပိုင်းဆိုင်ရာလန်းလန်းဆန်းဆန်းနဲ့နိုးကြားထကြွနေဖို့လိုပါတယ်။ဒါမှသာမိမိလျှောက်ချင်တဲ့ပန်းတိုင်ကိုခဏအတွင်းမှာအောင်မြင်မှုတွေတထွေးကြီးနဲ့ရောက်ရှိနိုင်မှာဖြစ်ပါတယ်။ချစ်သောလူငယ်များရှင်၊တွေးမနေ၊ငေးငိုင်မနေပဲမိမိတို့ရဲ့လုပ်ငန်းဆောင်တာတွေကိုလန်းဆန်းတက်ကြွမှုတွေနဲ့ဆန္ဒပြင်းပြစွာလျှောက်လှမ်းဖိုလည်းလိုအပ်ပါလိမ့်မယ်။နံပါတ်(၃)အနေနဲ့…

ကလေးတစ်ယောက်ရဲ့ လူမှုဝန်းကျင်မှာ ကျွမ်းကျင်တဲ့ ရင့်ကျက်မှုတွေနဲ့ ကျင်လည်နိုင်ဖို့

Matureဒီနေ့မှာ ကလေးတစ်ယောက်ရဲ့ လူမှုဝန်းကျင်မှာ ကျွမ်းကျင်တဲ့ ရင့်ကျက်မှုတွေနဲ့ ကျင်လည်နိုင်ဖို့…

စိတ်ဓာတ်ကျနေတဲ့အတွေးများ၀င်လာတဲ့အခါ

အားလုံးပဲမင်္ဂလာရှင် အာဗီအေမြန်မာဘာသာအစီအစဥ်ကနေကြိုဆိုပါတယ်ရှင်။ဒီတစ်ပတ်တင်ဆက်ပေးမဲ့ အကြောင်းအရာကတော့ “စိတ်ဓာတ်ကျနေတဲ့အတွေးများ၀င်လာတဲ့အခါ “ ဆိုတဲ့ခေါင်းစဥ်လေးနဲ့တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။…

ကလေးတယောက်ရဲ့ ဘဝ မွေးစကနေ တဖြည်းဖြည်းကွဲပြားတဲ့ပုံစံ တွေမှာ ဖခင်တယောက်ရဲ့ အရေးပါတဲ့ ပတ်သက်မှု

Significant             ဒီနေ့မှာ ကလေးတယောက်ရဲ့ ဘဝ မွေးစကနေ…

စိတ်ဓာတ်မကျပါနဲ့

အားလုံးဘဲမင်္ဂလာပါရှင် အာဗီအေမြန်မာဘာသာအစီအစဥ်နေကြိုဆိုပါတယ်။ဒီတစ်ပတ်တင်ဆက်ပေးမဲ့အကြာင်းအရာလေးကတော့ “စိတ်ဓာတ်မကျပါနဲ့ “ ဆိုတဲ့ခေါင်းစဥ်လေးနဲ့တင်ဆက်ပေးပါရစေ။ စိတ်ဓာတ်ကျနေတဲ့သော်တရှင်-လူငယ်မောင်မယ်များအတွက်ခွန်းအားတွေ၊စိတ်ကြံခိုင်မှုတွေရရှိပြီး၊အထောက်အကူတစ်စုံတစ်ခုရရှိ…