စိန့်ဂျိုးဇဖင်းဘခိတာ
စိန့်ဂျိုးဇဖင်းဘခိတာ စိန့်ဂျိုးဇဖင်းဘခိတာ St. Josepine Bakhita ဟာ…
သံတာအာဂါတား
ကာတားနီးယားမြို့ရဲ့ဓမ္မအာဇာနည်ဖြစ်သောစိန်အာဂါတားကို ၃-ရာစုဝန်းကျင်မှာ စစ္စလီမှာရှိတဲ့ထင်ရှားကျော်ကြားတဲ့မိသားစုက နေဖ ွားမြင်ခဲ့ပါတယ်။စိန်အာဂါတားဟာ ဘယ်လိုအခက်အခဲစုံမ်းနှောင့်ယှက်ခြင်းနဲ့ကြုံကြုံဘုရားသခင်ရဲ့…
အပ်ပျောက်ရင်ဆင်နဲ့ရှာ
အားလုံးပဲမင်္ဂလာပါ ဒီကနေ့လူသားကမ္ဘာကောင်းကျိုးဖာအစီအစဉ်တွက်အပ်ပျောက်ရင်ဆင်နဲ့ရှာဆိုတဲ့အကြောင်းအရာလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ဒီရှေးစကားလေးကို ငယ်စဉ်ထဲက ကြားဖူးနားဝရှိခဲ့တာကြာပါပြီ သို့သော်ငြား အဲဒီစကားကို…
ကိုယ့်ကိုယ်ကိုတိုက်ပါ
အားလုံးပဲမင်္ဂလာပါအခုချိန်ဟာနှစ်ကူးကာလဖြစ်တာကြောင့်ကိုယ့်ကိုယ်ကိုတိုက်ပါဆိုတဲ့အကြောင်းအရာလေးကိုတင်ဆက်ပေးလိုက်ပါတယ်။လူတစ်ယောက်အဖို့ကိုယ့်ရဲ့အနီးဆုံးရန်သူဟာကိုယ်ကိုယ်တိုင်ပဲလို့ဆိုရမှာပါ။တစ်ရက်မှာနှစ်ဆယ့်လေးနာရီလုံးလုံးကိုယ့်ကိုချစ်ပေးမယ့်သူမရှိသလိုမုန်းနေမယ့်သူလည်းမရှိပါဘူး။ဒီတော့တစ်ရက်မှာနှစ်ဆယ့်လေးနာရီလုံးလုံးအနီးကပ်ထက်ကြပ်မကွာဒုက္ခပေးနိုင်သူဟာကိုယ်ကိုယ်တိုင်ကလွဲပြီးဘယ်သူဖြစ်နိုင်တော့မှာလဲ။လူတိုင်းမှာစံကိုယ်စီရှိတယ်လို့ထင်ပါတယ်။ဒီလိုရုပ်ရည်မျိုးမှ၊ဒီလိုစိတ်သဘောထားမျိုးမှ၊ဒီလိုပိုင်ဆိုင်မှုမျိုးမှ၊ဒီလိုအပြုအမှုမျိုးမှ၊ဒီလိုမိသားစုနောက်ခံမျိုးမှဆိုပြီးကိုယ်နဲ့ဆက်ဆံရမယ့်သူများအပေါ်စံရွေးတတ်ကြပါတယ်။အဲဒီလိုပဲသူများတွေကလည်းသူတို့ရဲ့ကိုယ်ပိုင်စံပေတံနဲ့တိုင်းပြီးကိုယ့်ကိုရွေးချယ်ဆက်ဆံကြတာပါ။ကိုယ်စံနဲ့သူ့စံမကိုက်ညီကြရင်ပေါင်းလို့သင်းလို့အဆင်မပြေဖြစ်တတ်တာသဘာဝပါ။အဲဒီလိုပဲကိုယ့်စံနဲ့မကိုက်ညီတဲ့အပြုအမူမျိုးကိုကိုယ်