Myanmar RVA

Myanmar RVA

ဗာတီကန်စိန့်ပီတာဘာစီးလီကာဘုရားကျောင်းကြီး၌၀န်ထမ်းလျှောက်သူများ၌ တက်တူးနှင့်ကွင်း၊များတပ်ဆင်ထားသူများမဖြစ်ရ

ဗာတီကန်စိန့်ပီတာဘာစီးလီကာဘုရားကျောင်းကြီး၌၀န်ထမ်းလျှောက်သူများ၌ တက်တူးနှင့်ကွင်း၊များတပ်ဆင်ထားသူများမဖြစ်ရ လူမြင်သာသောခန္ဓာကိုယ်များ၌ တက်တူးများ၊ နှာကွင်း၊ နားကပ်၊ နားကွင်းများထိုးထားသူ၊ တပ်ထားသူများ၊ လက်ထပ်ခြင်းစက္ကရာမင်တူးမခံယူမီအတူနေထိုင်နေကြသောသူများအား ဗာတီကန်စိန့်ပီတာဘာစီးလီကာဘုရားရှိခိုးကျောင်း၏၀န်ထမ်းများအဖြစ်လျှောက်လာပါကလက်ခံစဉ်းစားမည်မဟုတ်ဟုဆိုသည်။ ဤသတ်မှတ်ချက်များသည် စည်းကမ်းချက်သစ်များအနက်အချို့သောအချက်အလက်များဖြစ်သည်။ အဆို ပါ၀န်ထမ်းများသည် စိန့်ဘာစီးလီကာဘုရားရှိခိုးကျောင်းအားပြုပြင်ထိန်းသိမ်းရသောတာ၀န်ကိုထမ်းဆောင်ရသူများဖြစ်သည်။ ဗာတီကန်အတွင်းအမှုထမ်းနေသော၀န်ထမ်း (၃၀၀၀) အနက် (၁၂၀) ဦးမှာဘာစီးလီကာဘုရားရှိခိုးကျောင်း၌ထမ်းဆောင်ကြရသည်။ ဤသတ်မှတ်ပြဌာန်းချက်အသစ်များကို လာမည့် (၂၀၂၅) ဂျူဗလီပွဲတော်ကြီးမကျင်းပမီ၌ ကြိုတင်၍ ဇွန်လ (၂၉) ရက်၊ စိန့်ပီတာနှင့်စိန့်ပေါလ်တို့၏ပွဲနေ့ ၌တရား၀င်ချပြ၍ပြဌာန်းလိုက်ခြင်းဖြစ်သည်။ ဤပြဌာန်းချက်အသစ်သည် စိန့်ပီတာဘာစီးလီကာဘုရားရှိခိုးကျောင်းကြီး၌အမှုထမ်းနေသူတိုင်းနှင့်အကျုံး ၀င်သောကြေညာချက်ဖြစ်သည်။ ၀န်ထမ်းများ၌ လုံခြုံရေး၊ ကြေညာ ချက်စာများထုတ်ပြန်ခြင်း၊ ပန်းချီ၊ ပန်း ပုပညာရှင်များနှင့်ပြုပြင်ထိန်းသိမ်းရေးဆိုင်ရာ၀န်ထမ်းများဟူ၍အပိုင်းလိုက်ရှိသည်။လက်ထပ်ထိမ်းမြှားခြင်းစက္ကရာမင်တူးမခံယူမီ…

မြန်မာနိုင်ငံဆိုင်ရာ ဗာတီကန်သံရုံးတာ၀န်ခံ Msgr. Andrea Ferrante မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာသို့ ကြွရောက်

မြန်မာနိုင်ငံဆိုင်ရာ ဗာတီကန်သံရုံးတာ၀န်ခံ Msgr. Andrea Ferrante မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာသို့ ကြွရောက် ၇ ၊ ၇ ၊ ၂၀၂၄ ( တနင်္ဂနွေနေ့ ) မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာရှိသိုးစုထံသို့ ၊ မြန်မာနိုင်ငံဆိုင်ရာ ဗာတီကန်သံရုံးတာ၀န်ခံ Msgr. Andrea Ferrante ဟာ ဂျူလိုင်လ (၇) ရက်၊ တနင်္ဂနွေနေ့မှာ ကြွ​ေရာက်ခဲ့ပါတယ်။ အစီအစဉ္ကို နံနက် ( ၇း၀၀ ) နာရီ ကျေးဇူးတင်မစ္ဆားတော်မြတ်ဖြင့် မွန်ဆီညော် အန်ဒရေယာ ဖယ်ရဲန်းသယ် မှ ဉီးဆောင်ပူဇော်ခဲ့ပြီး…

(၁၄) နှစ်သာရှိသဘာ၀ပတ်၀န်းကျင်ထိန်းသိမ်းရေး၌တက်ကြွလှုပ်ရှားသူမှရဟန်းမင်းကြီးဖရန်စစ်ထံတောင်းဆိုချက်

(၁၄) နှစ်သာရှိသဘာ၀ပတ်၀န်းကျင်ထိန်းသိမ်းရေး၌တက်ကြွလှုပ်ရှားသူမှရဟန်းမင်းကြီးဖရန်စစ်ထံတောင်းဆိုချက် ဖရန်စစ္စကိုဗေးရာသည် သူ၏အသက် (၁၄) နှစ်နှင့်မမျှအောင် အတွေးအခေါ်နှင့်ဉာဏ်ရည်ဖွံ့ဖြိုးသော ထူးခြားသည့်ကလေးတစ်ဦးဖြစ်သည်။ သူ့အား ကိုလံဘီယာနိုင်ငံ၌မွေးဖွားခဲ့သည်။ သူသိတတ်စ အရွယ်မှစ၍ သူ၏အချိန်များကိုသဘာ၀ပတ်၀န်းကျင်ထိန်းသိမ်းရေးနှင့်ဆိုင်သောကိစ္စများ၌သာပါ၀င်ကူညီလုပ်ဆောင်လာခဲ့သူဖြစ်သည်ဟုဆိုသည်။ (၂၀၁၉) ခုနှစ်က အမေဇုံသစ်တော အကြီးအကျယ်နှင့်ဆိုး၀ါးစွာမီးလောင်ကျွမ်းခဲ့သည်။ ထိုစဉ်ကသူသည် (၉) နှစ်သားသာရှိသေးသည်။ သူသည် အမေဇုံသစ်တောအားကူညီရန် ကျောင်းမှသူ၏သူငယ်ချင်းများနှင့်ဆွေးနွေး၍ သဘာ၀ကိုထိန်းသိမ်းသောလှုပ်ရှားမှုတစ်ခုကိုစီစဉ်ခဲ့သည်။ ထိုလှုပ်ရှားမှုမှာခက် ခဲလှသည်မဟုတ်။ ၄င်းတို့၏လှုပ်ရှားမှုအကြောင်းကိုရှင်းပြ၍ သဘောတူပါက လက်မှတ်ရေးထိုးတောင်းဆိုသည့်လှုပ်ရှားမှုဖြစ်သည်။ ဤလှုပ်ရှားမှုသည် ‘Guardina for Life’ (အသက်ကိုစောင့်ရှောင်ခြင်း) ဟုအမည် ပေးထားသောလှုပ်ရှားမှုစတင်မွေးဖွားအသက်၀င်လာခဲ့ခြင်းဖြစ် သည်။ ဤလှုပ်ရှားမှုသည် ကလေး သူငယ်များအား…

ပုပ်ဖရန်စစ်စင်ကာပူသို့ရောက်ရှိစဉ်၌ သက်ကြီးရွယ်အိုစောင့်ရှောက်သည့်ဂေဟာနှင့်ကက်သလစ်ဂျူနီယာ‌ကောလိပ်သို့ကြွရောက်ကြည့်ရှုမည်

ပုပ်ဖရန်စစ်စင်ကာပူသို့ရောက်ရှိစဉ်၌ သက်ကြီးရွယ်အိုစောင့်ရှောက်သည့်ဂေဟာနှင့်ကက်သလစ်ဂျူနီယာ‌ကောလိပ်သို့ကြွရောက်ကြည့်ရှုမည် ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်သည် လာမည့်စက်တင်ဘာလ (၃ – ၁၃) အထိ (၁၀) ရက်ကြာတမန်တော်ခရီးပြုရန်စီစဉ်ထားပြီး တရား၀င်ထုတ်ပြန်ထားပြီးဖြစ်သည်။ ထိုတမန်တော်ခရီးကို ‘Asia-Pacific’ တမန်တော်ခရီးအဖြစ်ခေါင်းစဉ်တပ်ထားသည်။ အဘယ်ကြောင့်ဆိုသော် ရဟန်းမင်းကြီးသည် စက်တင်ဘာလ (၃ – ၆) အထိ အင်ဒိုနီးရှားနိုင်ငံ၊ စက်တင်ဘာလ (၆ – ၉) အထိ ပါပူအာနူးဂီနီ၊ စက်တင်ဘာလ (၉ – ၁၁) အထိ အရှေ့တီမောနှင့်စက်တင်ဘာလ (၁၁ – ၁၃) အထိ စင်ကာပူနိုင်ငံသို့ကြွရောက်မည်ဖြစ်သည်။ စက်တင်ဘာလ…