
ဖာသာရ် Augustine တင်မောင်ထွန်း (မန္တလေး) ၂၆ ကြိမ်မြောက်သာမန်ကာလ တနင်္ဂနွေနေ့ဩဝါဒ ၂၉၊ ၉၊ ၂၀၂၄

ရှင်ဗင်းဆင်းဒီပေါလ် အကြောင်းကို တင်ဆက်ပေးထာပါတယ်

ဆင်းရဲသားများကိုအစေခံခြင်းဟာခရစ်တော်ဘုရားရှင်ကိုအစေခံခြင်းဖြစ်ပါတယ်လို့ဗင်းဆင်းဆိုသူကက်သလစ်ရဟန်းတော်တစ်ပါးကဆိုခဲ့ပါတယ်။သူဆိုခဲ့တဲ့အတိုင်းပဲသူ့ရဲ့ဘဝတစ်လျောက်လုံးမှာလည်းဆင်းရဲသားများရဲ့ဘဝများအတွက်အသက်ရှင်ပေးဆပ်ခဲ့ပါတယ်။ဗင်းဆင်းဆိုခဲ့သလိုဆင်းရဲသားများအားအစေခံခြင်းဟာမိမိတို့ကိုးကွယ်ယုံကြည်ရာဘုရားရှင်ရဲ့ဆုံးမ သွန်သင်ချက်တွေနဲ့တရားတော်တွေကိုလိုက်နာကျင့်ကြံခြင်းဖြစ်ပါတယ်လို့အာဗီအေကိုကြည့်ရှု့အားပေးနားသောတဆင်နေကြသောအမိအဖညီအစ်ကိုမောင်နှမများအတွက်သတင်းကောင်းပါးချင်ပါတယ်။ဗင်းဆင်းကို၁၅၈၀ခုနှစ်မှာပြင်သစ်ပြည်တောင်ပိုင်းကရွာလေးတစ်ရွာမှာဆင်းရဲသားလယ်သမားမိသားစုမှမွေးဖွားခဲ့ပါတယ်။မွေးချင်း(၇)ယောက်ထဲမှာဗင်းဆင်းဟာ တတိယမြောက်သားဖြစ်ပါတယ်။ဗင်းဆင်းကိုမိဘတွေကရဟန်းတစ်ပါးဖြစ်စေလိုတဲ့အတွက်ပညာသင်ကြားနိုင်ဖို့လယ်ယာမှာအသုံးပြုနေတဲ့နွားတွေကိုရောင်းပြီးပညာသင်ပေးခဲ့ကြပါတယ်။ဆင်းရဲကြတဲ့အတွက်အခက်အခဲမျိုးစုံရှိပေမဲ့ရဟန်းတစ်ပါးဖြစ်နိုင်ဖို့မိဘတွေကအမြဲအားပေးခဲ့ကြပါတယ်။၁၆၀၀ခုနှစ်စက်တင်ဘာလ၂၃ရက်နေ့အသက် (၂၀)အရွယ်မှာပဲရဟန်းသိက္ခာခံယူခဲ့ပါတယ်။ရဟန်းတော်ဗင်းဆင်းဟာရည်မှန်းချက်ကြီးမားသူဖြစ်ပါတယ်။ငယ်ရွယ်သူတို့သဘာဝအရကြွယ်ဝချမ်းသာမှုကိုလဲလိုချင်ခဲ့ပါတယ်။ရဟန်းခံယူပြီးတဲ့နောက်ချမ်းသာတဲ့သူတွေသာတတ်နိုင်တဲ့ကျောင်းတစ်ကျောင်းမှာညွန်ကြားရေးမှုးတစ်ဉီးအဖြစ်တာဝန်ပေးအပ်ခံခဲ့ရပါတယ်။အဲဒီနောက်ပြင်သစ်ပြည်မှာချမ်းသာတဲ့ကျောင်းသား တွေကိုပဲစာသင်ကြားပေးခဲ့ရပါတယ်။ငယ်ရွယ်စဉ်မှာပဲပြင်သစ်ပြည်တစ်လျောက်သဘေ္်ာနဲ့ခရီးသွားစဉ်တူရကီပင်လယ်ဓားပြတွေနဲ့ကြုံတွေ့ပြီးဗင်းဆင်းနဲ့အတူခရီးသည်တွေကိုဖမ်းကာတခြားလူမျိုးခြားတွေထံကျွန်အဖြစ်ရောင်းစားခဲ့ကြပါတယ်။ဗင်းဆင်းဟာမွတ်ဆလင်တံငါသည်တစ်ဉီးဆီမှာကျွန်အဖြစ်ရောင်းစားခြင်းခံခဲ့ရပါတယ်။ဗင်းဆင်းဟာပင်လယ်ပြင်မှာ သူ့သခင်လိုက်ရပါတယ်လိုက်တိုင်းလှိုင်းမူးတတ်တာကြောင့်သူ့ရဲ့သခင်ကတခြားတစ်ယောက်ထံသူ့ကိုရောင်းစားလိုက်ပါတယ်။ဗင်းဆင်းရဲ့ကံကြမ္မာဘယ်လောက်ဆိုးလိုက်ပါသလဲ။ဒါပေမဲ့ဗင်းဆင်းကတော့စိတ်မပျက်ပါဘူး။နောက်ထပ်သူ့ရဲ့သခင်ဟာမြေပိုင်ရှင်တစ်ဉီးပါ။သူကဗင်းဆင်းကိုအလင်းရောင်မရှိတဲ့ညစ်ပတ်နံစော်နေတဲ့တဲထဲမှာထားပြီးနေ့စဉ်ကျောက်မြေတွေကို…
ဖာသာရ် Augustine တင်မောင်ထွန်း (မန္တလေး) ၂၅ ကြိမ်မြောက်သာမန်ကာလ တနင်္ဂနွေနေ့ဩဝါဒ ၂၂၊ ၉၊ ၂၀၂၄

လာဆလက်မယ်တော်အကြောင်းကိုတင်ဆက်ပေးထားပါတယ်

ဖာသာရ် Cyril Nay Myo Htet (SJ) ၂၄ ကြိမ်မြောက်သာမန်ကာလ အင်္ဂါနေ့ဩဝါဒ ၁၇၊ ၉၊ ၂၀၂၄

ဖာသာရ် Cyril Nay Myo Htet (SJ) ၂၄ ကြိမ်မြောက်သာမန်ကာလ တနင်္လာနေ့ဩဝါဒ ၁၆၊ ၉၊ ၂၀၂၄

ဖာသာရ် Augustine တင်မောင်ထွန်း (မန္တလေး) ၂၄ ကြိမ်မြောက်သာမန်ကာလ တနင်္ဂနွေနေ့ဩဝါဒ ၁၅၊ ၉၊ ၂၀၂၄

ဖာသာရ် Patrick Aye Shine Aung (မန္တလေး) ၂၃ ကြိမ်မြောက်သာမန်ကာလ စနေနေ့ဩဝါဒ ၁၄၊ ၉၊ ၂၀၂၄

ဖာသာရ် Joseph Zay yar Aung (မန္တလေး) ၂၃ ကြိမ်မြောက်သာမန်ကာလ သောကြားနေ့ဩဝါဒ ၁၃၊ ၉၊ ၂၀၂၄