ကိုတိုင်ကကျူးလွန်မိတဲ့အခါမျိုးကိုလူတိုင်းကြုံဖူးလို့လွယ်လွယ်နဲ့ခွင့်လွှတ်လိုက်ပြီးကိုယ့်ကိုယ်ကိုတော့သည်းခံပေါင်းသင်းတတ်ကြတာချည်းပါပဲ။လူတော်တော်များများကအဲဒီအနေအထားမျိုးကိုရောက်လာရင်အလွယ်ကူဆုံးဖြေရှင်းတဲ့နည်းကတော့ဆင်ခြေရှာတာပါ။ဒါပေမယ့်နဂိုမူလကိုယ်တိုင်သဘောကျရွေးချယ်ထားတဲ့စံနဲ့မကိုက်ညီတဲ့လူတေွကိုရင်ဆိုင်ရတဲ့အခါမှာတော့သူတို့ရဲ့ဆင်ခြေကိုလက်မခံနိုင်ဘဲဖြစ်တတ်ပါတယ်။ဒါကြောင့်တကယ့်တကယ်ကိုယ့်ကိုယ်ကိုယ်သစ္စာဖောက်ဖို့ဆိုတာသူများကိုသစ္စာဖောက်ဖို့ထက်လွယ်ကူနေတာကိုတွေ့ရမှာပါ။ကိုယ့်ကိုယ်ကိုကတိမတည်ဖို့ကလည်းသူများကိုပေးထားတဲ့ကတိဖျက်ရမှာထက်လွယ်နေတတ်ကြပါတယ်။တကယ်တော့ကိုယ့်ကိုယ်ကိုဘယ်လောက်အထိစံမမီပုဂ္ဂိုလ်ဖြစ်နေတယ်၊ကတိမတည်သူဖြစ်နေတယ်လို့သိနေတဲ့ခံစားမှုဟာကိုယ့်ကိုယ်ကိုအကြည်ညိုပျက်တဲ့ခံစားမှုကိုပဲမွေးဖွားပေးနိုင်ပါတယ်။
နှုတ်ကပတ်တော်လူ့ဇာတိအဖြစ်ယူရခြင်းရဲ့အနက်ရှိုင်းဆုံးအကြောင်းအရာများ
ဒီကနေ့မှာတော့ နှုတ်ကပတ်တော်လူ့ဇာတိအဖြစ်ယူရခြင်းရဲ့အနက်ရှိုင်းဆုံးအကြောင်းအရာများကိုတင်ဆက်ပေးထားပါတယ်။ဘုရားရဲ့သားတော်လူ့ဇာတိယူရခြင်းဟာခရစ်ယာန်ဘာသာယုံကြည်ကိုးကွယ်မှုမှာအဓိကအခြေခံကျတဲ့နက်နဲဖွယ်ရာအချက်ဖြစ်ပါတယ်။ဒါကြောင့်ဘုရားရဲ့သားတော်လူ့ဇာတိအဖြစ်ယူရခြင်းရဲ့အနက်ရှိုင်းဆုံးအကြောင်းအရင်းတွေကိုတင်ဆက်ပေးလိုက်ပါတယ်။ဘုရားရဲ့သားတော်လူ့ဇာတိအဖြစ်ယူရခြင်းဟာလူသားအားလုံးအတွက်အတုမရှိအတိုင်းထက်လွန်တဲ့ဘုရားသခင်ရဲ့ကောင်းမြတ်ခြင်းနဲ့ချစ်ခြင်းမေတ္တာနဲ့ရုပ်လုံးဖော်ဆောင်တဲ့အမှတ်လက္ခဏာပဲဖြစ်ပါတယ်။ဘုရားသခင်၏သားတော်လူ့ဇာတိအဖြစ်ယူရခြင်းသည်လူသားအားလုံးတို့အတွက်အတုမရှိ၊အတိုင်းထက်လွန်သော၊အဆုံးစွန်သောဘုရားသခင်၏ကောင်းမြတ်ခြင်းနှင့်ချစ်ခြင်းမေတ္တာ၏ရုပ်