
မိဘကနေ သားသမီးဆီကို လွတ်လပ်မှုပေးခြင်း

Freedom for childrenဒီနေ့ တင်ပြပေးချင်တဲ့ အကြောင်းအရာကတော့ မိဘကနေ…

Freedom for childrenဒီနေ့ တင်ပြပေးချင်တဲ့ အကြောင်းအရာကတော့ မိဘကနေ…

အားလုံးဘဲမင်္ဂလာပါအာဗီအေမြန်မာဘာသာအစီအစဥ်ကနေကြိုဆိုပါတယ်။ဒီတစ်ပတ်ကျွန်မတင်ဆက်ပေးမဲ့အကြာင်းအရာလေးကတော့” အိမ်ထောင်ပြုခြင်းကိုမြှော်မှန်ခြင်း “ ဆိုတဲ့ခေါင်းစဥ်လေးနဲ့တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။ဤအကြောင်းအရာလေးဟာလူငယ်မောင်မယ်များအတွက်အထောက်အကူတစ်စုံတစ်ရာများရရှိလိမ့်မယ်၊အကျိုးဖြစ်လိမ့်မယ်လိုမျှော်လင့်ပါတယ်။သော်တရှင်များရှင်- လူတွေဟာအကြောင်းအမျိုးမျိုးကြောင့်လက်ထပ်ထိမ်းမြားခဲ့ကြတယ်။ဖြစ်တက်တဲ့အကြောင်းအရာတွေကတော့တချို့တွေကျတော့ကြိုက်နှစ်သက်လို၊ဒါမှမဟုတ်လဲမိဘပေးစားလို၊တကိုယ်တည်းနေရမှာမနှစ်မြို့လို၊အသက်ကြီးလာရင်အထီးကျန်နေမှာစို့လို၊ပြုစုစောင့်ရှောက်မဲ့သူမရှိမှာစို့လို့၊တချို့တွေကျတော့မိထွေးပထွေးတို့ကနှိပ်စက်လို၊တွက်ပေါက်တခုခုအနေနဲ့ယူဖြစ်သွားတာပါ။ဒါအပြင်စိတ်ဆင်းရဲမှုတခုခုကြောင်း၊ဒါမှမဟုတ်ရင်လဲပတ်၀န်းကျင်ကပြောလာတဲ့ကဲ့ရဲ့ခနဲတဲ့စကားတွေကြောင့်သည်းမခံနိုင်လိုတော့လိုစသည့်အကြောင်းအမျိုးမျိုးကြောင့်အိမ်ထောင်ပြုတဲ့သူတွေလည်းရှိပါတယ်။အထက်ကဖော်ပြထားတဲ့အကြောင်းအရာတခုခုကြောင့်အိမ်ထောင်ပြုခဲ့ကြတယ်၊မင်္ဂလာဆောင်ခဲ့ကြတယ်ဆိုရင်တော့အဲဒီဖြစ်လာမဲ့အိမ်ထောင်ရေးဟာသာယာပျော်ရွှင်တဲ့အိမ်ထောင်ရေးဖြစ်ဖို့သိပ်ပြီးအာမမခံနိုင်ပါဘူး။ဘာကြောင်းလဲဆိုရင်ဒီအချက်တွေဟာတစ်ဖက်သတ်တစ်ကိုယ်ကောင်းဆန်တဲ့ကိုယ်ဘက်ပဲကြည့်ပြီးတွက်တဲ့အတွက်ကြောင်းဖြစ်ပါတယ်။သာယာပျှော်ရွှင်တဲ့အိမ်ထောင်ရေးဖြစ်ဖို့ရန်အတွက်ကတော့ဇနီးမောင်နှံနှစ်ဦးတို့ဟာတစ်ဦးပေါ်တစ်ဦးဖြူစင်တဲ့ချစ်ခြင်းမေတ္တာတရားထားရှိရမှာဖြစ်ပါတယ်။တစ်ဦးနှင့်တစ်ဦးတစ်ကိုယ်ကောင်းမဆန်ဖို့၊သစ္စာရှိဖို့၊ကြင်နာခြင်းတွေ၊ညှာတာခြင်းတွေမွန်မြတ်တဲ့စိတ်သဘောထားရှိရမှာဖြစ်တဲ့အပြင်လူမှုရေး၊ပညာရေး၊စီပွားရေးနှင့်ဘာသာတရားတွေမှာလင်နဲ့မယားတူညီတဲ့စိတ်၀င်စားမှုတွေရှိရမှာဖြစ်ပါတယ်။အိမ်ထောင်ရေးမှာအအဓိကကျလှတဲ့စိတ်၀မ်းကွဲပြားမှုမရှိဖို့လဲလိုပါတယ်။ဒါကြောင့်စိတ်၀မ်းကွဲပြားမှုမရှိတဲ့အိမ်ထောင်ရေးမှာသာယာပျှော်ရွှင်ဖွယ်ကောင်းပါတယ်။တစ်ဦးနဲ့တစ်ဦးသံသရာစိတ်တွေနဲ့၊ယုံကြည်မှုကင်းမဲ့နေမယ်ဆိုရင်အဲဒီအိမ်ထောင်ရေးဟာရေရှည်တည်တံမြဲနိုင်မှာမဟုတ်ပါဘူး။အိမ်ထောင်ရေးမှာစစ်မှန်တဲ့မေတ္တာတရားစိတ်ရှိမယ်ဆိုရင်၊ကျင့်သုံးလိုက်နာမယ်ဆိုရင်မွန်မြတ်ပျှော်ရွှင်ဖွယ်ကောင်းတဲ့အသက်တာအဖြစ်သို့ပြောင်းလဲနိုင်ပါတယ်။ဒါကြောင့်မို့မိမိဟာအိမ်ထောင်ပြုတော့မယ်ဆိုရင်မိမိရဲ့ဘ၀အသက်တာတလျှောက်လုံးမှာပေါင်းသင်းရမဲ့ဘ၀ကြင်ဖေါ်ကို သတိ၀ိရိရဖြင့်ရွေးချယ်ဖို့အလွန်ကိုအရေးကြီးပါတယ်။ဘာကြောင်းလဲဆိုအချစ်မှာမျက်စိမရှိလိုဆိုရိုးစကားရှိတဲ့အတွက်ကြောင့်လူတစ်ယောက်ကိုချစ်မိသွားပြီးဆိုတာနဲ့ဘာတွေဘယ်လိုဖြစ်နေပါစေအရာတိုင်းကိုအကောင်းဘဲမြင်တက်ပြီးတော့အဆိုးကိုမမြင်တက်တော့ပါဘူး။ဘာကြောင်းလဲဆိုရင်ချစ်မိသွားလိုပေါ့။ချစ်တဲ့စိတ်လွန်းကဲ့နေတဲ့အချိန်အကောင်းကိုဘဲမြင်ပြီးအဆိုးကိုမမြင်တတ်တောလိုပါ။မိမိချစ်တဲ့သူတွေအပါ်မှာပတ်၀န်းကျင်ကအဆိုးမြင်၊မကောင်းပြောနေပါစေမိမိကိုယ်၌ကဘာပဲဖြစ်နေပါစေအကောင်းပဲမြင်တက်သူပါ။ဒီအချိန်မှာအလောတကြီးလက်ထပ်မယ့်၊အိမ်ထောင်ပြုမယ့်ဆိုရင်နောင်အခါမှာနောင်တတွေရပြီးတော့စိတ်ဆင်းရဲရခြင်းတွေနဲ့ကြုံရပါလိမ့်မယ်နော်။ဒါကြောင့်မို့လက်မထပ်ခင်အိမ်ထောင်မပြုခင်မှာတဦးနှင့်တဦးအဆိုးအကောင်း၊အားနည်းချက်၊အားသားချက်တွေကိုလက်ခံတက်ရန်နှင့်သိထားရန်လိုအပ်ပါတယ်။အချိန်ယူပြီးတော့မိမိလက်ထပ်မဲ့သူရဲ့မျိုးရိုး၊မိဘတွေ၊ပညာအရည်အချင်း၊အကျင့်စာရိတ္တနဲ့၀ါသနာတွေကိုလေ့လာသင်ယူဖို့လိုပါတယ်။အဲလိုသိထားမှာသာလျှင်ပေါင်းသင်းဆက်ဆံရေးမှာနောင်တွင်စိတ်ဆင်းရဲခြင်း၊နောင်တရခြင်းတွေဖြစ်လာတော့မှာမဟုတ်ပါဘူး။အိမ်ထောင်မပြုမီသတို့သားနဲ့သတိုးသမီးတို့ဟာနှစ်ဦးသဘောတူညီနှိုင်းထားရမဲ့အရာတွေကတော့ဘယ်လိုဘယ်ပုံနေထိုင်ကြမလဲ။(ဥမမာ)အိမ်ကိုဘယ်ပုံဆောက်ကြမလဲ၀ယ်ကြမလဲဆိုတာကအစပေါ့။ရရှိတဲ့၀င်ငွေများအပေါ်မှာလည်းဘယ်လိုအသုံပြုကြမလဲ၊ဘယ်လိုအကျိုးရှိအောင်သုံးကြမလဲဆိုတာတွေ၊ဘယ်လိုစုဆောင်းကြမလဲ၊တနေနေ့နေမကောင်းဖြစ်လာရင်သုံးဖို့အတွက်ဘယ်လိုစုဆောင်းကြမလဲဆိုတာတွေ၊ဒါအပြင်အိမ်ထောင်၀တ်စည်းေ၀ခြင်းစသည့်နှင့်အလှုဒါနပြုခြင်းတွေစသည့်တို့ကိုကြိုတင်စဥ်စားတိုင်ပင်ထားမယ်ဆိုရင်မိမိတို့ရဲ့အိမ်ထောင်ရေးဘ၀ခရီတစ်လျှောက်လုံးမှာဒုက္ခအခက်အခဲနှင့်ရင်ဆိုင်ရပင်မဲ့လည်းကြုတင်ပြင်ဆင်မှုတွေထားရှိပြီးဖြစ်တဲ့အတွက်ကြောင့်ပင်ပန်းဆင်းရဲခြင်းကိုခံနိုင်မှာဖြစ်ပါတယ်။တချို့ကြတော့ငယ်ရွယ်စဥ်ကတည်းကအိမ်ထောင်ပြုကြပါတယ်။သတိပြုရမှာကတော့…

Good dad to a sonဒီနေ့မှာ သားတစ်ယောက်အတွက်…

အားလုံးပဲမင်္ဂလာပါရှင်အာဗီအေမြန်မာဘာသာအစီအစဥ်ကနေကြိုဆိုလိုက်ပါတယ်။ဒီနေ့တင်ဆက်ပေးမဲ့အကြောင်းအရာလေးကတော့မိတ်ကောင်းဆွေကောင်း ဆိုတဲ့ခေါင်းစဥ်လေးနဲ့တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။သော်တရှင်မိတ်ဆွေအပေါင်းတို့ရှင်“ A Man is not…

ကလေးများကိုတန်ဖိုးထားကြပါ။#PopeFrancis (April 16, Twitter) ဒီကမ္ဘာပေါ်မှာ နည်းပညာပိုင်းအရမ်းကို ဖွံ့ဖြိုးတိုးတက်နေပေမဲ့…

အားလုံးပဲမင်္ဂလာပါရှင်အာဗီအေမြန်မာဘာသာအစီအစဥ်ကနေကြိုဆိုပါတယ်။ဗုဒ္ဓဟူးနေ့တိုင်းတင်ဆက်နေတဲ့သီရိဂေဟာအစီအစဥ်လေးရောက်ရှိလိုလာပါပြီ။ဒီနေ့တင်ဆက်ပေးမဲ့အကြောင်းအရာလေးကတော့ “ဘုရားရှင်ကိုဗဟိုပြုသောလင်နဲ့မယား “ ဆိုတဲ့ခေါင်းစဥ်လေးနဲ့တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဤအကြောင်းအရာလေးဟာစာရေးဆရာ-နီလာရိုင်းရဲ့(သက်ဆုံးတိုင်) စာအုပ်မှာကိုးကားဖော်ပြထားတာဖြစ်ပါတယ်ရှင်။သော်တရှင်များရှင်- လင်နဲ့မယားနှစ်ဦးစလုံးဟာမေတ္တာနှောင်ကြိုးနဲ့ရစ်ပတ်ထားတာဖြစ်ပါတယ်။သစ္စာနှောင်ကြိုးဖြင်းလည်းပေါင်းဖက်ထားတာဖြစ်ပါတယ်။ဒါကြောင့်လင်နဲ့မယားဆိုတာအတူနေမှာပြည့်စုံတာ။တနည်းအားဖြင့်ရွှေငွေစည်းစိမ်းတွေဘယ်လောက်ဘဲပြည့်စုံချမ်သားနေပါစေခင်ပွန်းမရှိတဲ့ဇနီးတစ်ယောက်နဲ့ဘ၀ဟာလုံခြုံမှုမရှိသလိုဇနီးမရှိတဲ့ခင်ပွန်းဘ၀ဟာလည်းအလားတူပါပဲ။မပြည့်စုံပါဘူး။ဒါအပြင်…


အားလုံးပဲမင်္ဂလာပါအာဗီအေမြန်မာဘာသာအစီအစဥ်ကနေကြိုဆိုပါတယ်။အားလုံးကိုပျော်ရွှင်သောနှစ်သစ်လေးဖြစ်ပါစေလိုနုတ်ဆက်လိုက်ပါတယ်။၂၀၂၁ခုနှစ်ရောက်လာပြီဆိုတော့ရည်မှန်းချက်အသစ်တွေ၊ပြောင်းလဲမှုအသစ်တွေ၊ချစ်ခြင်းမေတ္တာအသစ်တွေနဲ့နှစ်သစ်ကိုအစပြုကြရအောင်။ပြီးခဲ့တဲ့နှစ်မှာ မိမိကိုယ့်ကိုချစ်ဖို့၊ဂရုစိုက်ဖို့မေ့နေခဲ့မယ်ဆိုရင်လဲ အခုကစပြီးကျန်ရှိအချိန်ကာလေးကိုမိမိကိုယ့်ကိုပိုချစ်ကြစို့လားကွယ်။ဒီတစ်ပတ်အတွက်တင်ဆက်ပေးမယ့်အကြောင်းအရာလေးကလည်း“မိမိကိုယ့်ကိုချစ်ခြင်း” ဆိုတဲ့ခေါင်းစဥ်လေးနဲ့တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။ဤဆောင်းပါးလေးကိုစာရေးဆရာမာကု(ဒဿန)ရေးသားခဲ့သော(လှုပ်ခတ်နေသောရှင်သန်ခွင့်လေးများ )စာအုပ်မှ ကိုးကားထားတာဖြစ်ပါတယ်ရှင်။ချစ်ခြင်းကို…

Male and Female Friendဒီနေ့မှာ ယောကျ်ားလေးနဲ့ မိန်းကလေး…

အားလုံးပဲမင်္ဂလာပါအာဗီအေမြန်မာဘာသာအစီအစဥ်ကနေတဖန်ကြိုဆိုလိုက်ပါတယ်။ဒီတစ်ပတ်လူငယ်အစီအစဥ်ကို “လူငယ်များရဲ့အင်အား”ဆိုတဲ့ခေါင်းစဥ်လေးနဲ့ကျွန်မကနေတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။မိတ်ဆွေလူငယ်များတို့-ဤဆောင်းပါးလေးဟာစာရေးဆရာမောင်မင်းစိုးရဲ့လူငယ်နဲ့အရွေ့စာအုပ်ထဲကနေကောက်နုတ်တင်ပြထားတာဖြစ်ပါတယ်ရှင်။လူငယ်များရှင်-လူငယ်တွေရဲ့အင်အားများဟာတိုင်းပြည်အတွက်ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းကိုလျှောက်တဲအချိန်မှာအရမ်းကိုပဲအရေးကြီးပါတယ်။လူငယ်တွေစုပေါင်းပြီးလုပ်ဆောင်နေကြတဲ့အသင်းအဖွဲ့အစည်းတွေဟာယခုနှစ်ပိုင်းတွေမှာနေရာအသီးသီးမှာအဟုန်ပြင်းပြင်းနဲ့ချီတက်တိုးတက်လာနေတာကိုအားရစရာကောင်းအောင်တွေ့နေရတယ်အပြင်အောင်မြင်မှုတွေကိုလဲမြင်တွေ့နေရပါတယ်။ခုလိုချိန်မှာကမ္ဘာနိုင်ငံများနှင့်နေရာဒေသအသီးသီးမှာဖြစ်ပွားနေတဲ့ကမ္ဘာကပ်ရောဂါြဖစ်တဲ့ကိုးဗစ်19၊အတွက်ရှေ့တန်းကနေတိုက်ပွဲ၀င်နေကြတဲ့လူငယ်တွေရဲ့ကြိုးစားအားထုပ်မှုတွေ၊အနစ်နာခံတဲ့စိတ်ဓာတ်တွေ၊အများပြည်သူအတွက်၊မိမိရဲ့အသက်ကိုမငဲ့ကွက်ပဲလုပ်ဆောင်ပေးနေကြတဲ့၊လူငယ်မောင်မယ်တွေ၊ဆရာ၀န်တွေ၊ဆရာမတွေနဲ့တာ၀န်ရှိသက်ဆိုင်ရာအကြီးအကဲတွေအပြင်အဖွဲ့အစည်းအသီးသီးမှာလူငယ်မောင်မယ်စွမ်းအားရှင်တွေရဲ့ဆက်ကပ်ပေးဆပ်မှုတွေကိုကျွန်မတို့အားလုံးတွေ့မြင်နေတာအမှန်ပါပဲ။ပရဟိတလုပ်ငန်းတွေမှာအခုလိုထဲထဲ၀င်၀င်တာ၀န်သိသိနဲ့ပါ၀င်လာတာဟာပိုပြီးအားရစရာကောင်းလှပါတယ်။ဆက်လက်ပြီးတော့လည်းမိမိစွမ်းဆောင်နိုင်တဲ့ဘက်ကနေထမ်းဆောင်ကြဖို့တိုက်တွန်းအားပေးချင်ပါတယ်။လူငယ်တွေအနေနဲ့ခြေလှမ်းသွက်သွက်နဲ့မဆုတ်မနစ်တဲ့စိတ်ဓါတ်တွေနဲ့ရွက်လွှင့်နိုင်မယ်ဆိုရင်တော့မကြာတော့နဲ့အချိန်မှာတိုင်းပြည်ဟာလူလားမြောက်လာပါတော့မယ်။ခုလိုအချိန်မှာပွင့်လင်းမှုရောင်ခြည်သန်းလာပြီဆိုတော့ဒီလိုပရဟိတလုပ်ငန်းတွေမှာလူငယ်တွေဦးဆောင်ပြီးလုပ်ဆောင်နေခြင်းကိုမကူညီချင်နေပါ၊မနှောက်ယှက်ပါနဲ့လိုဆိုရမှာဘဲဖြစ်ပါတယ်။လူငယ်တွေရဲ့အဖွဲ့အစည်းတောက်ပြောင်လာဖို့အောင်မြင်လာဖို့အတွက်လူငယ်တွေအနေနဲ့လက်ကိုင်ထားသင့်တဲ့အချက်အလက်လေးတွေကိုအနည်းငယ်ပြောပြလိုပါတယ်။ဒီနည်းလမ်းအတိုင်းသွားမယ်ဆိုရင်အောင်မြင်တဲ့အသီးအပွင့်တွေရရှိလာမှာဖြစ်ပါတယ်။အချက်(၅)ချက်ရှိပါတယ်။ ဒီအချက်တွေဟာဘ၀မှာပိုမိုအောင်မြင်လာနိုင်ပါတယ်။ပထမဦးဆုံး(၁) အနေနဲ့ကတော့ ကိုယ်ကျင့်သီလပါပဲ-ကိုယ်ကျင့်သီလဆိုတာလူသားဖြစ်တည်မှုအတွက်အဓိကကျတဲ့လက်နက်တစ်ခုပါပဲ။အကျင့်သီလနဲ့ပြည်စုံတဲ့သူဟာအလိုလိုရဲ့ရင့်တယ်၊တက်ကြွတယ်၊သတ္တိရှိကြတယ်။ဒါကြောင့်ကိုယ်ကျင့်တရားကောင်းဖို့လိုအပ်ပါလိမ့်တယ်။ဒီတော့လူငယ်တွေအနေနဲ့မိမိကိုယ်တိုင်လုပ်ဆောင်နေတဲ့လုပ်ငန်းအသီးသီးမှာ အောင်မြင်မှု၊ကျော်ကြားမှု၊အများရဲ့ယုံကြည့်အားထားမှု၊လေးစားမှု၊ချစ်ခင်မှုတွေနဲ့အမှန်တကယ်တိုးတက်ချင်တယ်ဆိုရင်တော့ကိုယ်ကျင့်သီလနဲ့ပြည့်စုံဖို့လိုအပ်ပါတယ်။ဒါကြောင့်လူအဖွဲ့အစည်းကြီးတစ်ခုလုံးမှာလည်းဒီကိုယ်ကျင့်သီလဟာအရေးပါတဲ့အခြေခံအုတ်မြစ်ဖြစ်ပါတယ်။နံပါတ်(၂)အနေနဲ့ကတောနိုးကြားတက်ကြွမှုရှိခြင်းပါပဲ-ဒါဟာလည်းအောင်မြင်မှုအတွက်လိုက်နာရမဲ့ကျင့်စဥ်တစ်ခုဘဲဖြစ်ပါတယ်။ထိုင်နေလိုတော့ဘာမှာဖြစ်မလာဘူးဆိုတဲ့ဆိုရိုးစကားတစ်ခုလိုပေါ့။ကိုယ်ကျင့်တရားကောင်းရုံလောက်နဲ့လည်းမပြည့်စုံသေးပြန်ပါဘူး။မိမိရဲ့အဖွဲ့အစည်း၊မိမိရဲ့လုပ်ရပ်ထိပ်ကိုရောက်ချင်တယ်ဆိုရင်နိုကြားတက်ကြွမှုဆိုတာလည်းရှိနေဖို့လိုအပ်ပါတယ်။ဒီလိုတက်တက်ကြွကြွမခိုးမကပ်ပဲမိမိကိုယ်တိုင်ဦးဆောင်နိုင်မှာလည်းအောင်မြင်မှုသရဖူကိုဆောင်းနိုင်မှာဖြစ်ပါတယ်။လူငယ်ပီပီထုံထိုင်းမနေဘဲအမြဲစိတ်ပိုင်းဆိုင်ရာရော၊ရုပ်ပိုင်းဆိုင်ရာလန်းလန်းဆန်းဆန်းနဲ့နိုးကြားထကြွနေဖို့လိုပါတယ်။ဒါမှသာမိမိလျှောက်ချင်တဲ့ပန်းတိုင်ကိုခဏအတွင်းမှာအောင်မြင်မှုတွေတထွေးကြီးနဲ့ရောက်ရှိနိုင်မှာဖြစ်ပါတယ်။ချစ်သောလူငယ်များရှင်၊တွေးမနေ၊ငေးငိုင်မနေပဲမိမိတို့ရဲ့လုပ်ငန်းဆောင်တာတွေကိုလန်းဆန်းတက်ကြွမှုတွေနဲ့ဆန္ဒပြင်းပြစွာလျှောက်လှမ်းဖိုလည်းလိုအပ်ပါလိမ့်မယ်။နံပါတ်(၃)အနေနဲ့…