Myanmar RVA

Myanmar RVA

အပင်နဲ့ မြေဆီလွှာအတွက် အကောင်းဆုံး တိရစ္ဆာန်အညစ်အကြေး (၆) မျိုး

အပင်နဲ့ မြေဆီလွှာအတွက် အကောင်းဆုံး တိရစ္ဆာန်အညစ်အကြေး (၆) မျိုး သီးနှံပင်တွေစိုက်ပျိုးထုတ်လုပ်တဲ့အခါ မြေဆီလွှာနဲ့ အပင်တွေအတွက် လိုအပ်တဲ့သွင်းအားစုတွေကို ထည့်သွင်းပေးရပါတယ်။ အဲဒီလိုထည့်သွင်းရာမှာ ဓာတုမြေဩဇာတွေ ထည့်ပေးနိုင်သလို၊ သဘာဝမြေဩဇာတွေကိုလည်း ထည့်ပေးနိုင်ပါတယ်။ ဓာတုမြေဩဇာတွေအသုံးပြုခြင်းဟာ အာနိသင်ချက်ချင်းပြနိုင်ပြီး ခဏတာအတွက် အဆင်ပြေနိုင်ပေမဲ့ ရေရှည်မှာတော့ ပတ်ဝန်းကျင်ကို ထိခိုက်လာနိုင်ပါတယ်။ ဆိုတော့ မိတ်ဆွေက ဓာတုကိုမသုံးချင်တော့ဘူး။ သဘာဝမြေဩဇာကိုပဲ ရွေးချယ်အသုံးပြုမယ်ဆိုရင်တော့ ပတ်ဝန်းကျင်ကိုထိခိုက်မှုမရှိသလို အာဟာရဓာတ်တွေလည်း ပြည့်ဝစွာပါဝင်တဲ့ တိရစ္ဆာန်စွန့်ပစ်ပစ္စည်းတွေကို ရွေးချယ်အသုံးပြုသင့်ပါတယ်။  တိရစ္ဆာန်စွန့်ပစ်ပစ္စည်းတွေကို အခြေခံတဲ့ သဘာဝမြေဩဇာတွေဟာ ပတ်ဝန်းကျင်မှာရှိတဲ့ ရှေးအကျဆုံး သဘာဝမြေဩဇာတွေထဲက တစ်မျိုးလည်း…