လုံးဖော်ဆောင်သောအမှတ်လက္ခဏာဖြစ်ပါသည်။ဘုရားသခင်သည်အစမူလကပင်ချစ်ခြင်းမေတ္တာ၊ကောင်းမြတ်ခြင်းနှင့်ပြည့်စုံပြီး၊၎င်းချစ်ခြင်း၊ကောင်းမြတ်ခြင်းတို့သည်မိမိတစ်ပါးတည်းသောသားတော်ကိုလောကထဲသို့စေလွှတ်ပြီးအသက်စွန့်သည့်တိုင်အောင်လူသားအားလုံးကိုရွေးနှုတ်ကယ်တင်လိုက်ခြင်းဖြင့်ဖော်ပြခြင်းဖြစ်ပါသည်။ချစ်ခြင်း၊ကောင်းမြတ်ခြင်းဆိုသည့်အဓိပ္ပါယ်မှာမိမိ၏တစ်ပါးတည်းသောသားတော်ကိုလောကသားအားလုံးအတွက်ပေးလှူခြင်းဖြစ်ပါသည်။ဘုရားသခင်သည်မိမိဖန်ဆင်းသောအရာအားလုံးနှင့်အဆက်အသွယ်ပြုခြင်းဖြင့်မိမိကောင်းမြတ်ခြင်းကိုဖော်ထုတ်ပြခြင်းပဲဖြစ်ပါသည်။ဘုရားသခင်၌အတိတ်၊အနာဂတ်စသောအချိန်ဟူ၍မရှိပေ။ဘုရားသခင်သည်အချိန်၏ကန့်သတ်မှုအောက်၌မတည်ရှိပေ။သို့သောဘုရားသခင်လူ့အဖြစ်ယူခြင်းသည်အချိန်အခါ၊နေရာတစ်ခုဖြစ်ပါသည်။ဘုရား၏သားတော်လူ့အဖြစ်ယူခြင်းသည်အင်အားချည့်နဲ့သောလူသား၏သဘောသဘာဝကိုမျှဝေ၊ယူတင်ဝတ်ဆောင်ခြင်းဖြစ်သည်။ဤအရာသည်ကားကြီးမားလှသောဘုရားသခင်၏ချစ်ခြင်းမေတ္တာဖြစ်သည်။ဘုရားသခင်လူ့အဖြစ်ယူခြင်းသည်အစဉ်ထာဝရတည်တံ့သည့်ဘုရားအဖြစ်တော်ကိုပြောင်းလဲသွားမည်မဟုတ်ပေ။ဘုရားသခင်၏သားတော်လူ့ဇာတိအဖြစ်ယူရခြင်းသည်ချို့ယွင်းချက်မရှိလူသားမျိုးနွယ်အားလုံးကိုအပြစ်မှပြန်လည်ရွေးနှုတ်ခြင်းဖြစ်ပါသည်။သခင်ခရစ်တော်သည်မိမိကိုယ်ကိုနှိမ့်ချခြင်းဖြင့်ကြောက်မက်ဖွယ်ကောင်းသောထာဝရပျက်စီးခြင်းအခြေအနေမှကျွန်ုပ်တို့ကိုကယ်တင်ခဲ့သည်။အပြစ်တရားသည်ဘုရားနှင့်လူသားကြားတံတိုင်းကြီးသဖွယ်ကာရံထားပြီးစကြဝဠာကိုလည်းကစဉ့်ကလျားဖြစ်စေသည်။သို့ပင်ငြားလည်းဘုရားသခင်သည်ကျွန်ုပ်တို့၏အပြစ်များအတွက်အပြစ်ဖြေရာယဇ်ကောင်အဖြစ်စေလွှတ်တော်မူခဲ့ခြင်းဖြစ်သည်။နှုတ်ကပါတ်တော်လူ့အဖြစ်ယူခြင်းသည်အပြစ်တရား၏အကျိုးဆက်ဖြစ်သောဝမ်းနည်းကြေကွဲခြင်း၊ကျေးကျွန်ဘဝမှလွတ်မြောက်ရန်နှင့်ကျွန်ုပ်တို့၏အပြစ်အနာအဆာများကိုကုသဖို့ရန်ဖြစ်ပါသည်။သခင်ခရစ်တော်ဤလောကသို့ကြွလာခြင်းသည်အပြစ်ရင်းကြောင့်လူသားမျိုးနွယ်တစ်ရပ်လုံးခံစားနေရသောဒုက္ခများကိုယူဆောင်သွားခြင်းဖြစ်သည်ဟုသံသောမတ်စ်အကွိုင်းနက်ကဆိုခဲ့သည်။အပြစ်ကျေးကျွန်ဘဝ၌နစ်မွန်းနေသောလူသားအားလုံးကိုရွေးနှုတ်ခြင်းသည်လူ့ဇာတိအဖြစ်ယူရခြင်း၏အဓိကအခြေခံကျသောရည်ရွယ်ချက်ဖြစ်ပြီးဘုရားသခင်နှင့်အတူဘုန်းတော်ပြန်လည်ဝင်စားရခြင်းသည်လည်းအဆုံးစွန်သောရည်ရွယ်ချက်ဖြစ်သည်။ဘုရားသခင်၏သားတော်လူ့ဇာတိအဖြစ်ယူရခြင်း၏အကြောင်းရင်းသည်မကြာခဏကျဆုံးတတ်သောလူသားတို့သည်မိမိကိုယ်ကိုမကယ်တင်နိုင်ခြင်းကြောင့်ဖြစ်သည်။ဘုရားသခင်၏သားတော်လူ့ဇာတိအဖြစ်ယူရခြင်း၏အကြောင်းရင်းသည်လူသားတို့ဆုံးရှုံးခဲ့ရသောကျေးဇူးတော်အခြေအနေမှတစ်ဖန်ကျေးဇူးတော်ပြန်လည်ရရန်အတွက်မိမိတစ်ပါးတည်းသောသားတော်၏သွေးသွန်းအသေခံခြင်းအားဖြင့်အသင့်လျော်ဆုံးသောအရာဖြစ်သည်။ဘုရားသခင်သည်မကောင်းသောအရာများကိုအလိုမရှိပေ။သို့သောမကောင်းသောအရာများကိုခွင့်ပြုသည်။အကြောင်းမူကားပို၍ကောင်းမြတ်သောအရာများကိုရရှိဖို့ရန်အတွက်ဖြစ်သည်။အပြစ်ကျူးလွန်မှုတိုးပွားစေခြင်းငှါပညတ်တရားရောက်လာခဲ့၏။သို့သော်အပြစ်ဒုစရိုက်တိုးပွားသည့်အရပ်၌ကျေးဇူးတော်သည်ပို၍ကြွယ်ဝလေ၏။ဘုရားသခင်၏သားတော်လူ့ဇာတိအဖြစ်ယူရခြင်း၏အကြောင်းရင်းသည်လူသားတိုင်းမဖြစ်မနေကြုံတွေ့နေရသောဆင်းရဲဒုက္ခများကိုမျှဝေခံထမ်းဖို့ဖြစ်ပါသည်။ဆင်းရဲဒုက္ခသည်တစ်လောကလုံးအတွက်ဖြစ်ရပ်ဆန်းတစ်ခုဖြစ်ပါသည်။နာကျင်မှု၊ကိုယ်ခန္ဓာ၊စိတ်ထိတ်လန့်မှု၊သေခြင်း၊ဆာလောင်ခြင်းစသောအရာများသည်အာဒံနှင့်ဧဝတို့၏မနာခံမှုအကျိုးဆက်ကြောင့်ဖြစ်သည်။ငါတို့၏ကယ်တင်ခြင်းအတွက်သခင်ခရစ်တော်သည်ဒုက္ခခံတော်မူ၏။လူတစ်ယောက်သောသူတည်းဟူသောသခင်ခရစ်တော်၏အကျိုးတို့သည်လူများအတွက်ပို၍ကြွယ်ဝပြည့်စုံတော်မူ၏။ဘုရားသခင်၏သားတော်လူ့ဇာတိအဖြစ်ယူရခြင်းသည်ကျွန်ုပ်တို့အားလုံးဘုရားသခင်၏အဖြစ်တော်၌ပါဝင်ခံစားရန်နှင့်သန့်ရှင်းမြင့်မြတ်ခြင်း၌ကျွန်ုပ်တို့၏စံပြုထိုက်သူဖြစ်သည်။ဥပမာ-ယေဇူးကငါသည်လမ်းခရီးဖြစ်၏သမ္မာတရားလည်းဖြစ်၏။အသက်လည်းဖြစ်၏။ငါ့ကိုအမှီမပြုဘဲမည်သူမျှခမည်းတော်ထံသို့မလာနိုင်။နှုတ်တော်ထွက်စကားဇာတိအဖြစ်ယူရခြင်းသည်ကျွန်ုပ်တို့ကိုသန့်ရှင်းမြင့်မြတ်သောဘုရားသခင်အဖြစ်တော်၌ပါဝင်စေရန်နှင့်ဘုရားသခင်၏သားသမီးအဖြစ်သို့တင်မြှောက်ခြင်းပင်ဖြစ်ပါကြောင်းတင်ဆက်ပေးလိုက်ပါတယ်။
သူငယ်တော်ယေဇူးလေးမွေးဖွားသန့်စင်ခဲ့တဲ့နွားတင်းကုပ်လေးစတင်ခဲ့ခြင်းအကြောင်း
ဒီကနေ့လူသားးကမ္ဘာကောင်းကျိုးဖြာအစီအစဉ်တွက်သူငယ်တော်ယေဇူးလေးမွေးဖွားသန့်စင်ခဲ့တဲ့နွားတင်းကုပ်လေးတွေကိုဘယ်သူကစတင်ပြုလုပ်ခဲ့ပြီးဘယ်လိုရည်ရွယ်ချက်လေးနဲ့ပြုလုပ်ခဲ့တယ်ဆိုတဲ့အကြောင်းအရာလေးကိုတင်ဆက်ပေးထားပါတယ်။ကမ္ဘာအနှံနှံအပြားပြားမှာရှိတဲ့ကက်သလစ်ဘုရားကျောင်းအသီးသီးနဲ့တချို့အိမ်လေးတွေမှာခရစ္စမတ်အချိန်ခရစ်တော်ဖွားမြင်တော်မူခန်းကိုပြန်လည်အောက်မေ့သတိရစေဖို့နွားတင်ကုပ်လေးတွေကိုဖန်တီးတည်ဆောက်ကြပါတယ်။အဲဒီနွားတင်းကုပ်လေးတွေထဲမှာဆင်းတုတော်လေးတွေပုံတော်လေးတွေထည့်ပြီးခရစ်တော်ဖွားမြင်တော်မူခန်းကိုပုံဖော်ကြပါတယ်။နွားတင်းကုပ်လေးတွေရဲ့မူလအစတီထွင်သူကတော့အီတလီနိုင်ငံသားဖရန်စစ်အစီစီပဲဖြစ်ပါတယ်။ခရစ်တော်ဘုရားရှင်ရဲ့နွားစားခွက်တွင်းဘဝကိုကွတ်ကွတ်ကွင်းကွင်းမြင်ယောင်စေဖို့ရန်အတွက်နှင့်ခရစ်တော်ဘုရားရှင်ရဲ့နှိမ့်ချစွာလူ့အဖြစ်ယူခြင်းကိုအတုယူစေဖို့ရန်အတွက်နွားတင်းကုပ်လေးတွေကိုစတင်ဖန်တီးခဲ့တာဖြစ်ပါတယ်။ဒီလိုနဲ့ခရစ်တော်ဘုရားရှင်ရဲ့ဖွားမြင်တော်မူခြင်းပုံစံနွားတင်းကုပ်လေးကိုလူတိုင်းနှစ်သက်မြတ်နိုးကြပြီးနွားတင်းကုပ်ပုံစံငယ်လေးတွေလုပ်တဲ့ဓလေ့ထုံတမ်းဟာကမ္ဘာအနှံအပြားပျံ့နှံသွားခဲ့ပါတယ်။ကျွန်မတို့အသီးသီးဟာခရစ္စမတ်အချိန်ရောက်တိုင်းနွားတင်းကုပ်လေးတွေတည်ဆောက်ဖို့မမေ့ကြသလိုနွားတင်းကုပ်လေးတည်ဆောက်ခြင်းရဲ့နောက်ကွယ်မှာရှိတဲ့နှိမ့်ချခြင်းပါရမီကိုလဲမမေ့သင့်ပါဘူး။
အာဒ်ဝင်တူး-ခရစ္စမတ်အချိန်ကာလနဲ့သားတော်ဘုရားလူ့အဖြစ်ယူခြင်းအကြောင်း
ဒီကနေ့မှာတော့ အာဒ်ဝင်တူး-ခရစ္စမတ်အချိန်ကာလနဲ့သားတော်ဘုရားလူ့အဖြစ်ယူခြင်းအကြောင်းကိုတင်ဆက်ပေးထားပါတယ်။
မိမိနိုင်ငံကိုချစ်ပါ မိမိတိုင်းပြည်ရဲ့မျက်နှာကိုပဲကြည့်ပါ
ဘယ်သူ့မျက်နှာကိုကြည့်မလဲလို့မေးလာတဲ့လူများရှိခဲ့ရင်အင်မတန်တိုတောင်းထိရောက်ပြီးအဓိပ္ပါယ်ရှိတဲ့အဖြေတစ်ခုကိုပဲပေးချင်ပါတယ်။တိုင်းပြည်မျက်နှာကိုပဲကြည့်ပါလို့ပါပဲ။ဟုတ်ပါတယ် ဘယ်နိုင်ငံဘယ်လူမျိုးမဆိုသူတို့လေးစားတန်ဘိုးထားဆုံးအရာဟာသူတို့တိုင်းပြည်ပဲဖြစ်ပါလိမ့်မယ်။အဲဒါကနံပါတ်တစ်ဖြစ်ပြီးအဲဒီနံပါတ်တစ်ရဲ့နောက်မှာမှနံပါတ်နှစ်၊နံပါတ်သုံး၊နံပါတ်လေးကိစ္စတွေကတန်းစီပြီးလိုက်လာပါလိမ့်မယ်။ကိုယ်ကျိုးတစ်ခုတည်းကိုပဲကြည့်တာ၊အဲဒီကိုယ်ကျိုးနဲ့ယှက်နွယ်ပါဝင်လာတဲ့ကိစ္စအသေးလေးတွေကိုပဲကြည့်တာဟာနောင်တစ်ချိန်မှာအင်မတန်အန္တရာယ်များတတ်ပါတယ်။လူတစ်ဦး၊လူတစ်စုမဟုတ်တာလုပ်ခဲ့တဲ့အတွက်မဝေးကွာလှတဲ့အနာဂတ်မှာလူမျိုးပျောက်မတတ်၊တိုင်းပြည်ပျောက်မတတ်ဖြစ်ခဲ့ရတဲ့တိုင်းနိုင်ငံတော်တော်များများကိုသမိုင်းဟောင်းတွေမှာရာ၊သမိုင်းသစ်တွေမှာပါ တွေ့ရပါလိမ့်မယ်။
စိန့်စီစီလျား St. Cecilia (နိုဝင်ဘာလ ၂၂)
စိန့်စီစီလျား St. Cecilia (နိုဝင်ဘာလ ၂၂) စိန့်စီစီလျားသည် ဂီတသမားများ…